သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး Microsoft company ကို တည်ထောင်ထားတဲ့ Bill Gate က သူဖြစ်တဲ့ စာအုပ်တွေကို recommand ပေးလေ့ရှိပါတယ်။အခုနှစ်အတွက် လည်း သူ့ရဲ့ summer reading book တွေကို ညွှန်းထားတဲ့အတွက် ဖတ်ချင်တဲ့ သူတွေအတွက် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။
၇။ Joshua Foer ရဲ့ Moonwalking with Einstein: The Art and Science of Remembering Everything
တကယ်လို့ သင်က skill အသစ်တစ်ခုကို သင်ယူတော့မယ်ဆိုရင် သင်ယူရတာထက် မှတ်သားရတာကို ပိုခက်ခဲမှာပါ။ စာရေးသူ Foer က မှတ်ဉာဏ်တွေရဲ့ အလုပ်လုပ်ပုံကို စိတ်ဝင်စားတဲ့ သိပ္ပံစာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ လူတွေဟာ မှတ်ဉာဏ်တွေကို ပြန်ပုံဖော်နိုင်စွမ်းတွေ ဘယ်လိုရရှိတာလဲဆိုပြီး စိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူက သင့်ကို US Memory Champion ဆိုတဲ့ ပြိုင်ပွဲကိုခေါ်သွားပြီး အဲ့ပြိုင်ပွဲမှာ နိုင်ဖို့ သူဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။
၈။ Andy Weir ရဲ့ The Martian
သရုပ်ဆောင် Matt Damon သရုပ်ဆောင်ထားတဲ့ The Martian ဆိုတဲ့ ဇာတ်လမ်းကို အားလုံးက မှတ်မိကြပါလိမ့်မယ်။အဲ့ဇာတ်ကားထဲမှာ Matt Damon က Mars ဂြိုလ်ပေါ်က ရုက္ခဗေဒပညာရှင်အဖြစ် သရုပ်ဆောင်ထားတဲ့အကြောင်း ဖြစ်ပါတယ်။ ဇာတ်ကားထဲက Matt Damon ရဲ့ အဖြစ်အပျက်လိုပဲ ကျွန်တော်တို့အားလုံးကလည်း Coronovirus အတွက် ဖော်ထုတ်မှုတွေကို ပြုလုပ်နေရပါတယ်။
၉။ Amor Towles ရဲ့ A Gentleman in Moscow
ဒီစာအုပ်ရဲ့ ဇာတ်ကောင်က အခုကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အခြေအနေနဲ့ တူတဲ့ အခြေအနေမှာ နေထိုင်ရပါတယ်။သူက သူနေထိုင်တဲ့ အဆောက်အဦးကို စွန့်ခွာလို့မရပါဘူး။ဒါပေမယ့် ရောဂါကြောင့် သူနေထိုင်တဲ့နေရာကို စွန့်ခွာလို့မရတာ မဟုတ်ပါဘူး။သူက ၁၉၂၂ တုန်းက ဟိုတယ်တစ်ခုမှာ အကျယ်ချုပ်ကျတဲ့သူဖြစ်ပါတယ်။အခု အခြေအနေတွေနဲ့ တူညီတဲ့စာအုပ်ကို ဖတ်ရတာ ပျော်စရာကောင်းမယ်ထင်တယ်လို့ Bill Gates က ပြောပါတယ်။
၁၀။ Graeme Simsion ရဲ့ The Rosie Project
Rosie novels တွေအားလုံးကို သူ့ကို ရယ်စေတယ်လို့ Bill Gates က ပြောပါတယ်။ဒီစာအုပ်က အကြောင်းအရာကတော့ လူတွေအမြင်မှာ အချိုးမပြေတဲ့ သူတစ်ယောက်ရဲ့ နှလုံးသားနဲ့ စိတ်ကို ဝင်ခံစားတဲ့အခါမှာ သူက တစ်ခြားသူတွေလိုပဲ မထူးခြားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ရေးထားတာဖြစ်ပါတယ်။
၁၁။Thi Bui ရဲ့ The Best We Could Do
Bill Gates က ဟာသစာအုပ်တွေ၊ပုံတွေ စုံစုံလင်လင်ပါတဲ့ Graphic စာအုပ်တွေကို ဖတ်လေ့ဖတ်ထ မရှိတဲ့ သူဖြစ်ပေမယ့် ဒီစာအုပ်ကိုတော့ သူသဘောကျကြောင်းပြောထားပါတယ်။Vietnam စစ်ပွဲကနေ လွတ်မြောက်လာတဲ့ မိဘနှစ်ပါးရဲ့ သမီးဖြစ်တဲ့ Thi Bui တစ်ယောက်က သူရဲ့ ဘဝဇာတ်ကြောင်းကို ရေးထားတာဖြစ်ပါတယ်။ မိဘဖြစ်ခြင်းနဲ့ ဒုက္ခသည်ဖြစ်ရခြင်းအကြောင်းကို အသေးစိတ်ရေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
၁၂။ Allie Brosh ရဲ့ Hyperbole and a Half: Unfortunate Situations, Flawed Coping Mechanisms, Mayhem, and Other Things That Happened
ဒီစာအုပ်ဟာ သုံးနာရီအတွင်းသင်ဖတ်လို့ ပြီးသွားနိုင်တဲ့ စာအုပ်မျိုးဖြစ်ပြီး စာရေးသူရဲ့ အရေးအသားတွေကြောင့် ပြီးသွားတာတောင် ထပ်ဖတ်ချင်တဲ့ စာအုပ်မျိုး ဖြစ်ပါတယ်။Bill Gates က ဒီစာအုပ်ထဲက ရီရတဲ့စာပိုဒ်လေးတွေကို သူအမျိုးသမီးကို ဖတ်ပြတဲ့ စာအုပ်ဖြစ်ပါတယ်။
၁၃။ Randall Munroe ရဲ့ What if?Serious Scientific Answers to Absurd Hypothetical Questions
NASA ရဲ့ အင်ဂျင်နီယာဟောင်းဖြစ်တဲ့ Randall Munroe က သိပ္ပံ သင်ခန်းစာတွေကို ရီရတဲ့ ဟာသအနေနဲ့ ရေးထားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။Bill Gates က စာရေးသူရဲ့ စာအုပ်တိုင်းကို ဖတ်ဖြစ်ပြီး နောက်ဆုံးထုတ်ထားတဲ့ စာအုပ်ကိုတောင် အချိန်ရရင် ဖတ်ချင်တယ်လို့ ဆိုထားပါတယ်။
Source: Goodread
New Day Jobs ဆိုတာ အလုပ်အကိုင်များစွာကို တစ်နေရာတည်းမှာ ရှာဖွေလျှောက်ထားနိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များကို လျှောက်ထားနိုင်လိုပါက New Day Jobs မှတဆင့် လျှောက်ထားနိုင်ပါတယ်။