သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး Microsoft company ကို တည်ထောင်ထားတဲ့ Bill Gate က သူဖြစ်တဲ့ စာအုပ်တွေကို recommand ပေးလေ့ရှိပါတယ်။အခုနှစ်အတွက် လည်း သူ့ရဲ့ summer reading book တွေကို ညွှန်းထားတဲ့အတွက် ဖတ်ချင်တဲ့ သူတွေအတွက် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။
၁။ Dr.Edith Eva Eger ရဲ့ The Choice:Embrace the Possible
ဒီစာအုပ်လေးမှာတော့ စာရေးသူက အမှတ်တရတွေနဲ့ စိတ်ဒဏ်ရာအကြောင်းကို ရေးထားတာဖြစ်ပါတယ်။Eger ဟာ Auschwitz ကို သူနဲ့ သူ့မိသားစု အပို့ခံရတုန်းက ၁၆ နှစ်ပဲရှိပါသေးတယ်။ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေကနေ လွတ်မြောက်ခဲ့တဲ့အချိန်မှာ သူဟာ အမေရိကန်မှာ နေထိုင်ခဲ့ပြီး ကုထုံးဆရာဝန်တစ်ယောက် ဖြစ်ခဲ့ပါတယ်။သူတွေ့ကြုံခံစားခဲ့တဲ့အရာတွေက သူရဲ့တွေးခေါ်ပုံတွေကို ထူးခြားစေပါတယ်။သူအကြံပေးချက်ကြောင့် လူများဟာ ခက်ခဲတဲ့အခြေအနေမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဒီစာအုပ်လေးကတစ်ဆင့် သိနိုင်ပါတယ်။
၂။ David Mitchell ရဲ့ Cloud Atlas
ဒီစာအုပ်ကတော့ ဖတ်ပြီးသွားရင်တောင် မကြာခဏ အများနဲ့ ဆွေးနွေးဖြစ်မယ့် စာအုပ်ဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုနဲ့တစ်ခုကြားက မတူညီတဲ့ ပုံပြင်အကြောင်းအရာတွေကြောင့် ဖတ်ရတာ နည်းနည်းခက်ခဲနိုင်ပါတယ်။ဒါပေမယ့် သင့်က လူအဖွဲ့အစည်းရဲ့ ကောင်းကွက် ဆိုးကွက်တွေအကြောင်းကို သိချင်တယ်ဆိုရင်တော့ ဒီစာအုပ်က အသင့်တော်ဆုံးပါပဲ။
၃။ Robert Iger ရဲ့ The Ride of a Lifetime: Lessons Learned from 15 years as CEO of the Walt Disney Company
ဒီစာအုပ်ကတော့ Bill Gate အနေနဲ့ ဖတ်ဖူးသမျှစီးပွားရေးဆိုင်ရာ စာအုပ်တွေထဲမှာ အကောင်းဆုံးတစ်ခုလို့ ပြောထားပါတယ်။စာရေးတဲ့သူက company ကြီးတစ်ခုရဲ့ CEO ဖြစ်ရတာက ဘာနဲ့တူလဲဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ ဖတ်ချင်တာပဲဖြစ်ဖြစ် အပျော်သဘောနဲ့ ဖတ်ချင်တာပဲ ဖြစ်ဖြစ် သမိုင်းမှာ အခက်အခဲဆုံးအချိန်မှာ Disney အပေါ်မှာ သူဘယ်လိုစီမံခဲ့လဲဆိုတဲ့အကြောင်းကို ရေးထားတာမို့ အားလုံးစိတ်ဝင်စားမှာ သေချာပါတယ်လို့ Bill Gate က ပြောထားပါတယ်။
၄။ John M.Barry ရဲ့ The Great influenza: The Epic Story of the Deadliest Plague in History
ကျွန်တော်တို့အားလုံးက အခုအချိန်မှာ မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာ နေထိုင်နေရပါတယ်။ဒါပေမယ့် သမိုင်းကြောင်းမှာ ဖြစ်ခဲ့တဲ့ ၁၉၁၈ တုန်းက တုတ်ကွေးကပ်ဘေးကြီးနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။ Barry က သင့်ကို လူသားတွေရဲ့ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကပ်ရောဂါဆိုးကြီးအကြောင်းကို ဒီစာအုပ်ထဲမှာ ပြောပြထားတယ်။၁၉၁၈ နဲ့ အခုအချိန်က အရမ်းကွာခြားနေပေမယ့်လည်း ယခုအချိန်မှာလည်း တူညီတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့အကြောင်းကို ရေးသားထားပါတယ်။
၅။ Adhijit V.Banerjee နဲ့ Esther Duflo ရဲ့ Good Economics for Hard Times: Better Answers to Our Biggest Problems
စာရေးသူနှစ်ယောက်လုံးက စီးပွားရေးသိပ္ပံဆိုင်ရာ နိုဗယ်ဆုကို မနှစ်က ရရှိထားတဲ့သူများ ဖြစ်ပြီး အတော်ဆုံး စီးပွားရေးကျွမ်းကျင်သူတွေလည်း ဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာ စီးပွားရေးနယ်ပယ်က မဟုတ်တဲ့ သူတွေတောင် ဖတ်လို့ရမယ့် အရေးအသားကို တွေ့နိုင်မှာဖြစ်ပါတယ်။ အမေရိကန်လို ချမ်းသာတဲ့နိုင်ငံတွေမှာ ဖြစ်နေတဲ့ နိုင်ငံရေးဆိုင်ရာ ငြင်းခုံမှုတွေကိ ုဦးတည်ထားပြီ နိုင်ငံရေးနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။
၆။ Andy Puddicombe ရဲ့ The Headspace Guide to Meditation & Mindfulness
Andy ရဲ့ စာအုပ်လေးကတော့ Bill Gate ကို အချိန်ရရင် ရသလို တရားထိုင်ဖို့ တိုက်တွန်းပေးနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်။Andy ဟာ တရားထိုင်ခြင်းနဲ့ ပတ်သတ်ပြီး နက်နဲတဲ့ အတွေးအခေါ်တွေကို သင်ပေးနေတဲ့ ဘုန်းကြီးဖြစ်ပါတယ်။တကယ်လို့ သင်က အာရုံစုစည်းဖို့နဲ့ စိတ်ဖိစီးမှု လျော့ချချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်သင့်ပါတယ်။
Source: Goodread
New Day Jobs ဆိုတာ အလုပ်အကိုင်များစွာကို တစ်နေရာတည်းမှာ ရှာဖွေလျှောက်ထားနိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များကို လျှောက်ထားနိုင်လိုပါက New Day Jobs မှတဆင့် လျှောက်ထားနိုင်ပါတယ်။