Do's and Don't's at Networking Events

Workplace Success 04 Oct 2019
Do's and Don't's  at Networking Events | Blog from New Day Jobs

Khai Deih Neam
Digital Marketing Executive


Networkကောင်းဆိုတာ လုပ်ငန်းတစ်ခုအတွက် ရွှေပါပဲ။

-----------------------------------------------------------------------------------

Network ကြီးလေလေ ပိုပြီးအောင်မြင်နိုင်ချေများလေ ဖြစ်တာကြောင့် networking event တွေမှာ ဘာတွေလုပ်သင့်သလဲ ဘယ်လိုတွေတော့ ပြုမူဖို့ မသင့်တော်ဘူးလဲဆိုတာ တင်ပြလိုက်ပါတယ်။


Dos

  • ယုံကြည်ချက်ရှိရှိနဲ့ အခြားသူတွေကို နှုတ်ဆက်ပါ - မိမိကိုယ်ကို ပိုယုံကြည်ချင်းဖြင့် အခြားသူတွေရဲ့ ယုံကြည်မှုကို ရဖို့ chance ပိုရှိသွားပါတယ်။ ပြုံးပါ၊ energyပြည့်ပြီး positive ဖြစ်တဲ့ body language + အသံနဲ့သာ မိတ်ဆက်ပါ။ နောက်ဆက်တွဲ အဆင်ပြေသွားပါလိမ့်မယ်။
  • Elevator Pitch - ကိုယ့်အကြောင်းကို အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက် ပြောနိုင်အောင် ကြိုးစားပါ။သင်စကားပြောတာကို နားထောင်တဲ့သူတွေကို အမှတ်ရစေမယ့် မိတ်ဆက်ခြင်းပုံစံမျိုးကို ပြောပါ။
  • နားထောင်ပြီး သင်ယူပါ - Networking သွားတဲ့အခါ ကိုယ့်စီးပွားရေး အတွက်ပဲ မဟုတ်ပဲ ကိုယ့် ဘဝအတွက်လည်း အကျိုးရှိနိုင်ပါတယ်။သူများတွေရဲ့ အတွေ့အကြုံကနေ သင်ယူနိုင်ဖို့ရန်အတွက် နားထောင်ပါ
  • ပွဲကို လာမယ့်သူတွေက ဘယ်လိုလူတွေလည်းဆိုတာ သိရင် သူတို့ကို မေးချင်တဲ့ မေးခွန်းလေးတွေ၊သူတို့ဆီက သင်ယူနိုင်မယ့်အရာတွေကို ပြင်ဆင်ထားပါ။


Don'ts

  • ရင်းနှီးပြီးသားသူတွေနဲ့သာ စကားပြောခြင်း - Network ကြီးလာဖို့ဆို လူသစ်တွေနဲ့လဲ အဆင်ပြေပြေ စကားပြောနိုင်အောင် လေ့ကျင့်ထားသင့်ပါတယ်။ အချို့သော ပွဲတွေမှာ ကိုယ်သိပြီးသားလူတွေနဲ့ပဲ စကားပြောရင်း အချိန်ကုန်သွားတတ်ပါတယ်။
  • အလွန်အကြူး မိတ်ဆက်ခြင်းကို ရှောင်ပါ- အလွန်အကြူးမိတ်ဆက်ခြင်းက ကိုယ့်ရဲ့ image ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်လိုတာထက်ပိုပြီး မိတ်ဆက်ခြင်းဟာ တစ်ဖက်ကိုယ်နဲ့ စကားပြောနေသူများက ကိုယိ့ပေါ် impression ကောင်းဖို့ထက် ကိုယ်ဟာရှိတာထက်ပိုပြီး ချဲ့ထွင်တတ်တယ်ဆိုတဲ့ impression ရစေနိုင်ပါတယ်
  • အမူးမလွန်စေပါနဲ့ - အချို့သော Networking ပွဲ တွေမှာ alcohol ကို တည်ခင်းတတ်ကြပါတယ်။အဲ့လိုအချိန်မှာ ကိုယ့်က မသောက်တတ်ရင် မသောက်တတ်ဘူးလို့ ငြင်းဖို့ ဝန်မလေးပါနဲ့။
  • ဒီဆောင်းပါးကနေ လေ့လာမှတ်သားစရာတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်ဆောင်းပါးကောင်းတွေ ဖတ်ရအောင် click here ကို နှိပ်ပြီး ကျွန်မတို့ သတင်းလွှာကို ရယူနိုင်ပါတယ်။


New Day Jobs ဆိုတာ မြန်မာနိုင်ငံလုံးမှ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ Website ဖြစ်ပါတယ်။

ဝင်ရောက်လေ့လာလိုပါက New Day Jobs မှာ လေ့လာနိုင်ပါတယ်။


Back

You will receive the email for your email confirmation. Please check!