Easy Stretching Exercises At Your Desk

Workplace Skill 24 Apr 2020
Easy Stretching Exercises At Your Desk | Blog from New Day Jobs

Khai Deih Neam

Digital Marketing Executive

Work From Home လုပ်နေရပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့သူတွေနဲ့ အလုပ်စားပွဲကနေ ထိုင်ရာက မထပဲ အလုပ်လုပ်နေရတဲ့သူတွေအတွက် လွယ်ကူပြီး ကိုယ့်ရဲ့ စားပွဲမှာပဲ လုပ်လို့ရတဲ့ streching လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးချင်ပါတယ်။

1. Neck Stretch

Neck stretch ကတော့ နာရီပေါင်းများစွာ အလုပ်လုပ်လို့ တင်းနေတဲ့ သင်ရဲ့ ပုခုံးနဲ့ လည်ပင်းက အကြောတွေကို ဖြေလျော့သွားစေမယ့် အကြောလျော့နည်းတစ်မျိုးဖြစ်ပါတယ်။ လည်ပင်းအကြောလျောတဲ့အခါ ခုံတစ်လုံးမှာ မတ်မတ်ထိုင်ပါ။သင့်ခြေထောက်နှစ်ချောင်းလုံးကို ကြမ်းပြင်နဲ့ ညီအောင်ထားပါ။စပြီး အသက်ကို ရှုသွင်း ရှုထုတ်ပြုလုပ်ပါ။ပြီးရင် သင့်ခေါင်းကို စောင်းပြီး တစ်ဖက်မှ တစ်ဖက်ကို ဖြေညင်းစွာ လှည့်ပေးပါ။လှည့်တဲ့အခါမှာ သင့်ခနာကိုယ်ပေါ်က မလိုလားအပ်တဲ့ ဖိအားတွေကို ထိန်းချုပ်ထားပါ။သင့်လိုအပ်သလောက် အကြောလျေ့ာခြင်းကို ပြုလုပ်နိုင်ပါတယ်။


2. Side Stretch

ဒီလေ့ကျင့်ခန်းကတော့ သင့်ကို နောက်ကျောနဲ့ခါး နာကျင်ခြင်းတွေနဲ့ တင်းမာခြင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။အလုပ်လုပ်လို့ ထိုင်ခုံမှာ ထိုင်ပြီး လုပ်လို့ရတဲ့အကောင်းဆုံး လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး လက်မောင်းတွေကို သင့်ခေါင်းအပေါ်မှာ မြှောက်ထားပါ။ဝင်လေ ထွက်လေကို ရှုပြီး မြှောက်ထားတဲ့ သင့်လက်တွေကို တူတူပူးကပ်လိုက်ပါ။ပြီးရင် သင့်ပုခုံးတွေကို ဘေးကို စောင်းပါ။ပုခုံးတွေကို အနည်းဆုံး စက္ကန့် ၂၀ သို့မဟုတ် ၃၀ အကြောလျော့သင့်ပါတယ်။


3. Upper Back Stretch

နာရီပေါင်းများစွာ မလှုပ်မရှားပဲ ထိုင်တဲ့အတွက်ကြောင့် ဖြစ်လာတဲ့ ခနဓာကိုယ်အပေါ်ပိုင်းနာကျင်ခြင်းက ခံရခက်ပါတယ်။အဲ့လို နာကျင်မှုအတွက် သင့်ထိုင်ခုံမှာပဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းရှိပါတယ်။ထိုင်ခုံမှာ မတ်မတ်ထိုင်လိုက်ပါ။သင့်လက်နှစ်ဖက်စလုံးကို အရှေ့ကို ဆန့်တန်းလိုက်ပါ။သင့်ပုခုံးနှင့်အပြိုင် ဘယ်လက်က ညာလက်ကို ကိုင်လိုက်ပါ။လက်နှစ်ဖက်ကို သင့်အပေါ်သို့မြှောက်တင်ပါ။အဲ့လိုလုပ်နေတဲ့အချိန်မှာ ဝင်လေ ထွက်လေ ရှုဖို့ မမေ့ပါနဲ့။

4. Spinal Twist 

သင့်ရဲ့ နောက်ကြော အောက်ပိုင်းခြမ်းက နာကျင်မှုကို ခံစားနေတယ်ဆိုရင်တော့ အခု အကြောလျော့ လေ့ကျင့်ခန်းလေးကို လုပ်သင့်ပါတယ်။သင့်ခြေထောက်တွေကို ကြမ်းပြင်မှာ ကပ်ထားပြီး ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပါ။လက်များကိုထိုင်ခုံပေါ်တွင် ထား၍ သင့်ကိုယ်လုံး ညာဖက်သို့ ဦး တည်ပြီးလှည့်ထားပါ။ ပြီးတာနဲ့ဘယ်ဖက်ကိုပြောင်းပြီးတော့ လှည့်ပါ။


5. Chest Opener

Chest Opener ကတော့ ရင်ဘတ်နဲ့ ပုခုံးက ကြွက်သားတွေ တင်းမာမှုကို လျော့ချပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။အဲ့လေ့ကျင့်ခန်းက ရိုးရှင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး သင်လက်ချောင်းတွေကို သင့်နောက်ကျောမှာ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ သင့်ရဲ့လက်တွေကို ထိုင်ခုံနောက်မီနားတွင်တင်ပြီးရင်ခေါင်းအပေါ်သို့တင်မြှင့်လိုက်ပါ။ အသက်ပြင်းပြင်းရှူပြီး ၁၀ စက္ကန့်မှ ၃၀ စက္ကန့်အထိဆက်တိုက်ထားခြင်းဖြင့် အကြောလျော့ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။


New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ website ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်များကို New Day Jobs မှာ ရှာဖွေလိုက်ပါ။

Back

You will receive the email for your email confirmation. Please check!