Khai Deih Neam
Digital Marketing Executive
Networking event သွားတယ်ဆိုတာ အချို့လူတွေအတွက် ကြောက်စရာစိုးရိမ်စရာ မလိုပေမယ့် တချို့ ကျတော့ Small talk လိုမျိုး မပြောတတ်တဲ့အတွက်ကြောင့် Networking event သွားရမယ်ဆိုရင် ကြောက်ကြပါတယ်။d လိုမျိုး မသိဘူးတဲ့ သူတွေနဲ့ အခန်းတစ်ခုတည်းမှာ အတူတကွမိတ်ဆက်ပြီး စကားပြောဖို့ဆိုတာ အချို့အတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုမျိုး ဖြစ်ပါတယ်။အဲ့လိုလူတွေအတွက် ဘယ်လို Networking Queen နဲ့ King တွေ ဖြစ်နိုင်မလဲဆိုတာ ဖော်ပြထားပါတယ်။
သင့်အိမ်စာကို လုပ်ပါ။
အိမ်စာလိုပြောတဲ့အခါမှ တကယ့် စာကို ပြောတာမဟုတ်ပဲ သင့်အနေနဲ့ Networking ပွဲမှာ ဘယ်လိုလူမျိုးတွေလာမယ်။ဘယ်သူတွေကို စကားလိုက်ပြောလိုက်လို့ သင့်အတွက် အကျိုးဖြစ်မလဲဆိုတာကို အိမ်ကတည်းက research လုပ်ထားဖို့ လိုအပ်ပါတယ်။Networking သွားပြီး အချိန်ကုန် လူပင်ပန်း မဖြစ်ရအောင် ရည်ရွယ်ချက်ထားပါ။
စောစောမရောက်ပါနဲ့။
စောစောမရောက်နဲ့လိုပြောတဲ့အခါမှာ နောက်ကျခိုင်းတာ မဟုတ်ပါဘူး။တစ်ခါတစ်ရံမှာ စောစောရောက်နေတဲ့အခါ လူကလည်း မစုံသေးပဲ Conversation စလိုက်ရင် နောက်က ရောက်တဲ့သူက ကြားဖြတ်တတ်လို့ ဖြစ်ပါတယ်။အဲ့တာကြောင့် အရမ်းအစောကြီးမရောက်ပါနဲ့။
အပြင်ပန်းကို မကြည့်ပါနဲ့။
။ကျွန်တော်တို့ဟာ လူတွေနဲ့ တွေ့တဲ့အခါမှာ သူရဲ့ မြင်ရတဲ့ physical appearance ပေါ်မှာ ကြည့်ပြီး သူ့ကို အမှတ်ပေးကြပါတယ်။အဲ့လိုမျိုး အမှတ်ပေးတာက အရမ်းကို မှားယွင်းတဲ့ အကြံဖြစ်တဲ့အတွက် အပြင်ပန်းကို မကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
ပြုံးပါ။
တချို့ လူတွေက networking သွားတဲ့အခါ အရီအပြုံးမရှိပဲ စူပုတ်နေတတ်ကြပါတယ်။အဲ့တာကြောင့် အချိုသာဆုံး ပြုံးထားဖို့ လိုအပ်ပါတယ်။
ကိုယ်သိတဲ့ သူတွေနဲ့ပဲ စကားမပြောပါနဲ့သင့်အနေနဲ့ networking သွားတယ်ဆိုပြီး သင်သိဘူးတဲ့ လူတွေနဲ့ပဲ စကားပြောနေတယ်။ပွဲမှာ တွေ့တဲ့သူတစ်ယောက်တည်းနဲ့ပဲ ခဏခဏ ပြောနေတာမျိုး မလုပ်သင့်ပါဘူး။အခန်းကို ပတ်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါပြီးတော့ လူအသစ်တွေနဲ့ တွေ့ပါ။ သင့်အတွက် စိန်ခေါ်မှု ဖြစ်မယ်ဆိုပေမယ့် သင့်အတွက် အတွေ့အကြုံအသစ်ဖြစ်မှာပါ။
သတင်း ဖတ်ပါ။
သတင်းဖတ်ခိုင်းတာကတော့ ပြောစရာစကားရှိအောင်ပါ။Hot ဖြစ်တဲ့ အကြောင်းအရာလေးတွေ သိထားတော့ conversation ကို အစပြုနိုင်ပြီး ဘယ်လိုထင်မြင်လဲဆိုတဲ့ မေးခွန်းလေးတွေ မေးပြီး စကားစမြည် ပြောလို့ရတာပေါ့။
တစ်ဖက်ပိတ် မေးခွန်းတွေ ရှောင်ပါ။
စကားပြောနေရင်းနဲ့ မေးခွန်းမေးရမယ့် အခြေအနေ ဖြစ်နေရင် ဘယ်တော့မှ yes or no မေးခွန်းတွေကို မမေးပါနဲ့။ဘာလို့လဲဆိုတော့ Yes or No ပဲဖြေလို့ရတဲ့ မေးခွန်းတွေကို မေးလိုက်တဲ့အခါ တစ်ဖက်သူအတွက် ဖြေစရာမရှိတော့တဲ့အတွက် သင့်ရဲ့ conversation ကိုဆက်လို့ရမှာ မဟုတ်ပါဘူး။
သင့်ပိုပြီး network ကောင်းဖို့ သောက်စရာမလိုပါဘူး။
တစ်ခါတစ်ရံ ကျွန်တော်တို့ ထင်ကြတာက ဖော်ဖော်ရွေရွေနဲ့ social ကျဖို့ သောက်ထားသင့်တယ်လို ထင်တတ်ကြပါတယ်။မသောက်နဲ့လို့ သတ်မှတ်ထားခြင်း မရှိပေမယ့် သတ်မှတ်ထားတဲ့ limit ဖြစ်သွားရင် သင့်အတွက် အရှက်ကွဲစရာ ဖြစ်တာမို့ ဖြစ်နိုင်ရင်တော့ မသောက်ဖို့ အကြံပေးချင်ပါတယ်။
Business Card တွေ များများယူသွားပြီ ကပ်စေးမနှဲပါနဲ့
သင်မှာ business card ရှိတယ်ဆိုရင် event ကို သွားတဲ့အခါ များများယူသွားပြီး မိတ်ဆက်ခဲ့သမျှ သူတိုင်းကို card ပေးနိုင်အောင် ကြိုးစားပါ။သင့်ကို ဆက်သွယ်ချင်တဲ့အခါမှာ အဆင်သင့် ဆက်သွယ်နိုင်ဖို့ဖြစ်ပါတယ်။
ဘောပင်ဆောင်ထားပါ။
တကယ်လို့ သင်က မေ့တတ်တဲ့သူဆိုရင် ဘောပင်ဆောင်သွားဖို့ မမေ့ပါနဲ့။လူတစ်ယောက်နဲ့ ရင်းနှီးပြီးရင် သူ့အကြောင်းကို note ရေးထားခြင်းက ကိုယ်ပြန်ဆက်သွယ်ချင်တဲ့အခါ လွယ်လွယ်ကူကူနဲ့ တွေ့နိုင်ပါတယ်။သူတို့ ရှေ့တည့်တည့်မှာတော့ မမှတ်နဲ့ပေါ့။
အစားအသောက်ရှိတဲ့နားမှာ နေပါ။အစားအသောက်တွေနားမှာဆို လူတွေက ပိုပြီး ခံစားချက်ကောင်းတဲ့အတွက် စကားပြောရတာပို အဆင်ပြေပြီး မိတ်ဆွေဖွဲ့လို့ ကောင်းတဲ့နေရာ ဖြစ်တဲ့အတွက် ရွေးချယ်သင့်ပါတယ်။
မိတ်ဆက်ခိုင်းပါ။
Event ထဲက သူတစ်ယောက်နဲ့ သင်နဲ့ သိတယ်ဆိုရင် အခြားသူတွေကို မိတ်ဆက်ခိုင်းဖို့ မမေ့ပါနဲ့။သင်ကိုယ်တိုင် မိတ်ဆက်တာထက် ကြားခံ ကနေတဆင့် မိတ်ဆက် ပေးတာက ပိုပြီးတော့ effective ဖြစ်ပါတယ်။
ကိုယ့်ရှေ့က သူကိုဂရုစိုက်ပါ။
Networking သွားပြီဆိုကတည်းက Professional တွေနဲ့ပဲ တွေ့ရမှာ ဖြစ်တဲ့အတွက် စကားပြောနေရင်း ဖုန်းကိုပဲ ကြည့်နေတာမျိုးတွေ၊ကိုယ့်နဲ့ စကားပြောတဲ့သူကို အာရုံမစိုက်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။
သင့်အကြောင်းမေးလာတဲ့အခါ စိတ်အားထက်သန်စွာ ဖြေပါ။
တကယ့်လို သင့်အကြောင်းကို အမေးခံရတဲ့အခါမှာ တက်တက်ကြွကြွနဲ့ ဖြေဖို့ အရေးကြီးပါတယ်။အဲ့လို တက်တက်ကြွကြွဖြေမှသာ သင့်ရဲ့ passion ကို လူတွေ မြင်ပြီး ကောင်းတဲ့ မှတ်ချက်တွေ ပေးမှာ ဖြစ်ပါတယ်။
မပြန်ခင်မှာ host တွေကို ကျေးဇူးတင်ပါ။
သင့်က networking ပွဲကနေ ပြန်တော့မယ်ဆိုရင် ပွဲစီစဉ်တဲ့သူတွေကို တွေ့အောင် ရှာပြီး မိတ်ဆက်ကာ ကျေးဇူးတင်စကားပြောပါ။
အကောင်းဆုံး Results ရဖို့အတွက် Follow Up လုပ်ပါ။အတော်ဆုံး Networkers ဆိုတာက Networking ကောင်းကောင်းလုပ်နိုင်ပြီး နောက်နေ့ ရောက်တဲ့အခါမှာ Follow Up လုပ်တဲ့သူဖြစ်ပါတယ်။အဲ့တာကြောင့် Follow Up လုပ်ဖို့ မမေ့ကြနဲ့နော်။
အခုဖော်ပြတဲ့ နည်းလမ်းတွေကို လိုက်နာပြီး ကျင့်သုံးပြီးတော့ Networking king တွေ queen တွေ ဖြစ်ကြပါစေ။
New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာ တစ်နေရာတည်းမှာ ရှာဖွေ တွေ့နိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များ လျှောက်ချင်တယ်ဆိုရင်တော့ New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။