How To Improve Yourself During Quarantine

Personal Upgrade 27 Mar 2020
How To Improve Yourself During Quarantine | Blog from New Day Jobs

Khai Deih Neam

Digital Marketing Executive

အခုဆိုရင် COVID - 19 ကို ကာကွယ်ဖို့ရန် Company အားလုံးနီးပါးက Work from home လုပ်ကြဖို့ သတ်မှတ်ထားကြပါတယ်။ပုံမှန်ဆို ရုံးသွားရုံးပြန်အချိန်တွေနဲ့ ပြီးတော့ ပင်ပန်းတာတွေနဲ့ ကိုယ့်ရဲ့ personal development အတွက် မလုပ်ဖြစ်ကြဖူးပေါ့။အခုတော့ Work from home လုပ်ရတဲ့အတွက် သင့်အတွက် ကိုယ်ပိုင်အချိန်လေးတွေ ပိုထွက်လာတယ်။ပြီးတော့ နောက်ထပ်အသစ်သစ်တွေ လေ့လာဖို့ ပင်ပန်းတာတွေ မရှိတဲ့အတွက် အခုအချိန်က သင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။တိုးတက်ပြောင်းလဲမှုတွေအတွက် ဘယ်ကနေ စလုပ်ရမလဲ မသိဖြစ်နေပါတယ်ရင် အခု article က သင့်အတွက် ဖြစ်ပါတယ်။

၁။ ကြင်နာပါ

ကြင်နာပါလို့ ပြောတဲ့အခါမှာ အရင်က အလုပ်သွားနေခဲ့ရလို့ အချိန်မရှိလို့ မိသားစုကို အချိန်မပေးဖြစ်ဘူးဆိုရင် အခု မိသားစုနဲ့ ရင်းရင်းနှီးနှီးနေပါ။ကိုယ့်ရဲ့ အိမ်နီးချင်းတွေနဲ့ စကားစမြည်ပြောကြည့်ပါ (သတ်မှတ်ထားတဲ့အကွာအဝေးမှ)။အဝေးရောက်နေတဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေကိုလည်း ဖုန်းဆက်ပါ။Work from home လုပ်ရတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝးကွာနေတာမို့ အနေဝေးပေမယ့် နှလုံးသားခြင်းနီးနေအောင် ရုံးချိန်အပြီးမှာ Video Call ခေါ်တာမျိုးတွေ လုပ်သင့်ပါတယ်။အထူးသဖြင့် ပတ်ဝန်းကျင်က သက်ကြီးရွယ်အိုတွေက အပြင်သွားဖို့ ကြောက်ရွံ့နေတယ်ဆိုရင် ကိုယ်စားသွားပေးသင့်ပါတယ်။အိမ်ကို တစ်ခုခု မှာစားရင်တောင် လာပို့တဲ့ Delivery staff ကို tip ပေးဖို့ မမေ့ပါနဲ့။