Khai Deih Neam
Digital Marketing Executive
အခုအချိန်မှာ COVID - 19 ကြောင့် တချို့သော အလုပ်အကိုင်များက remote လုပ်လို့ရတဲ့အလုပ်အကိုင်တွေ ဖြစ်လာကြပါတယ်။နည်းပညာတွေကလည်း တိုးတက်လာတဲ့အလျောက် interview တွေကို ဖြေတဲ့အခါမှာလည်း online ကနေပဲ ဖြေဆိုတာမျိုးတွေကို လုပ်လာကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံရတဲ့ interview မဟုတ်တဲ့အခါ စက်ကိရိယာတွေနဲ့ နည်းပညာရဲ့ အကူအညီကို ယူကြရတဲ့အခါ ပြင်ဆင်သင့်တဲ့ အချက်အလက်တွေကို သိခြင်းက သင့်အတွက် interview အောင်ဖို့ရန် အခွင့်အလမ်းများနိုင်မှာ ဖြစ်ပါတယ်။
Interview မဖြေခင် တစ်ရက်မှာ ကောင်းကောင်းအနားယူပါ
သင်က interview ဖြေရမယ်နေ့မှာ အိပ်ရေးမဝပဲ ဖြစ်နေမယ်ဆိုရင်တော့ သင့်အတွက် အနှောင့်အယှက်အကြီးကြီးဖြစ်နေပါလိမ့်မယ်။ မျက်နှာချင်းဆိုင်ကိုယ်တိုင်ဖြေရမယ်ဆိုရင်တော့ ပြင်ဆင်တာတွေ၊လမ်းလျှောက်ရတာတွေနဲ့ လန်းဆန်းပြီး စိတ်ကြည်လင်သွားနိုင်ပေမယ့် အိမ်မှာပဲ Laptop ရှေ့မှာ ဖြေရတဲ့အခါမှာ ကိုယ်ရဲ့ မကြည်လင်တဲ့ပုံပန်းသွင်ပြင်ကြောင့် interview မေးမယ့်သူ စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်ပါမယ်။အဲ့တာကြောင့် အိပ်ရေးဝဝ အိပ်ဖို့လိုအပ်ပါတယ်။