Marketing Team
New Day Jobs
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စကားဘယ်လိုပြောမလဲ?
ယုံကြည်မှုရှိရှိနဲ့ စကားပြောတယ်ဆိုတာက ကိုယ့်ရဲ့ ဘဝမှာ တိုးတက်မှုတွေရလာနိုင်ပါတယ်။ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ စကားပြောတယ်ဆိုရင် အလုပ်ခွင့်မှာ တခြားသူတွေရဲ့ လေးစားမှုကို ခံရနိုင်ပါတယ်။ မနေ့သစ်က သူငယ်ချင်းတို့ကို ယုံကြည်မှုရှိရှိနဲ့ စကားဘယ်လိုပြောရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး အကူအညီဖြစ်နိုင်တဲ့ အချက်ကလေးတွေကို ပြောပြပေးပါမယ်။
(၁) ဖြည်းဖြည်းပြောပါ
လူအများစု စကားပြောဆိုတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုမှုကို ဟန့်တားစေတဲ့ အရာကတော့ စကားကို မြန်မြန်ပြောဆိုတာပါ။ လူတစ်ယောက်က စကားကို အမြန်ပြောတယ်ဆိုရင် သူက စိတ်လှုပ်ရှားတာ၊ စိတ်မချတာနဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းနည်းတယ်လို့ ထင်ရပါတယ်။ စကားပြောဆိုတဲ့အခါမှာ စိတ်အေးအေးနဲ့ ဖြည်းဖြည်းချင်းပြောဖို့က အရေးကြီးပါတယ်။ ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေးချင့်ချိန် ပြောဆိုတာက ကိုယ့်မှာ ယုံကြည်မှုရှိတယ်ဆိုတာကို ဖော်ပြပြီး ကိုယ်က ဦးဆိုင်နိုင်တဲ့သူအနေနဲ့လည်း ထင်မြင်ရပါတယ်။