How To Stay Energized During Work From Home Period

Workplace Success 28 Apr 2020
How To Stay Energized During Work From Home Period | Blog from New Day Jobs

Work From Home မှာ ဘယ်လို တက်ကြွစွာ အလုပ်လုပ်မလဲ၊

၁. အလုပ်မစခင်မှာ လမ်းလျှောက်ပါ။

အလုပ်မစခင်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး လတ်ဆတ်တဲ့ လေကို ရှုရှိုက်တာက သင်တစ်နေကုန်အလုပ်လုပ်ဖို့အတွက် တက်ကြွမှုကို ပေးပါတယ်။အလုပ်မစခင် ငါးမိနစ်အလိုမှ ထပြီး အလုပ်စားပွဲမှာ ထိုင်တာထက် စောစောထပြီး လေ့ကျင့်ခန်း လုပ်တာက တစ်နေ့လုံး လန်းဆန်းတက်ကြွနေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

၂. တစ်ဆက်တည်းထိုင်ပြီး အလုပ်မလုပ်ပါနဲ့။

ရုံးမှာ အလုပ်လုပ်ရင် တစ်နာရီတစ်ခါလောက် အိမ်သာသွားတာပဲဖြစ်ဖြစ်၊ရေထသောက်တာပဲဖြစ်ဖြစ် လုပ်ဖြစ်ကြပေမယ့် အိမ်မှာ အလုပ်လုပ်တဲ့အခါမှာ ထဖို့၊ထိုင်ဖို့ မေ့တတ်ကြပါတယ်။အဲ့တာကြောင့် တစ်နာရီတစ်ခါလောက် ရေထသောက်တာပဲဖြစ်ဖြစ်၊ဝါရန်တာထွက်ပြီး လေရှုတာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ အလုပ်စားပွဲမှာပဲ လုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေကိုလည်း ပြုလုပ်လို့ရပါတယ်။

၃. အလုပ်လုပ်တဲ့နေရာကို လင်းအောင်ထားပါ။

နေခင်းဖက်မှာ အလုပ်လုပ်တဲ့အခါမှာ သင့်အလုပ်စားပွဲက နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာ ဖြစ်ပါစေ။တကယ်လို့ ညဖက်မှာ အလုပ်လုပ်ရမယ်ဆိုရင်လည်းမီးဖွင့်ထားခြင်းက သင့်ကို နိုးနိုးကြားကြားရှိစေမှာပဲ ဖြစ်ပါတယ်။

၄. ရေများများသောက်ပါ။

ကော်ဖီသောက်တာက သင့်ကို တခဏတော့ တက်ကြွစေမှာ မှန်ပေမယ့် အလုပ်လုပ်တဲ့အချိန်မှာ ရေသောက်တာကတော့ သင့်ကို ပိုပြီး ကျန်းမာစေပြီး နိုးကြားစေမျာဖြစ်ပါတယ်။ရေဓာတ် ဆုံးရှုံးခြင်းက သင့်ရဲ့ အာရုံစူးစိုက်မှုကို ကျဆင်းစေတဲ့အတွ့် ဖြစ်နိုင်ရင် အလုပ်စားပွဲနားမှာ ရေဘူးဆောင်ထားသင့်ပါတယ်။

၅. အစာပြေစားပေးပါ။

သင့်တစ်နေ့တာ အာရုံစူးစိုက်မှုကောင်းဖို့နဲ့ သကြား ဓာတ်ကို ထိန်းသိမ်းနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညတ်တဲ့ အဆာပြေလေးတွေကို စားပေးသင့်ပါတယ်။စားသင့်တဲ့ အဆာပြေတွေကတော့ : 1. သစ်သီး၊အစေ့အဆံ2. Yogurt 3. Crackers တွေပဲ ဖြစ်ပါတယ်။

၆. လွယ်ကူတဲ့ အလုပ်တွေကို အရင်လုပ်ပါ။

ခက်ခဲတဲ့တာဝန်တွေက သင့်ပင်ပန်းတဲ့အချိန်မှာ အာရုံစူးစိုက်လို့မရအောင် ဖြစ်ပစေပါတယ်။ဖြစ်နိုင်ရင်တော့ လွယ်ကူတဲ့ တာဝန်တွေဖြစ်တဲ့ email ပြန်တဲ့၊ အချက်အလက်တွေ ဖြည့်တာမျိုးတွေကို အရင်လုပ်သင့်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ တာတြန်လေးတွေကို ပြီးမြောက် နိုင်တယ်ဆိုရင် သင့်လည်းခွန်အားပြန်ပြည့်နိုင်ပါတယ်။

၇. အမွေးနံသာ သုံးပါ။

တကယ်လို့ သင်က အမွေးနံ့သာ ကြိုက်တဲ့သူဆိုရင် အမွှေးပါတဲ့ ဖယောင်းတိုင် သို့မဟုတ် essential oil diffuser ကို သင့် စားပွဲမှာ ထားပေးပါ။အဲ့လို ထားပေးခြင်းဖြင့် သင့်စိတ်ကို လန်းဆန်းစေပြီး အလုပ်လုပ်တဲ့အခါမှာ တက်ကြွလန်းဆန်းစေနိုင်ပါ့တယ်။

New Day Jobs ဟာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေတွေ့ရှိနိုင်တဲ့ website ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်များကို New Day Jobs မှာ ရှာဖွေလိုက်ပါ။

Back

You will receive the email for your email confirmation. Please check!