အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်ကြမလဲ?
ကျွန်တော်တို့ အများစုက ကိုယ်လုပ်ရမယ့်လုပ်ငန်းတာဝန်တွေကို ချက်ချင်းမလုပ်ဖြစ်ပဲ email တွေစစ်လိုက်၊Social Media လေးသုံးလိုက်၊Video လေးတွေကြည့်လိုက် နဲ့ပဲ အချိန်ကုန်ဆုံးတတ်ပါတယ်။သင်က အလုပ်ပြီးရမယ်မှန်းသိတယ် ဒါပေမယ့် အလုပ်ကိုမလုပ်ချင်ပဲ ဖြစ်နေတယ်။အဲ့လို ခံစားဖူးရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ကျွန်တော်တို့ အားလုံး အဲ့လို အခြေအနေနဲ့ ကြုံတွေ့ကြပါတယ်။အချိန်ဆွဲမိတဲ့အတွက် ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးပြီး အလုပ်လုပ်နေရတယ်ဆိုရင်တော့ ဒီ blog က သင့်အတွက်ပါ ။
အချိန်ဆွဲခြင်းက သင့်ဘဝကို ဟန့်တားတဲ့အရာ မဖြစ်ပါစေနဲ့။လိုက်နာရမယ့် နည်းလမ်းတေွကတော့ -
၁။ သင့်အလုပ်ကို အပိုင်းသေးသေးလေးတွေခွဲပါ။
ကျွန်ပ်တို့ အလုပ်ကို လုပ်ဖို့ အချိန်ဆွဲမိတာကတော့ အလုပ်က ကျွန်တော်တို့ကို အရမ်း လွှမ်းမိုးလို့ဖြစ်ပါတယ်။လုပ်ရမယ့်အလုပ်ကို တခုခြင်းဆီ ပြန်ဆွဲပါ။ပြီးတော့ အဲ့ တစ်ခုခြင်းဆီ အပေါ် အာရုံစိုက်ပါ။အသေးလေးတေခွဲပြီးတာတောင်မှ သင် အချိန်ဆွဲ နေသေးတယ် ဆိုရင် ပိုပြီး အသေးဆုံးဖြစ်အောင် ခွဲလိုက်ပါ။အဲ့လို ခွဲလိုက်ရင် ဒီ အလုပ် လယွ်လယွ်လေးကို ငါဘာလို့ အချိန်ဆွဲမိနေတာလဲလို့ တွေးမိပါလိမ့်မယ်။
၂။ သင့် ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။
သင့် Productivity က သင့် ပတ်ဝန်းကျင်မှာ အများကြီးမူတည်ပါတယ်။သင်အလုပ်စားပွဲ သင့် ရုံးခန်းကို ကြည့်လိုက်ပါ။အဲ့အရာတွေက သင်အလုပ်လုပ်ဖို့ တွန်းအားဖြစ်နေပါသလား ဒါမှမဟုတ် သင့်စိတ်ကို လေးလံပြီး အမြဲ အိပ်ချင်အောင် လုပ်နေပါသလား?အိပ်ချင်စရာ ကောင်းနေတယ် ပျင်းစရာကောင်းနေတယ် ဆိုရင်တော့ သင့် ပတ်ဝန်းကျင်ကို ပြောင်းပါ။
၃။တိကျတဲ့ deadline နဲ့ အသေးစိတ် timeline ရှိပါစေ။
သင်လုပ်ဆောင်ရမယ့် အလုပ်အတွက် deadline တစ်ခုပဲ ရှိနေတယ်ဆိုရင် အချိန်ဆွဲဖို့ အားပေးသလိုဖြစ်နေပါလိမ့်မယ်။အဲ့လို deadline တစ်ခုတည်းရှိခြင်းက အချိန်အများကြီးရှိသေးတယ် ငါကောင်းကောင်းနားလို့ရတယ်လို့ ထင်မြင်စေပါတယ်။
သင့်ရဲ့ လုပ်ရမယ့် project ကို အဆင့်လေးတေခွဲပါ။ပြီးတော့ အဲ့ အဆင့်လေးတွေနဲ့ အတူ တိကျတဲ့ deadline လေးတွေ ခွဲထားခြင်းက အလုပ်ကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးနိုင်ဖို့ အထောက်အကူပြုပါတယ်။
အလွယ်နည်းပြောရမယ်ဆိုရင်တော့ hourly, daily, monthly goal လေးတွေ သတ်မှတ်ပြီး သေချာ plan လုပ်ထားဖို့ ဖြစ်ပါတယ်။
၄။ သင့်ကို အချိန်ဆွဲစတေဲ့ အရာတွေကို ဖယ်ရှားပေးပါ။
သင့် အချိန်ဆွဲတဲ့အကျင့်ကို ထောက်ပံ့ပေးတဲ့ အရာတွေ ဖယ်ရှားပစ်ပါ။သင့် email inbox ထဲမှာ သင့်နဲ့မသက်ဆိုင်တဲ့ blog တွေ ရောက်လာတဲ့အခါမှာ ဖွင့်ကြည့်ပြီး အချိန်တွေကုန်ဆုံး မဖြစ်သင့်ပါဘူး။အဲ့တာကြောင့် အလုပ်ပြီးဖို့ တားဆီးတဲ့အရာတွေကို ဖယ်ရှားကြပါလို့ အကြံပေးချင်ပါတယ်။
၅။ သင်လေးစားရတဲ့ သူတွေဆီကနေ သင်ယူပါ။
တကယ်လို့ သင်က steve job တို့ bill gate တို့နဲ့ စကားဆယ်မိနစ်လောက် ပြောရင် သင်စိတ်ခနွ်အားတွေရလာပြီး အချိန်ဆွဲချင်စိတ်တေရှိတော့မှာ မဟုတ်ပါဘူး။သင်နဲ့ ပေါင်းသင်းတဲ့သူများကို ဂရုပြုပါ။သင့်ဘယ်လိုလူလဲ သင့် အပေါင်းအသင်းတွေကို ကြည့်ရုံနဲ့ သိနိုင်တာမို့ သင့်ရဲ့သူငယ်ချင်း၊မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေက အလုပ်ကြိုးစားသူတွေသာ ဖြစ်သင့်ပါတယ်။
၆။ သင့် Goal တွေကို သူများတွေကို ပြောပါ။
သင့်မိသားစု၊သူငယ်ချင်းမိတ်ဆေနွဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သင့်လုပ်နေတဲ့ project တွေအကြောင်းပြောပါ။အဲ့လိုပြောခြင်းက သင့်အတက် တွန်းအားဖြစ်စေပြီး သင့် project ကို အဆင်မပြတ် ကြိုးစားဖို့ တွန်းအား ဖြစ်စေပါတယ်။
၇။ သင့်ထပ်အရင် အောင်မြင်ပြီးသားသူတစ်ယောက်ကို မေးပါ။
သင်လုပ်နေတဲ့ project မှာ သင်ဘာကို အောင်မြင်ချင်တာလဲ?သင့်ထပ်အရင် အောင်မြင်ထားတဲ့သူကို ချဉ်းကပ်ကြည့်ပြီး သူတို့ ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့သလဲ ဆိုတာကို သင်ခန်းစာယူနိုင်အောင် မေးကြည့်ပါ။
၈။ မစောင့်ပါနဲ့။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အလုပ်လုပ်ဖို့ အကောင်းဆုံးအချိန်ကို စောင့်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။အဲ့အတွေးတွေကို ဖျောက်လိုက်ပါ ဘာလို့လဲဆိုတော့ အလုပ်လုပ်ဖို့ ရက်ရာဇာတွေ ပြဿဒါးတွေ ရွှေးစရာ မလိုပါဘူး။အောင်မြင်ချင်ရင် အခုပဲ စတင်လိုက်ပါ။
ပိုမိုကောင်းမွန်သော အလုပ်အကိုင်များကို New Day Jobs တွင် ရှာဖွေလိုက်ပါ