How to Succeed as an Entrpreneur, How to Choose Startup Vs. Corporate

Career Advice 25 Sep 2019
How to Succeed as an Entrpreneur, How to Choose Startup Vs. Corporate | Blog from New Day Jobs

Ep. 1 and Ep. 2 of Career Marathon Series includes Ko Htet Arkar Soe discussing his career choices, including building a startup, and deciding between a startup vs. a corporate career. Myanmar transcript below.


မြန်မာနိုင်ငံကလူငယ်အများစုလိုပဲ မြန်မာမှာ ဆယ်တန်းအောင်ခဲ့တယ်။ ခေတ်အရ ခေတ်စားနေတဲ့ Tourism ကို Singapore မှာ သွားတတ်ရာကစပြီး တစ်ခြား နယ်ပယ်တွေ အလုပ်တွေဘက် ပြောင်းဖြစ်ပုံကို ကိုထက်အာကာစိုးက အခုလိုပြောကြားပါတယ်။


“အစ်ကိုတို့ ဆယ်တန်းအောင်တဲ့ အချိန်မှာ ခေတ်စားနေတာကတော့ Tourism ပေါ့။ အဲ့တော့ အစ်ကို Tourism Diploma ကို Singapore မှာသွားတတ်တယ်။ တစ်နှစ်တက်ပြီးတော့ တဖြည်းဖြည်းသိလာတာကတော့ ငါ Business ပိုင်းသွားချင်တာပေါ့။ ဒါပေမယ့် အဲ့အချိန်မှာ အစ်ကို စကားပြောရတာကိုမကြိုက်ဘူး။ တစ်ယောက်ထဲ နေရတာကို ပိုသဘောကျတယ်။ Accounting ဆိုရင် အနည်းဆုံးတော့ လူတွေနဲ့ သိပ်ပြီး စကားပြောစရာမလိုဘုးဆိုပြီးတော့ PSB academy မှာ BCom Accounting နဲ့ သွားတက်တယ်။ ကျောင်းပြီးသွားတဲ့ အချိန်ကျတော့ အစ်ကို့ရဲ့ Personality က တော်တော်ပြောင်းသွားပြီ လုတွေနဲ့ စကားပြောရတာလဲကြိုက်သွားပြီ။ ဘာကြောင့်လဲဆိုတော့ Volunteer တွေ ဝင်လုပ်ကျောင်းသားအဖွဲ့အစည်းတွေမှာဝင်ပါပြီး ပွဲတွေလုပ်ဘာညာနဲ့ပေါ့။


ကျောင်းပြီးတော့အစ်ကို အလုပ်လျှောက်ဖို့ လုပ်နေတဲ့ အချိန်မှာ ကျောင်းကနေပြီးတော့ Management trainee အနေနဲ့ လုပ်ချင်လားဆိုပြီးတော့ ငါ Accounting နဲ့ ဘွဲ့ရလာတာပေါ့ ဘွဲ့တစ်ခုလုံး Accounting နဲ့ လေ့လာပြီးတော့ Accounting နဲ့ မလုပ်ရတည အရမ်း နှမြောတာပေါ့နော်။ သေချာစဉ်းစားပြီးတော့ Management trainee လုပ်လိုက်မယ်ဆိုပြီးတော့ Management trainee အနေနဲ့ Department သုံ:ခုမှာ နှစ်လတစ်ခါလောက် ပြောင်းလုပ်ရတယ်။ ပြီးတော့ အဲ့မှာ အစ်ကို South East Asia region ရယ် Korea ရယ်ရဲ့ Country manager ကို Support လုပ်ရတယ်။ အဲ့အစ်မ ထွက်သွားတော့ အစ်ကို့ကို Laosရယ် Myanmar ရယ် Cambodia ရဲ့ Country manager အနေနဲ့ တာဝန်ယူခိုင်းတယ်။


နဲနဲကြာလာတော့ ဟိုဘက်မှာ အလုပ်ထွက်ပြီးတော့ မြန်မာနိုင်ငံပြန်လာတယ်။ ပြီးတော့ company ထောင်တယ်။ လေးငါးနှစ်နေတော့ မဟုတ်သေးဘူး ဒီတိုင်းဆက်သွားရင် အဆင်မပြေဘူးဆိုပြီးတော့ Company ကနေ အစ်ကိုထွက်လိုက်တယ်။ထွက်ပြီးတော့ Phandeeyar မှာ Entrepreneurship Program manager အနေနဲ့ ဝင်တယ်။ အစ်ကို Founder institute တို့ Startup challenge တို့ကို Run ခဲ့တယ်။ Phandeeyar မှာပဲ အစ်ကို Senior Accelerator Manager ဖြစ်သွားတယ်။ အဲ့မှာAccelerator program ကို ကိုင်ရတယ်။အခုနောက်ပိုင်းကျတော့ ငါစီးပွားရေး ပြန်လုပ်ချင်တယ်ပေါ့နော် Team ကောင်းကောင်းလဲရှိတယ်။ Business idea လဲရှိတာနဲ့ အလုပ်ထွက်ပြီးတော့ အစ်ကိုတို့ Mitetal.com ကို လုပ်နေကျတယ်ပေါ့နော်။"


Newday.jobs ရဲ့ Career Marathon Series ဟာ အောင်မြင်တဲ့ Career Progress ရှိထားတဲ့ Experts တွေဆီက အကြံတွေ သင်ခန်းစာတွေကို မြန်မာ Young professional တွေ အတွက် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Ko Htet Arkar Soe ရဲ့ Career Path ပေါ် မူတည်ပြီး Career Progress မြန်မြန်တက်အောင် လုပ်သင့်တဲ့ Tips တွေကို အခုလို မေးမြန်းတင်ပြလိုက်ပါတယ်။


မေး : ဘာလို့ professional jump လုပ်ခဲ့တာလဲ?


ဖြေ : "ဘာလို့ Career Change တာလဲ ဆိုလို့ ရှိရင် Digital ခေတ်ဖြစ်တဲ့အ လျောက် အ ပြောင်းအလဲက အရမ်းများတယ် ကိုယ်အ တွေ့အကြုံ များလာတာနဲ့ အမျှ စဉ်းစားတဲ့ ပုံလည်းပြောင်းလာတယ် နောက်ပြီးက တော့ အကို Change တဲ့ အချိန်တိုင်း အကို အဲ့ အချိန်မှာ ဘာစိတ်ဝင်စားလဲပေါ့နော် အဲ့အ ပေါ်မူတည်ပြီး Change လုပ်တယ် အဲ့တော့ အကို change တဲ့အခါမှာ ဘယ်လို စဉ်းစားလဲ ဆိုလို့ရှိရင် အဲ့အချိန်ပေါ်မှာ အကို ဘာလုပ်ချင်တာလဲ ဒီက နေပြီးတော့ နောက်တဆင့် တက်ဖို့ဆိုရင် ဘယ်လို ပညာရပ်တွေ ဘယ်လို အတွေ့အကြုံ လိုလဲပေါ်မူတည်ပြီး အကို ရွေးချယ်တယ်"


မေး : လုပ်ငန်းခွင်တစ်ခုမှာ တိုးတက်ဖို့ဆို ဘာတွေလိုအပ်လဲ?


ဖြေ : "အစ်ကိုမြင်တာကတော့ ကိုယ်တိုးတက်ဖို့အတွက်ဆိုရင် ကိုယ့်လုပ်ငန်းတိုးတက်ဖို့က အရမ်းအရေးကြီးတယ်ပေါ့။ အမြဲတမ်းအစ်ကိုလုပ်လေ့ရှိတာကတော့ Companyရဲ့ mission၊ visionကို နားလည်အောင်အရင်လုပ်တယ်။ ပြီးရင် အစ်ကိုအရေးကြီးတာ်လို့မြင်တာ (၃)ချက်ရှိတယ်။


ပထမတစ်ချက်ကတော့ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ Ownershipယူတာ၊ ပိုင်ရှင် Mindset လိုမျိုးရှိဖို့လိုတယ်။ အစ်ကိုတို့အနေနဲ့ Company တစ်ခုမှာ အလုပ်လုပ်တဲ့အခါမှာ ကိုယ့်Companyလို့ သဘောထားလိုက်ပြီဆိုရင် ကိုယ့်အနေနဲ့ ဘယ်လိုမျိုးပိုကောင်းအောင်လုပ်မလဲ။ ကိုယ်လုပ်တဲ့အလုပ်တင်မကဘူး Processပေါ်မှာ ဘယ်လိုမျိုး Contribute လုပ်လို့ရမလဲ၊ ပိုမြန်အောင်ဘယ်လိုလုပ်လို့ရမလဲ၊ ဒီ Process ကို ပိုကောင်းအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာ အမြဲစဉ်းစားဖြစ်တယ်ပေါ့နော်။ စဉ်းစားတာနဲ့မပြီးသွားဘူးပေါ့ အမြဲတမ်းဒီProcess ကို ဒီအလုပ်ကို ပိုကောင်းအောင်ကြိုးစားနေတာပေါ့။ တကယ်လို့ ကိုယ့်မှာ Idea တွေရှိတယ်ဆိုရင်လဲ ကိုယ့်ရဲ့ Reporting officer နဲ့ ဒါမှမဟုတ် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး Company-wide implement လုပ်လို့ရအောင် ဆွေးနွေးလေ့ရှိတယ်ပေါ့


နောက်တစ်ခုကကျတော့ Responsibilityပေါ့ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မှားမှားမှန်မှန်တာဝန်ယူရဲတာမျိူးပေါ့။ အစ်ကိုတို့ဆိုလဲမှားခဲ့တာတွေအများကြီးပဲ။ လူတိုင်းလဲမှားတာပဲ၊ ဘာလို့လဲဆိုတော့ လူရယ်လို့ဖြစ်လာရင် အမှားနဲ့မကင်းဘူးလေ။ မှားတာက ပြဿနာမဟုတ်ဘူး။ အဓိကအရေးကြီးတာက မှားလို့ရှိရင် ကိုယ်လုပ်တာမှားသွားတယ်ဆိုတာကို တာဝန်ယူရဲဖို့ဖြစ်တယ်။ ပြီးရင် ဒီအမှားပေါ်မှာအမြဲလေ့လာနေပြီးတော့ ထပ်တူညီတဲ့ အမှားမျိုးမမှားပဲ ပိုပြီးကောင်းအောင်ပဲလုပ်ဖို့အရေးကြီးတယ်။


နောက်ဆုံးအချက်အနေနဲ့ အရေးကြီးတာကတော့ Passion ပေါ့နော်။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုချစ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်။အစ်ကိုအမြဲတမ်း ကိုယ့်ကို ဆန်းစစ်လေ့ရှိတယ်။ ငါဒီအလုပ်မှာ လုပ်ရတာပျော်ရဲ့လား။ ဘာကြောင့်လဲဆိုတော့ ပျော်မှလဲ ခုနက ရှေ့နှစ်ခုဖြစ်တဲ့ Ownershipယူတာရယ် Responsibility ယူတာရယ် လုပ်နိုင်မှာ။ အဲ့တော့ အစ်ကို မပျော်တော့ဘူးဆိုရင်လည်း အစ်ကို့အနေနဲ့ Career ချိန်းသင့်ပြီလား အမြဲစဉ်းစားလေ့ရှိတယ်။ "


မေး : အလုပ်တစ်ခုကနေ အချိန်တိုတွင်း အတွေ့အကြုံ ပြည့်ပြည့်ဝဝရအောင် ဘယ်လိုလုပ်သင့်လဲ?


ဖြေ : "အလုပ်လုပ်တဲ့ နေရာမှာ အတွေ့အကြုံအပြည့်အဝ လိုချင်တယ်ဆိုရင် ကျွန်တော်ယုံကြည်တာကတော့ အလုပ်လုပ်နေရင်း ကိုယ့်အထက်လူကြီး ဒါမှမဟုတ်ရင် ကိုယ့်လုပ်ဖေည်ကိုင်ဖက်တွေက ကိုယ်မလုပ်ဖူးတဲ့ အရာတွေ ကိုယ်လုပ်နိုင်ပမလားလို့ Doubt ဖြစ်တဲ့ အရာတွေကို လွှဲပေးလာတဲ့ အချိန်တွေရှိလိမ့်မယ်။ အဲ့မှာတစ်ချို့တွေ အနေနဲ့ ဖြစ်တတ်တာက မလုပ်ဖူးတဲ့ အတွက် မှားသွားလို့ရှိရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ပူပြီးတော့ ဒီတာဝန်တွေကို ရှောင်ဖို့အတွက် ကြိုးစားလေ့ရှိကြတယ်။ ဒါပမယ့် အဲ့လိုလုပ်မဲ့အစား ကိုယ်မလုပ်ဖုးပေမယ့် ဖြစ်အောင်လုပ်မယ် မသိရင် သိတဲ့သူတွေကို မေးမယ်ဆိုပြီးတော့ ဒီတာဝန်တွေကို ယူမယ်ဆိုလို့ရှိရင် ဘယ်လာက်ပဲ အချိန်တိုတို လုပ်ပေါ့ ကိုယ်မလုပ်ဖူးတာတွေ လုပ်ရင်း ယုံကြဘ်ချက်ပိုရှိလာသလို အတွေ့အကြုံလည်းပိုတိုးလာမယ်လို့ အစ်ကိုယုံတယ်"


မေး :အလုပ်တစ်ခုကနေတစ်ခုပြောင်းရင် အရေးကြီးဆုံး Transferable skill တွေက ဘာဖြစ်မလဲ?


ဖြေ : "အလုပ်တစ်ခုနဲ့ တစ်ခုပြောင်းပြီဆိုရင် transferable ဖြစ်တဲ့ Skills တွေက အများကြီးပဲပေါ့။ အဲ့ထဲကမှ အရေးကြီးဆုံး ဖြစ်တာတွေပြောပါဆိုရင် အခုခေတ်က Digital ခေတ်ဖြစ်တဲ့အလျောက် Digital tools တွေပို သုံးတတ်ဖို့ကတော့ ဘယ်အလုပ်မှာဖြစ်ဖြစ်လိုအပ်တယ်။ ဥပမာ Social media သုံးတာ ပြီးရင် Office suite တွေသုံးတာ စတဲ့ Digital skills တွေလိုတာပေါ့။


နောက်တစ်ခုအနေနဲ့ဆို Communication skill ျတွ အရေးကြီးတယ်။ Communication skill တွေက ဘာလို့ အရေးကြီးတာလဲဆိုရင် အလုပ်လုပ်ပြီဆိုရင် အမြဲတမ်း ကိုယ့် Team နဲ့ ဒါမှမဟုတ် အခြားTeam နဲ့ Company အတွင်းမှာ ဒါမှမဟုတ် အခြား Company နဲ့ Collaborate လုပ်ရတာတွေ အများကြီးရှိတာကိုး။ ဒါကြောင့် ကိုယ်ပြောချင်တဲ့ Message ကို တစ်ဖက်လူပ clear ဖြစ်ဖြစ်နဲ့ နားလည်အောင် Communication skillက အရမ်း အရေးပါတယ်။ Communication လို့ပြောတဲ့နေရာမှာ language skill တစ်ခုထဲမဟုတ်ဘူးပေါ့နော်၊ ဘာသာစကားကို ဘယ်လောက်ပဲ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ပါစေ တစ်ဖက်နဲ့ တစ်ဖက်နားလညိအောင် ပြောတဲ့အခါကြတော့ language ထက်အများကြီးပိုလိုပါတယ်။ အစ်ကိုမြင်တာတော့ အဲ့နှစ်ခုက အရေးအကြီးဆုံးလို့မြင်တယ်၊"


---------------------------------------------------------------------------------------------------------------------------------------------------

Career Marathon Series ရဲ့ အပိုင်းသစ်တွေကို အပတ်တိုင်း တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျ။


#Zawgyi


ျမန္မာႏိုင္ငံကလူငယ္အမ်ားစုလိုပဲ ျမန္မာမွာ ဆယ္တန္းေအာင္ခဲ့တယ္။ ေခတ္အရ ေခတ္စားေနတဲ့ Tourism ကို Singapore မွာ သြားတတ္ရာကစၿပီး တစ္ျခား နယ္ပယ္ေတြ အလုပ္ေတြဘက္ ေျပာင္းျဖစ္ပုံကို ကိုထက္အာကာစိုးက အခုလိုေျပာၾကားပါတယ္။


“အစ္ကိုတို႕ ဆယ္တန္းေအာင္တဲ့ အခ်ိန္မွာ ေခတ္စားေနတာကေတာ့ Tourism ေပါ့။ အဲ့ေတာ့ အစ္ကို Tourism Diploma ကို Singapore မွာသြားတတ္တယ္။ တစ္နွစ္တက္ျပီးေတာ့ တျဖည္းျဖည္းသိလာတာကေတာ့ ငါ Business ပိုင္းသြားခ်င္တာေပါ့။ ဒါေပမယ့္ အဲ့အခ်ိန္မွာ အစ္ကို စကားေျပာရတာကိုမၾကိဳက္ဘူး။ တစ္ေယာက္ထဲ ေနရတာကို ပိုသေဘာက်တယ္။ Accounting ဆိုရင္ အနည္းဆုံးေတာ့ လူေတြနဲ႕ သိပ္ျပီး စကားေျပာစရာမလိုဘုးဆိုျပီးေတာ့ PSB academy မွာ BCom Accounting နဲ႕ သြားတက္တယ္။ ေက်ာင္းျပီးသြားတဲ့ အခ်ိန္က်ေတာ့ အစ္ကို႕ရဲ႕ Personality က ေတာ္ေတာ္ေျပာင္းသြားျပီ လုေတြနဲ႕ စကားေျပာရတာလဲၾကိဳက္သြားျပီ။ ဘာေၾကာင့္လဲဆိုေတာ့ Volunteer ေတြ ဝင္လုပ္ေက်ာင္းသားအဖြဲ႕အစည္းေတြမွာဝင္ပါျပီး ပြဲေတြလုပ္ဘာညာနဲ႕ေပါ့့။


ေက်ာင္းျပီးေတာ့အစ္ကို အလုပ္ေလွ်ာက္ဖို႕ လုပ္ေနတဲ့ အခ်ိန္မွာ ေက်ာင္းကေနျပီးေတာ့ Management trainee အေနနဲ႕ လုပ္ခ်င္လားဆိုျပီးေတာ့ ငါ Accounting နဲ႕ ဘြဲ႕ရလာတာေပါ့ ဘြဲ႕တစ္ခုလုံး Accounting နဲ႕ ေလ့လာျပီးေတာ့ Accounting နဲ႕ မလုပ္ရတည အရမ္း နွေျမာတာေပါ့ေနာ္။ ေသခ်ာစဥ္းစားျပီးေတာ့ Management trainee လုပ္လိုက္မယ္ဆိုျပီးေတာ့ Management trainee အေနနဲ႕ Department သုံ:ခုမွာ နွစ္လတစ္ခါေလာက္ ေျပာင္းလုပ္ရတယ္။ ျပီးေတာ့ အဲ့မွာ အစ္ကို South East Asia region ရယ္ Korea ရယ္ရဲ႕ Country manager ကို Support လုပ္ရတယ္။ အဲ့အစ္မ ထြက္သြားေတာ့ အစ္ကို႕ကို Laosရယ္ Myanmar ရယ္ Cambodia ရဲ႕ Country manager အေနနဲ႕ တာဝန္ယူခိုင္းတယ္။


နဲနဲၾကာလာေတာ့ ဟိုဘက္မွာ အလုပ္ထြက္ျပီးေတာ့ ျမန္မာနိုင္ငံျပန္လာတယ္။ ျပီးေတာ့ company ေထာင္တယ္။ ေလးငါးနွစ္ေနေတာ့ မဟုတ္ေသးဘူး ဒီတိုင္းဆက္သြားရင္ အဆင္မေျပဘူးဆိုျပီးေတာ့ Company ကေန အစ္ကိုထြက္လိုက္တယ္။ထြက္ျပီးေတာ့ Phandeeyar မွာ Entrepreneurship Program manager အေနနဲ႕ ဝင္တယ္။ အစ္ကို Founder institute တို႕ Startup challenge တို႕ကို Run ခဲ့တယ္။ Phandeeyar မွာပဲ အစ္ကို Senior Accelerator Manager ျဖစ္သြားတယ္။ အဲ့မွာAccelerator program ကို ကိုင္ရတယ္။အခုေနာက္ပိုင္းက်ေတာ့ ငါစီးပြားေရး ျပန္လုပ္ခ်င္တယ္ေပါ့ေနာ္ Team ေကာင္းေကာင္းလဲရွိတယ္။ Business idea လဲရွိတာနဲ႕ အလုပ္ထြက္ျပီးေတာ့ အစ္ကိုတို႕ Mitetal.com ကို လုပ္ေနက်တယ္ေပါ့ေနာ္။"


Newday.jobs ရဲ႕ Career Marathon Series ဟာ ေအာင္ျမင္တဲ့ Career Progress ရွိထားတဲ့ Experts ေတြဆီက အၾကံေတြ သင္ခန္းစာေတြကို ျမန္မာ Young professional ေတြ အတြက္ တင္ဆက္ေပးေနတာျဖစ္ပါတယ္။ Ko Htet Arkar Soe ရဲ႕ Career Path ေပၚ မူတည္ျပီး Career Progress ျမန္ျမန္တက္ေအာင္ လုပ္သင့္တဲ့ Tips ေတြကို အခုလို ေမးျမန္းတင္ျပလိုက္ပါတယ္။


ေမး : ဘာလုိ႕ professional jump လုပ္ခဲ့တာလဲ?


ေျဖ : "ဘာလို႔ Career Change တာလဲ ဆိုလို႔ ရွိရင္ Digital ေခတ္ျဖစ္တဲ့အ ေလ်ာက္ အ ေျပာင္းအလဲက အရမ္းမ်ားတယ္ ကိုယ္အ ေတြ့အၾကံဳ မ်ားလာတာနဲ႔ အမွ် စဥ္းစားတဲ႔ ပံုလည္းေျပာင္းလာတယ္ ေနာက္ျပီးက ေတာ့ အကို Change တဲ့ အခ်ိန္တိုင္း အကို အဲ့ အခ်ိန္မွာ ဘာစိတ္ဝင္စားလဲေပါ့ေနာ္ အဲ့အ ေပၚမူတည္ျပီး Change လုပ္တယ္ အဲ့ေတာ့ အကို change တဲ့အခါမွာ ဘယ္လို စဥ္းစားလဲ ဆိုလို႔ရွိရင္ အဲ့အခ်ိန္ေပၚမွာ အကို ဘာလုပ္ခ်င္တာလဲ ဒီက ေနျပီးေတာ့ ေနာက္တဆင့္ တက္ဖို႔ဆိုရင္ ဘယ္လုိ ပညာရပ္ေတြ ဘယ္လို အေတြ့အၾကံဳ လိုလဲေပၚမူတည္ျပီး အကို ေရြးခ်ယ္တယ္"


ေမး : လုပ္ငန္းခြင္တစ္ခုမွာ တိုးတက္ဖို႕ဆို ဘာေတြလိုအပ္လဲ?


ေျဖ : "အစ္ကိုျမင္တာကေတာ့ ကိုယ္တိုးတက္ဖို႕အတြက္ဆိုရင္ ကုိယ့္လုပ္ငန္းတိုးတက္ဖို႕က အရမ္းအေရးၾကီးတယ္ေပါ့။ အျမဲတမ္းအစ္ကိုလုပ္ေလ့ရွိတာကေတာ့ Companyရဲ႕ mission၊ visionကို နားလည္ေအာင္အရင္လုပ္တယ္။ ၿပီးရင္ အစ္ကိုအေရးႀကီးတာ္လို႔ျမင္တာ (၃)ခ်က္႐ွိတယ္။


ပထမတစ္ခ်က္ကေတာ့ ကိုယ္လုပ္တဲ့အလုပ္ေပၚမွာ Ownershipယူတာ၊ ပိုင္႐ွင္ Mindset လိုမ်ိဳး႐ွိဖို႔လိုတယ္။ အစ္ကိုတို႔အေနနဲ႔ Company တစ္ခုမွာ အလုပ္လုပ္တဲ့အခါမွာ ကိုယ့္Companyလို႔ သေဘာထားလိုက္ၿပီဆိုရင္ ကိုယ့္အေနနဲ႔ ဘယ္လိုမ်ိဳးပိုေကာင္းေအာင္လုပ္မလဲ။ ကိုယ္လုပ္တဲ့အလုပ္တင္မကဘူး Processေပၚမွာ ဘယ္လိုမ်ိဳး Contribute လုပ္လို႔ရမလဲ၊ ပိုျမန္ေအာင္ဘယ္လိုလုပ္လို႔ရမလဲ၊ ဒီ Process ကို ပိုေကာင္းေအာင္ ဘယ္လိုလုပ္လို႔ရမလဲဆိုတာ အျမဲစဥ္းစားျဖစ္တယ္ေပါ့ေနာ္။ စဥ္းစားတာနဲ႔မၿပီးသြားဘူးေပါ့ အျမဲတမ္းဒီProcess ကို ဒီအလုပ္ကို ပိုေကာင္းေအာင္ႀကိဳးစားေနတာေပါ့။ တကယ္လို႔ ကိုယ့္မွာ Idea ေတြ႐ွိတယ္ဆိုရင္လဲ ကိုယ့္ရဲ႕ Reporting officer နဲ႔ ဒါမွမဟုတ္ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ တိုင္ပင္ၿပီး Company-wide implement လုပ္လို႔ရေအာင္ ေဆြးေႏြးေလ့႐ွိတယ္ေပါ့


ေနာက္တစ္ခုကက်ေတာ့ Responsibilityေပါ့ ကိုယ္လုပ္တဲ့ အလုပ္ေပၚမွာ မွားမွားမွန္မွန္တာဝန္ယူရဲတာမ်ိဴးေပါ့။ အစ္ကိုတို႔ဆိုလဲမွားခဲ့တာေတြအမ်ားႀကီးပဲ။ လူတိုင္းလဲမွားတာပဲ၊ ဘာလို႔လဲဆိုေတာ့ လူရယ္လို႔ျဖစ္လာရင္ အမွားနဲ႔မကင္းဘူးေလ။ မွားတာက ျပႆနာမဟုတ္ဘူး။ အဓိကအေရးႀကီးတာက မွားလို႔႐ွိရင္ ကိုယ္လုပ္တာမွားသြားတယ္ဆိုတာကို တာဝန္ယူရဲဖို႔ျဖစ္တယ္။ ၿပီးရင္ ဒီအမွားေပၚမွာအျမဲေလ့လာေနၿပီးေတာ့ ထပ္တူညီတဲ့ အမွားမ်ိဳးမမွားပဲ ပိုၿပီးေကာင္းေအာင္ပဲလုပ္ဖို႔အေရးႀကီးတယ္။


ေနာက္ဆုံးအခ်က္အေနနဲ႔ အေရးႀကီးတာကေတာ့ Passion ေပါ့ေနာ္။ ကိုယ္လုပ္ေနတဲ့ အလုပ္ကိုခ်စ္ဖို႔ အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။အစ္ကိုအျမဲတမ္း ကိုယ့္ကို ဆန္းစစ္ေလ့႐ွိတယ္။ ငါဒီအလုပ္မွာ လုပ္ရတာေပ်ာ္ရဲ႕လား။ ဘာေၾကာင့္လဲဆိုေတာ့ ေပ်ာ္မွလဲ ခုနက ေ႐ွ႕ႏွစ္ခုျဖစ္တဲ့ Ownershipယူတာရယ္ Responsibility ယူတာရယ္ လုပ္ႏိုင္မွာ။ အဲ့ေတာ့ အစ္ကို မေပ်ာ္ေတာ့ဘူးဆိုရင္လည္း အစ္ကို႔အေနနဲ႔ Career ခ်ိန္းသင့္ၿပီလား အျမဲစဥ္းစားေလ့႐ွိတယ္။ "


ေမး : အလုပ္တစ္ခုကေန အခ်ိန္တိုတြင္း အေတြ႔အၾကဳံ ျပည့္ျပည့္ဝဝရေအာင္ ဘယ္လုိလုပ္သင့္လဲ?


ေျဖ : "အလုပ္လုပ္တဲ့ ေနရာမွာ အေတြ႕အၾကဳံအျပည့္အဝ လိုခ်င္တယ္ဆိုရင္ ကြ်န္ေတာ္ယုံႀကည္တာကေတာ့ အလုပ္လုပ္ေနရင္း ကိုယ့္အထက္လူၾကီး ဒါမွမဟုတ္ရင္ ကိုယ့္လုပ္ေဖည္ကိုင္ဖက္ေတြက ကိုုယ္မလုပ္ဖူးတဲ့ အရာေတြ ကိုယ္လုပ္နိုင္ပမလားလို႔ Doubt ျဖစ္တဲ့ အရာေတြကို လႊဲေပးလာတဲ့ အခ်ိန္ေတြရွိလိမ့္မယ္။ အဲ့မွာတစ္ခ်ိဳ႕ေတြ အေနနဲ႕ ျဖစ္တတ္တာက မလုပ္ဖူးတဲ့ အတြက္ မွားသြားလို႕ရွိရင္ ဘယ္လိုျဖစ္မလဲဆိုတာ စိတ္ပူျပီးေတာ့ ဒီတာဝန္ေတြကို ေရွာင္ဖို႕အတြက္ ၾကိဳးစားေလ့ရွိၾကတယ္။ ဒါပမယ့္ အဲ့လိုလုပ္မဲ့အစား ကိုယ္မလုပ္ဖုးေပမယ့္ ျဖစ္ေအာင္လုပ္မယ္ မသိရင္ သိတဲ့သူေတြကို ေမးမယ္ဆိုျပီးေတာ့ ဒီတာဝန္ေတြကို ယူမယ္ဆိုလို႕ရွိရင္ ဘယ္လာက္ပဲ အခ်ိန္တိုတို လုပ္ေပါ့ ကိုယ္မလုပ္ဖူးတာေတြ လုပ္ရင္း ယုံၾကဘ္ခ်က္ပိုရွိလာသလို အေတြ႕အၾကဳံလည္းပိုတိုးလာမယ္လို႕ အစ္ကိုယုံတယ္"


ေမး :အလုပ္တစ္ခုကေနတစ္ခုေျပာင္းရင္ အေရးၾကီးဆုံး Transferable skill ေတြက ဘာျဖစ္မလဲ?


ေျဖ : "အလုပ္တစ္ခုနဲ႕ တစ္ခုေျပာင္းျပီဆိုရင္ transferable ျဖစ္တဲ့ Skills ေတြက အမ်ားၾကီးပဲေပါ့။ အဲ့ထဲကမွ အေရးၾကီးဆုံး ျဖစ္တာေတြေျပာပါဆိုရင္ အခုေခတ္က Digital ေခတ္ျဖစ္တဲ့အေလ်ာက္ Digital tools ေတြပို သုံးတတ္ဖို႕ကေတာ့ ဘယ္အလုပ္မွာျဖစ္ျဖစ္လိုအပ္တယ္။ ဥပမာ Social media သုံးတာ ျပီးရင္ Office suite ေတြသုံးတာ စတဲ့ Digital skills ေတြလိုတာေပါ့။


ေနာက္တစ္ခုအေနနဲ႕ဆို Communication skill ်တြ အေရးၾကီးတယ္။ Communication skill ေတြက ဘာလို႔ အေရးၾကီးတာလဲဆိုရင္ အလုပ္လုပ္ျပီဆိုရင္ အျမဲတမ္း ကိုယ့္ Team နဲ႕ ဒါမွမဟုတ္ အျခားTeam နဲ႕ Company အတြင္းမွာ ဒါမွမဟုတ္ အျခား Company နဲ႕ Collaborate လုပ္ရတာေတြ အမ်ားၾကီးရွိတာကိုး။ ဒါေၾကာင့္ ကိုယ္ေျပာခ်င္တဲ့ Message ကို တစ္ဖက္လူပ clear ျဖစ္ျဖစ္နဲ႕ နားလည္ေအာင္ Communication skillက အရမ္း အေရးပါတယ္။ Communication လို႔ေျပာတဲ့ေနရာမွာ language skill တစ္ခုထဲမဟုတ္ဘူးေပါ့ေနာ္၊ ဘာသာစကားကို ဘယ္ေလာက္ပဲ ကြၽမ္းကြၽမ္းက်င္က်င္ေျပာႏိုင္ပါေစ တစ္ဖက္နဲ႔ တစ္ဖက္နားလညိေအာင္ ေျပာတဲ့အခါၾကေတာ့ language ထက္အမ်ားႀကီးပိုလိုပါတယ္။ အစ္ကိုျမင္တာေတာ့ အဲ့ႏွစ္ခုက အေရးအႀကီးဆုံးလို႔ျမင္တယ္၊"


---------------------------------------------------------------------------------------------------------------------------------------------------

Career Marathon Series ရဲ႕ အပိုင္းသစ္ေတြကို အပတ္တိုင္း တင္ဆက္ေပးမွာျဖစ္လို႕ ေစာင့္ေမ်ွာ္ၾကည့္ရႈေပးၾကပါဦးဗ်။



Back

You will receive the email for your email confirmation. Please check!