How to Work Remotely

Productive 12 Mar 2020
How to Work Remotely | Blog from New Day Jobs

Khai Deih Neam

Digital Marketing Executive

ယခုအခါမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန့်ပွားလာတဲ့ COVID 19 ကို WHO ကနေ ကပ်ရောဂါအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးကို မထုတ်လုပ်နိုင်သေးတဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်ခြင်းကို အထူးပြုလုပ်သင့်ပါတယ်။ကြိုတင်ကာကွယ်နည်းတစ်ခုကတော့ လူစုလူဝေးများတဲ့ နေရာကို ရှောင်ပြီးတော့ အိမ်မှာနေဖို့ပါပဲ။အဲ့အတွက်ကြောင့် လုပ်ငန်းရှင်အများစုကတော့ အိမ်ကနေ အလုပ်လုပ်ဖို့ ကို ပြင်ဆင်ပေးကြပါတယ်။ဒါပေမယ့် အိမ်ကနေ အလုပ်လုပ်ရတဲ့အခါမှာ အလုပ်မတွင်မှာနဲ့ အချိန်ဆွဲမိမှာ ကြောက်ကြပါတယ်။အဲ့လိုမဖြစ်ကြဖို့ အောက်က နည်းလမ်းတွေကို လိုက်နာသင့ပါတယ်။

Source : internet

၁။ အလုပ်သွားသလိုပဲ ဝတ်စားဆင်ယင်ပါ

ကျွန်တော်တို့အများစုက ရုံးသွားစရာ မလိုဖူးဆိုပြီးတော့ အိမ်နေရင်းနဲ့ အလုပ်လုပ်ကြပါတယ်။ဒါပေမယ့် အဲ့လို ဝတ်ဆင်ရင် အရမ်းပေါ့ပါးသွားပြီး အလုပ်လုပ်တဲ့အခါ serious မဖြစ်ကြတော့ပါဘူး။အဝတ်အစားကြောင့် အိမ်မှာပါပဲလေ ပေါ့ပေါ့ပါးပါးဆိုပြီး အလုပ်လုပ်ရမယ့်အခါ TV တွေ ကြည့်နေမိမယ်၊တခြားအလုပ်နဲ့ မဆိုင်တာတွေကို လုပ်နေမိမယ်ဆိုရင်တော့ သင် remote လုပ်တာက ရုံးပိတ်ပေးပြီး အနားယူတာနဲ့ တူနေပါလိမ့်မယ်။အဲ့တာကြောင့် အိမ်နေရင်းအင်္ကျီ ကြီးနဲ့ အလုပ်မလုပ်ပဲ ကိုယ့်ကို serious ဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ပြီး အလုပ်လုပ်ကြရအောင်။

၂။ အနှောင့်အယှက်မရှိတဲ့ နေရာမှာ အလုပ်လုပ်ပါ။

အိမ်မှာ အလုပ်လုပ်ရင် အိမ်က လူတွေက စကားခဏခဏ လာပြောတာ၊TV ဖွင့်ထားလို့ ဝင်ကြည့်လိုက်တာ အစရှိတဲ့အရာတွေကို အလုပ်ကို မပြီးမြောက်စေပါဘူး။ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ပဲ အနှောင့်အယှက်တွေနောက်ကို လိုက်ပြီး လုပ်နေမယ်ဆိုရင် သင့်ရဲ့ Performance ကို ကျစေမှာ ဖြစ်တဲ့အတွက် အလုပ်ကို အာရုံစူးစိုက်မှုကောင်းစေတဲ့ နေရာမှာပဲ အလုပ်လုပ်ပါ။

၃။ အနည်းဆုံး နှစ်နာရီတစ်ကြိမ် သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ Check Up လုပ်ပါ။

အိမ်မှာ အလုပ်လုပ်တာက သင်ကို လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားစေဖို့ မဟုတ်ပါဘူး။တစ်ချို့သူတွေက အိမ်မှာ အလုပ်လုပ်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဆက်သွယ်တော့ပဲ တယောက်တည်း သီးသန့် ဖြစ်သွားတတ်ပါတယ်။အဲ့တာကြောင့် work from home လုပ်တယ်ဆိုရင်တောင်မှ ကိုယ် Process ကို သူများ သိအောင် သူများ process ကိုလည်း ကိုယ်သိအောင် အမြဲ check up မလုပ်နိုင်တောင် နှစ်နာရီခြားတစ်ခါတော့ ပြုလုပ်ပေးပါ။

၄။အစားအသောက်ကို သတ်မှတ်ထားပါ။

သင်အနေနဲ့ work from home လုပ်တဲ့အခါမှာ ရုံးလိုမဟုတ်ပဲ စားချင်တဲ့အချိန် စား သောက်ချင်တဲ့အချိန်သောက်ဖို့ အခွင့်အရေးရပါတယ်။အဲ့လိုအချိန်မှာ ကိုယ့်က snack တွေအများကြီးစားမယ်၊အာဟာရမဖြစ်တာတွေပဲ စားမယ်ဆိုရင်တော့ သင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။အဲ့အတွက်ကြောင့် အိမ်မှာ အလုပ်လုပ်နေရင်တောင်မှ သင့်အစားအသောက်ကို သတိထားပါ။စားသင့်တဲ့အချိန်မှာ စားပြီး သင့်အတွက် ခွန်အားမဖြစ်တာတွေ စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၅။ တစ်နေ့တာ လုပ်ရမှာတွေကို ချမှတ်ထားပါ။

သင့်အနေနဲ့ တစ်ရက်တာ ပြီးဆုံးရမယ့် goal တွေ ချမှတ်မထားရင် အလုပ်ပြီးမြောက်မှာ မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ သင့်က ရုံးမှာ လုပ်တာမဟုတ်တဲ့အတွက် ရုံးလောက် commitment ရှိမှာ မဟုတ်ဘူး။ရုံးလိုမျိုး လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ရတာ မဟုတ်တဲ့အတွက် ထင်သလောက် အလုပ်တွင်မှာ မဟုတ်ပါဘူး။အဲ့တာကြောင့် မနက်အလုပ်စလုပ်မယ်ဆိုကတည်းက ညနေ မှာ ပြီးဆုံးချင်တဲ့ အလုပ်တာဝန်တွေကို ရေးထားမယ်ဆိုရင် တစ်နေ့တာ အတွက် သင်ဘာလုပ်ခဲ့လဲဆိုတာကို track လုပ်နိုင်မှာ ဖြစ်ပါတယ်။

၆။ သင်လုပ်ခဲ့တာတွေကို team နဲ့ Update လုပ်ပါ။

သင်လုပ်ခဲ့တဲ့ အလုပ်တွေကို သင့် team ရဲ့ Vision,mission တွေနဲ့ align ဖြစ်ရဲ့လားဆိုတာကို သိနိုင်ဖို့ တစ်နေ့တာ ကုန်ဆုံးတိုင်း team ကို သင်ဘာလုပ်ခဲ့လဲဆိုတာကို ပြောပြပါ။မနက်ဖြန် သင်ဘာလုပ်မှာလဲဆိုတာကို ပြောပြပါ။ဖြစ်နိုင်ရင် Update ပေးပါ။

အထက်က အကြောင်းအရာတွေကတော့ work from home လုပ်တဲ့အခါကျ လိုက်နာသင့်တဲ့ နည်းလမ်းများပဲ ဖြစ်ပါတယ်။အားလုံးပဲ ကျန်းမာပြီး အလုပ်အကိုင်တွေလည်းအောင်မြင်နိုင်ပါစေ။


New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာကို တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း ရှာဖွေနိုင်တဲ့ Website ဖြစ်ပါတယ်။အလုပ်အကိုင်များကို New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။

Back

You will receive the email for your email confirmation. Please check!