Importance of Body Language in the Workplace

Importance of Body Language in the Workplace | Blog from New Day Jobs

Khai Deih Neam
Digital Marketing Executive


လုပ်ငန်းခွင်မှာ body language က ဘာကြောင့် အရေးပါတာလဲ?

သုသေတနများအရ လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှု ပြုလုပ်တဲ့အခါမှာ body language လို့ ခေါ်တဲ့ ကိုယ်အမူအရာ အသုံးချမှုအပေါ်မှာ ၅၅ ရာခိုင်နှုန်း၊အသံအနိမ့်အမြင့် အသုံးချမှုက ၃၃ ရာခိုင်နှုန်း နဲ့ စကားလုံးသုံးနှုန်းမှုက တော့ ၇ ရာခိုင်နှုန်း မူတည်နေပါတယ်။Body Language လို့ ပြောတဲ့အခါမှာ ပါးစပ်နဲ့ ပြောဆိုရတဲ့ အရာကို ပြောတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ မျက်နှာအနေအထားပုံစံ၊စကားပြောတဲ့ အခါမှာ ကိုယ်အသုံးပြုတဲ့ ကိုယ်ဟန်အနေအထား၊ကိုယ်ပိုင်နေရာ လို့ခေါ်တဲ့ personal space ယူသည့်ပုံစံ၊လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံ နှင့် မျက်လုံးအကြည့်လို့ ခေါ်တဲ့ eye-contact တို့ကို ဆိုလိုပါတယ်။လုပ်ငန်းခွင်မှာ ကျွန်တော်တို့ ပြောဆိုတဲ့ ပုံစံနဲ့ တွေးခေါ်တဲ့ ပုံစံတွေက အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။လုပ်ငန်းခွင်မှာ body language အသုံးပြုဖို့ရန်နားလည်ထားခြင်းက ခန္ဓာကိုယ်မှာ သွေးလည်ပတ်သလို အရေးကြီးလှပါတယ်။

ဘယ်နေရာမှာ၊ဘယ်အချိန်မှာ ဘယ်လို body language သုံးမယ်ဆိုတာကို သတိချပ်ထားသင့်ပါတယ်။ပတ်ဝန်းကျင် အခြေအနေပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။

၁။ မျက်နှာအမူအရာ အနေအထား

မျက်နှာအမူအရာက ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊စိတ်ခံစားချက်တွေကို ဖော်ပြရန်အတွက် အဓိကအကျဆုံး ဖြစ်ပါတယ်။ကျွန်တော်တို့ စကားမပြောရင်တောင်မှ မျက်နှာ အမူအရာကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့ ပြောလိုတဲ့ အရာတွေကို နားလည်နိုင်ပါတယ်။အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ မျက်နှာအမူအရာများကို သတိထားဖို့လိုပါတယ်။

၂။ ကိုယ်နေဟန်ထား

ကိုယ်နေဟန်ထားကို ကျွန်တော်တို့ ပုခုံး၊လက် နှင့် ပါးစပ်လှုပ်ရှားပုံတွေမှ တဆင့် တွေ့နိုင်ပါတယ်။ကိုယ့်ရဲ့ သူဌေး ရှေ့မှာပဲဖြစ်ဖြစ်၊အထက်လူကြီး ရှေ့မှာပဲဖြစ်ဖြစ် စကားပြောတဲ့အခါမှာ ပုခုံးတွေကို သက်တောင့်သက်သာထားခြင်းက ကောင်းမွန်ကိုယ်နေဟန်ထားကို ပြနေခြင်းဖြစ်ပါတယ်။စကားပြောနေတဲ့အခါ လက်အမှုအရာကို သုံးခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိဟန် ပေါ်စေပါတယ်။နှုတ်ခမ်းကို ကိုက်နေတာမျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါး အပြုံးလေးဆောင်ခြင်းကလည်း ပိုပြီး တောက်ပစေပါတယ်။

လုပ်ငန်းခွင်ထဲမှာ ထိုင်နေတာပဲ ဖြစ်ဖြစ် ရပ်နေတာပဲဖြစ်ဖြစ် body language က အများကြီးသက်ရောက်ပါတယ်။မတ်တပ်ရပ်တဲ့ အခါမှာ ကိုယ်ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို အညီအမျှထားပြီး ရပ်တာဟာ ကိုယ့်ရဲ့ တက်ကြွခြင်းကို ပုံဆောင်ပါတယ်။ထိုင်တဲ့အခါမှာလည်း ခြေထောက်ကို ငြိမ်ငြိမ်ထားပြီး ထိုင်ပါ။

၃။ Personal space ခေါ် ကိုယ်ပိုင်နေရာ

ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ အရေးကြီးဆုံး အရာက personal space လို့ခေါ်တဲ့ ကိုယ်ပိုင်နေရာဖြစ်ပါတယ်။အကယ်၍ ကိုယ့် အထက်လူကြီးနဲ့ စကားပြောဆိုတဲ့အခါ တစ်ပေခွဲ သို့မဟုတ် လေးပေခွဲ အကွာမှ ပြောခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်သွေးကိုလည်း မြင်စေသလို ယုံကြည်ချက်လည်းရှိလာမှာ ဖြစ်ပါတယ်။

၄။ လက်ဆွဲနှုတ်ဆက်ခြင်း

လက်ဆွဲနှုတ်ဆက်ခြင်းကတော့ လုပ်ငန်းခွင်မှာ အရေးပါတဲ့ body language ဖြစ်ပြီး ကျွန်တော်တို့ရဲ့လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံက ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလား၊၊ကျွန်တော်တို့ ဘယ်လောက် အလုပ်လုပ်နိုင်လဲ ဆိုတဲ့ အရာတွေကို ခန့်မှန်းနိုင်ပါတယ်။

၅။ Eye-contact ပေးခြင်း

အလုပ်ကိစ္စ စကားပြောတဲ့အခါမှာ eye-contact မပေးခြင်းက လက်မခံနိုင်ဖွယ်ရာ အချက်ဖြစ်ပါတယ်။အလုပ်ကိစ္စ ပြောနေစဉ်မှာ အကြည့်လွှဲနေတာမျိူးက စိတ်မဝင်စားတာ၊တဖက်လူကို အလေးမထားတာမျိုး သက်ရောက်နေပါတယ်။eye-contact ကို ၁၀၀ ရာခိုင်နှုန်း မပေးလျှင်တောင် ၆၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းလောက် ပေးသင့်ပါတယ်။

လုပ်ငန်းခွင်ထဲမှာဆိုရင် ပြောလိုက်တဲ့ စကားလုံးများထက် body language က ပိုအရေးကြီးပါတယ်။အထက်မှာ ဖော်ပြထားတဲ့ အရာတွေကတော့ လုပ်ငန်းခွင်မှာ အသုံးချနိုင်မည့် ရိုးရိုးရှင်းရှင်း နည်းလမ်းများ ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို New Day Jobs မှာ လျှောက်ထားနိုင်ပါတယ်။

Back

You will receive the email for your email confirmation. Please check!