Khai Deih Neam
Digital Markeitng Executive
2020 မှာ အလုပ်ရှာရန် tips များ
နှစ်စဟာ သင့် CV ကို မြှင့်တင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။စိတ်သစ် လူသစ်နဲ့မို့ ဘာပဲလုပ်လုပ် စိတ်အားထက်သန်နေတဲ့ အချိန် ဖြစ်တဲ့အတွက်ကြောင့် CV ကို ကောင်းကောင်းပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။CV တစ်ခုတည်းကိုပဲ မပြင်ဆင်ပဲ သင့် Linkedin ကိုပါ ပြန်လည်ပြင်ဆင်သင့်ပါတယ်။Linkedin ကို ကောင်းကောင်းပြင်ဆင်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို New Day Jobs ရဲ့ live video မှာ တွေ့နိုင်ပါတယ်။
.
၂။ လိုအပ်တဲ့ Skill တွေကို ဖြည့်ပါ။
ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလာတဲ့အတွက် လိုအပ်လာတဲ့ skill တွေကလည်း ပြောင်းလဲလာပါတယ်။ Communication skill,time management စတာတွေအပြင် Data တွေနဲ့ တွင်တွင်ကျယ်ကျယ် အလုပ်လုပ်ရတဲ့ အခုရာစုမှာ data literacy skill တွေ၊ရှောင်လွဲလို့ မရအောင် အသုံးပြုရမယ့် digital literacy skill တွေမှာ ကျွမ်းကျင်မှုရှိနေမှသာ သင့်အနနေဲ့ သူများထက် တစ်ပန်းသာနေမှာ ဖြစ်ပါတယ်။
၃။ လက်ရှိအလုပ်ကိုလဲ မလစ်ဟင်းပါစေနဲ့
သင့်အနေနဲ့ အလုပ်ရှာတဲ့အခါ အလုပ်အသစ်အတွက်ပဲ အရမ်းစိတ်လှုပ်ရှားနေတာမျိုး မဖြစ်သင့်ပါဘူး။လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုလဲ တန်ဖိုးထားပြီး သင့်ရဲ့ တာဝန်တွေကိုလည်း ကျေပွန်ရပါမယ်။အဲ့တာအပြင် အလုပ်အသစ်အတွက် recommendation တောင်းဆိုတဲ့အခါမှာ သင့်အလုပ်ရှင်နဲ့ သင်အဆင်ပြေတဲ့ ဆက်ဆံရေးရှိနေဖို့ အရေးကြီးပါတယ်။အလုပ်အသစ်ကို Lunch breaks သို့မဟုတ် သင့်ကိုယ်ပိုင်အချိန်မှာသာ ရှာပါ။Interview ဖြေရမယ်ဆိုရင်လည်း Hiring manager ကို ပွင့်ပွင့်လင်းလင်းနဲ့ သင်ရုံးချိန် လာလို့ မရြကောင်းပြောပြပါ။သူတို့က သင့်ကိုလေးစားမှုနဲ့ သင်နဲ့ အဆင်ပြေတဲ့ အလုပ်ချိန်ကို ချိန်းပေးပါလိမ့်မယ်။
.
၄။ ဖြေဖို့ ခက်ခဲတဲ့ မေးခွန်းတွေအတွက် ပြင်ဆင်ထားပါ
Interview ဖြေတိုင်း ခက်ခဲတဲ့မေးခွန်းတွေ ဥပမာ psycho test တွေ၊analytical test တွေ ဖြေရပါတယ်။အဲ့တာတွေအတွက် ကြိုတင်လေ့ကျင့်ပါ။သင် လျှောက်တဲ့ company အလိုက် မေးခွန်းပုံစံတွေ မတူတတ်တာကြောင့် စုံစမ်းမေးမြန်းထားပြီး ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။Interview မှာ ဘယ်လို တောက်ပအောင်လုပ်ရမလဲဆိုတာကို သိချင်ရင်တော့ https://bit.ly/36hnt6C ကြည့်နိုင်ပါတယ်။
.
အားလုံးပဲ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရကြပါစေ။New Day Jobs website မှာလည်း မြန်မာနိုင်ငံတဝှမ်းလုံးက အလုပ်တွေကို တစ်နေရာတည်းမှာ ရှာဖွေနိုင်ပါတယ်။