Learn English Better

Personal Upgrade 09 Jun 2020
Learn English Better | Blog from New Day Jobs

Khant Zaw Hein

Digital Marketing Executive


Englishစာ သင်တန်းတွေတက်ပါလျက်နဲ့ သိပ်မထိရောက်ဘူးလို့ ခံစားနေရတဲ့ သူတွေအတွက် English Learning Tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေးတတ်၊ပြောတတ်ဖို့ Readingနဲ့ Listeningကောင်းကောင်းလုပ်ထား ဖို့လိုပါတယ်။

ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကားအသစ်တစ်ခုကို လေ့လာပြီဆို Native speaker တွေရဲ့ အရေးအသား၊ အပြောအဆိုပုံစံတွေကို သေချာမသိ၊ မတတ်သရွေ သင့်Englishကတိုးတက်ဖို့ ခက်ပါတယ်။ အဲ့တာကြောင့် Speaking ကောင်းအောင်ဆိုပြီး Speaking အတန်းတွေပဲတက်၊ Writing ကောင်းအောင်ဆိုပြီး Writing ကိုပဲ ကြိုးစားနေတာထက် Native တွေရဲ့ Writing တွေ Speaking usage တွေ၊ Intonation တွေကို Reading နဲ့ Listening ကနေ အရင်လေ့လာသင့်ပါတယ်။ ကြားဖူးမြင်ဖူးပါများလာတဲ့ စကားလုံးအသုံးအနှုန်း၊ Grammar တွေက သင့် Speaking နဲ့ Writing မှာ များစွာ အကျိုးရှိမှာဖြစ်ပါတယ်။

(၂)ကိုယ်စိတ်ဝင်စားတဲ့ အရာကို Englishနဲ့ ပေါင်းစပ်လေ့လာပါ

English ကို စာလိုသက်သက်လေ့လာတာထက် ကိုယ်အရမ်းကြိုက်တဲ့ English movie တစ်ခုကို စာတန်းထိုးမပါပဲ ကြည့်တာ၊ သီချင်းတစ်ပုဒ်ရဲ့ စာသားတွေကို Google မှာ ရှာပြီး လေ့လာတာက learnerအတွက် အပန်းလဲဖြေ၊ ကိုယ်လဲစိတ်ဝင်စားတဲ့ အရာဖြစ်တဲ့အတွက် Englishကို သဘာဝကျကျခံစားလေ့လာနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ Englishဆိုတာ ဘာသာစကားတစ်ခုဖြစ်တဲ့ အတွက် Textbook ကြီးကိုင်ပြီး လေ့လာနေမှ လေ့လာတာမဟုတ်ပါဘူး။ ဥပမာ- သင်မနက်ဖြန် Shopping သွားဖို့ရှိတယ်ဆိုပါစို့။ ကိုယ်ဝယ်ချင်တဲ့ Item တွေရဲ့ English စာလုံးတွေကို ရှဖွေလေ့လာကြည့်ပါ။ ပိုပြီးမှတ်သားရလွယ်ကူတာတွေ့ရပါလိမ့်မယ်။