လုပ်ငန်းခွင်မှာ ကိုယ်ပိုင်သင်ယူမှုအခွင့်အလမ်းများ ဘယ်လိုဖန်တီးမလဲ
အလုပ်မှာ ကျွန်ုပ်လိုအပ်မည် ကြိုတင်ပြင်ဆင်မှု အားလုံးကို စာသင်ကျောင်း သို့မဟုတ် အလုပ်သင် ဆီက ရံဖန်ရံခါမျှသာ စီစဉ်ပေးလေ့ရှိသည်။ ကျွန်ုပ်တို့၏ အလုပ်ခွင် တစ်လျှောက်လုံးမှာ ထူးချွန်ပြီး ဆက်လက်ယှဉ်ပြိုင်နေရန်အလိုငှာ ကျွနု်ပ်တို့သည် အတတ်ပညာပိုင်း ကျွမ်းကျင်မှု အသစ်များကို သင်ယူပြီး တိုးတက်ကောင်းမွန်လာအောင် အမြဲပြုလုပ်ရမည်။ သင်၏ နေ့စဉ်လုပ်ငန်းများထဲမှာ လုပ်ငန်းခွင်သင်ယူမှုအခွင့်အလမ်းများကို ဖန်တီးဖို့ “ဝိုင်း” (Wynee) မှ အောက်ပါ အကြံပေးချက်များကို ဖော်ပြထားပါသည်။ အဲဒီအရာတွေက အရည်အချင်း အသစ်များ ပျိုးထောင်ဖို့ရာ သင်ကို ကူညီနိုင်ပြီး အဲဒီအရည်အချင်းများက သင့်လုပ်ငန်းအခွင့်အလမ်း၏ နောက်ထပ် ခြေလှမ်းများဆီ တွန်းပို့နိုင်မည်။
၁။ နေ့စဉ်မှတ်တမ်းတစ်ခု နေ့တိုင်း ရေးပါ
တစ်နေ့တာ ပြီးဆုံးတိုင်း ခံစားချက်တွေ၊ ပျော်ရွှင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ရယ်စရာကောင်းသော အဖြစ်အပျက်တွေ ပါဝင်ပြီး ဘာတွေ သင် ပြီးမြောက်ပြီးပြီလဲ၊ ဘယ်နေရာမှာ သင် ကြိုးစားရုန်းကန်ရသည်ကိုလည်း မှတ်စုတစ်ခု ပြုလုပ်ပါ။
၂။ တစ်စုံတစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးပါ
သင်ယူမှုပိရမစ် သီအိုရီ အရ သင်၏ သင်ယူမှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခြင်းသည် အလွတ်ကျက်မှတ်မှု (၇၀) ရာခိုင်နှုန်းကျော်မျှ သင်၏ မှတ်မိခြင်းကို တိုးလာနိုင်သည်။ သင့်အတွေ့အကြုံများကို သူငယ်ချင်း၊ မိသားစုဝင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နှင့် ဖွင့်ပြောနိုင်သည့် သူကို ရှာပါ။ သူငယ်ချင်း သို့မဟုတ် အကြံပေး ညွှန်ပြသူ တစ်ယောက်ကလည်းပဲ သင်ကိုယ်တိုင် တိုးတက်ရန်နှင့် ဖြေရှင်းနည်းလမ်းအသစ်များကို သိရှိဖို့ နည်းလမ်းအကြံပြုချက်များကို ကူညီနိုင်သည်။
၃။ ပန်းတိုင်များ ခွဲခြားသတ်မှတ်ပြီး လမ်းပြမြေပုံတစ်ခု ဖန်တီးပါ
---- The article is adapted, with permission to use from http://wyneemyanmar.com/blog. We thank Wynee Myanmar for their generous support. ----