Khai Deih Neam
Digital Marketing Executive
Thingyan အတွင်း လေ့လာနိုင်မယ့် Online Learning Course မ်ား
1. Google Skillshop
တကယ်လို့ သင်က Marketing နယ်ပယ်က သူတစ်ယောက်ဆိုရင် google skillshop မှာ Google နဲ့သက်ဆိုင်တဲ့ tool တွေကို ကျွမ်းကျင်အောင် လုပ်နိုင်ပြီး certificated ပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။Google AD၊Google Marketing Platform အစရှိတဲ့ Marketing နဲ့ဆိုင်တဲ့ tool တွေကို သင်ယူပြီး သင့်ရဲ့ career skill ကို သင်္ကြန်အတွင်းမှာ မြှင့်တင်လိုက်ပါ။
2. Facebook Blueprint
Facebook ကို အမြဲသုံးနေပေမယ့်ပြီး အချိန်ကုန်မယ့်အစား အကျိုးရှိစေမယ့်နည်းလမ်းတစ်ခုကတော့ Facebook Blueprint ပဲဖြစ်ပါတယ်။Facebook Blueprint မှာ Facebook ကို အသုံးပြုပြီး ဘယ်လို ဝင်ငွေရှာလို့ရလဲ၊Instragram ကို အသုံးပြုပြီး ဝင်ငွေဘယ်လိုရှာရမလဲဆိုတာကို သင်ယူနိုင်တာဖြစ်ပါတယ်။Certificate လိုချင်ရင်တော့ ပိုက်ဆံအနည်းငယ်ကုန်ကျပေမယ့် သင်ခန်းစာတွေအားလုံးက အခမဲ့ဖြစ်တဲ့အတွက် အခုပဲ သင်ယူလိုက်ပါ။
3. Skillshare
Skillshare ကတော့ Design ပိုင်းကို အထူးပြုနေတဲ့သူတွေ သိသင့်တဲ့ website ဖြစ်ပါတယ်။သင့်က Illustration ပိုင်း design ပိုင်း စိတ်ဝင်စားတယ်ဆိုရင် အချိန်ပေးရတာတန်တဲ့ website တစ်ခုဖြစ်ပါတယ်။Premium နဲ့သုံးမယ်ဆိုရင် ပိုက်ဆံသွင်းရပေမယ့် Free သုံးခွင့်လည်း ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
4. Coursera
Coursera ကတော့ အများကြီး ပြောစရာမလိုအောင် နာမည်ကြီးပြီးသား online learning platform ဖြစ်ပါတယ်။နယ်ပယ်အလိုက် သင်ခန်းစာတွေ ကို စိတ်ကြိုက်လေ့လာနိုင်ပြီး တချို့ free course တွေအတွက်တောင် certificated ပေးတာဖြစ်လို့ နယ်ပယ်အသစ်ကို လေ့လာလိုတဲ့သူတွေအတွက် အထူးသင့်လျော်တဲ့ website ဖြစ်ပါတယ်။
5. EdX
EdX မှာတော့ Harvard University, MIT နဲ့ Berkeley University အစရှိတဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ သင်ကြားတဲ့ Course တွေကို သင်ယူနိုင်ပါတယ်။သူ့ရဲ့ popular ဖြစ်တဲ့ Course တွေကတော့ Computer Science,Data Science နဲ့ Business Management အစရှိတဲ့ ဘာသာရပ်တွေဖြစ်လို့ IT သမားတွေအတွက် သင့်လျော်တဲ့ Platform ဖြစ်ပါတယ်။
6. Duolingo
ဘာသာစကားလေ့လာချင်တဲ့သူတွေအတွက်ကတော့ ဒီ app လေးက အသုံးဝင်ပါတယ်။Browser မှာကော ဖုန်းမှာပါ သုံးလို့ရတဲ့အတွက်ကြောင့် ဘယ်နေရာကနေပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ဘာသာစကားအသစ်တွေကို လေ့လာနိုင်မှာပါ။သင်ယူစရာ ဘာသာစကားကလည်း ရွေးချယ်လို့ရတဲ့အတွက် တစ်ခါတည်းနဲ့ ဘာသာစကား ၂ ခုလောက် ပြောနိုင်အောင် လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။
New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းထဲမှာ ရှာဖွေ လျှောက်ထားနိုင်တဲ့ Website ဖြစ်ပါတယ်။အလုပ်အကိုင်များကို လျှောက်ထားလိုပါက New Day Jobs မှတဆင့် လျှောက်ထားနိုင်ပါတယ်။