Personal Branding

Personal Branding | Blog from New Day Jobs

Khant Zaw Hein
Former Digital Marketing Intern


"Your personal brand is what people say about you when you are not in the room"


-Jeff Bezos-

Jeff Bezosရဲ့ စကားပေါ် အခြေခံပြီးပြောရမယ်ဆိုရင် Personal Brandဆိုတာ သင်မရှိတဲ့အချိန်မှာ အခြားသူတွေ အပြောအများဆုံး သင့်ရဲ့ Traitပဲဖြစ်ပါတယ်။ Professional field မှာတော့ ကိုယ့်ရဲ့ Expertise နဲ့ ပက်သက်ပြီး သက်ဆိုင်ရာအသိုင်းအဝိုင်းက ဘာအပြောများကြလဲဆိုတာကို ကြည့်ရမှာပါ။ Personal branding စလုပ်နိုင်မယ့် နည်းတွေကို လေ့လာကြရအောင်။

(၁)ကိုယ့်ပေါ် လူတွေဘယ်လိုမြင်လဲ သိအောင်လုပ်ပါ

လက်ရှိကိုယ့်ကို ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ဘယ်လိုမြင်လဲဆိုတာကို Research လုပ်ကြည့်ပါ။အရိုးရှင်းဆုံးနည်းလမ်းနှစ်ခုကတော့ လူတွေကိုယ့်ကိုဆက်ဆံတဲ့ပုံကို အကဲခတ်တာရယ်၊ Anonymous feedback တောင်းတာရယ်ဖြစ်ပါတယ်။ အဓိကတော့ ကိုယ်အခုရှိနေတဲ့ Brand နဲ့ တည်ဆောက်မယ့် Brand ဘယ်လောက်ကွာသေးလဲသိဖို့ပါ။

(၂)ကိုယ့်ကိုယ်ကို သိပါ

Personal Branding လုပ်တယ်ဆိုတာ တစ်ခြားလူတွေအတွက် တန်ဖိုးအရှိဆုံး ကိုယ့်အရည်အချင်းကို အများသိအောင်ဖော်ထုတ်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘယ်အချက်ကို လူသိစေချင်ပြီး branding လုပ်ချင်လဲဆိုတာကို အရင် စဉ်းစားရပါမယ်။ကိုယ့်ရဲ့ အားသာချက်၊အားနည်းချက် နဲ့ တန်ဖိုး၊ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေက ဘာလဲဆိုတာကို အရင် နားလည်ရမယ်။

၃) လူတွေကိုယ့်ကို ဘယ်လို မြင်စေချင်လဲဆိုတာကို သတ်မှတ်ပါ

လူတွေကိုယ့်ကိုတွေ့လိုက်တာနဲ့ ဘာမြင်စေချင်လဲ၊ တွေးစေချင်လဲဆိုတဲ့ ကိုယ့် Brand identity ကို တိတိကျကျသတ်မှတ်ထားပါ။ Brand identity မရှင်းလင်းရင် ကိုယ့်ကို လူတွေမှတ်မိဖို့ခက်ပါမယ်။တကယ်လို့ သင့်ကို လူတွေက Sales ပိုင်းမှာ ကျွမ်းကျင်တဲ့ သူလို့ မြင်စေချင်တယ်ဆိုရင် သင်ဟာ Sales ပိုင်းမှာ ကျွမ်းကျင်ဖို့ လေ့လာမှုတွေ၊အလေ့အကျင့်တွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်

(၄)ဘယ်လိုလူတွေနဲ့ ဆက်သွယ်ချင်တာလဲ သတ်မှတ်ပါ

ကိုယ့် personal brand ကို အသုံးပြုပြီး ဘယ်သူတွေနဲ့ ဆက်သွယ်ပြီး၊ ဘယ်လိုအလုပ်တွေကို လုပ်ချင်လဲသိဖို့လိုပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုက ဘယ်သူတွေအတွက် အသုံးဝင်မလဲဆိုတာကို ဦးစားပေးစဉ်းစားသင့်ပါတယ်။ကိုယ့်နဲ့ မဆိုင်တဲ့ Audience ကို ဆက်သွယ်မယ်ဆို ထိရောက်မှုမရှိနိုင်ပါဘူး။

(၅) Communicate စလုပ်လို့ရပါပြီ

Online ပဲ ဖြစ်ဖြစ် offline ပဲ ဖြစ်ဖြစ်ကိုယ့်ရဲ့ Brand ကို communicate လုပ်ပြီဆိုရင် ရှင်းလင်းပြီး ကိုယ့်ကိုမှတ်မိမဲ့ ကိုယ်ပိုင် စကားကိုသာသုံးပါ။ ကိုယ့်ကိုယ်ကို အတင်းထိုးရောင်းတာမျိုးထက် ကိုယ့်မှာတကယ်ရှိတဲ့ တန်ဖိုးက တစ်ခြားသူတွေကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကိုပဲ focus လုပ်ပါ။ သူတို့အတွက်အသုံးဝင်မယ့် Online Free content ဖြစ်စေ၊ Personal advice ဖြစ်စေပေးနိုင်အောင်ကြိုးစားပါ။


မြန်မာနိုင်ငံတဝှမ်းလုံးမှ အလုပ်အကိုင်များကို New Day Jobs တွင်ရှာဖွေနိုင်ပါတယ်။


Back

You will receive the email for your email confirmation. Please check!