Prioritizing based on Purpose

Workplace Success 30 Oct 2019
Prioritizing based on Purpose | Blog from New Day Jobs

Khant Zaw Hein
Digital Marketing Intern


Prioritizing based on Purpose

နေ့စဉ်အလုပ်ဟာ အဓိပ္ပါယ်မပြည့်ဝဘူးလို့ ခံစားလာရတဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ အလုပ်တော်တော်များများဟာ ကျွန်တော်တို့အတွက် စိတ်ပိုင်းအားဖြင့် ခိုင်မာတဲ့ ဆက်စပ်မှုမရှိလို့ပါ။ Prioritizing လုပ်တယ်ဆိုတာ ကိုယ့်လုပ်ရမယ့် Tasksတွေကိုချရေးပြီး အဲ့Taskတွေကို Rank လုပ်လိုက်တာပဲလို့ တွေးရင် လွယ်တယ်ထင်စရာရှိပါတယ်။ တကယ့်လက်တွေ့မှာ အလုပ်ပြီးဖို့၊ မြန်ဖို့ကျတော့ ပိုနက်နဲသွားပြန်တယ်။ ဒါကိုဖြေရှင်းနိုင်မယ့်နည်းကတော့ ကျွန်တော်တို့အတွက် အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေကိုအခြေခံပြီး Prioritize လုပ်တဲ့နည်းပဲဖြစ်ပါတယ်။


1.ကိုယ့်ကိုအလုပ်မှာ ဘယ်အရာက အားဖြစ်စေလဲရှာပါ။

ပထမဆုံးလုပ်ရမှာကတော့ ကိုယ့်ရုံးမှာ ဘယ်အရာတွေကို လုပ်နေရတဲ့ အချိန်ကကိုယ့်ကိုကိုယ် အဓိပ္ပါယ်ရှိတယ်လို့ခံစားရလဲ ရှာဖွေပါ။ ဥပမာ-ကိုယ်က Customerတွေကို ကူညီရတဲ့အခါ၊ ကိုယ့်အလုပ်ဖော်ကို သူနားမလည်တာတွေရှင်းပြရတဲ့အခါ၊ ကိုယ့်အထက်လူကြီးကို အကြံတွေတင်ပြရတဲ့အခါ၊ စသဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။ ရှိသမျှအကူန်ချရေးပါ။


2.ကိုယ့်ကိုအားဖြစ်စေတာတွေထဲက တန်ဖိုးရှိတာကိုပြန်စစ်ပါ။

ဒီတစ်ဆင့်မှာတော့ အပေါ်ကရေးခဲ့တဲ့ အချက်တွေထဲမှာမှ ဘယ်အရာတော့ နေ့တိုင်းလုပ်လို့မရဘူးလဲ။ ဘယ်အရာကတော့ ကိုယ့်ကြိုက်ရင်တောင် ခဏခဏ မလုပ်သင့်ဘူးလဲဆိုတာကို စစ်ထုတ်ပါ။ဘယ်အရာကို ကိုယ်ထိန်းချုပ်လို့မရဘူးလဲ။အရေးကြီးဆုံးကတော့ ကိုယ့်အတွက်၊လုပ်ငန်းအတွက် ရည်ရှည်မှာ အကျိုးမပြုတဲ့ စိတ်အလိုလိုက်တာမျိုးတော့ ရှောင်ရပါမယ်။ ဘာမလုပ်ရဘူးလဲဆိုတာပြီးမှ ကျန်တဲ့ဟာတွေကို ကျွနိတော်တို့ နေ့စဉ်အလုပ်ကို Prioritize လုပ်တဲ့အချိန်မှာ သုံးမှာပါ။


3.ကိုယ့်အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အလုပ်တွေကို အရင်ဆုံးလုပ်ပါ။

သီအိုရီကတော့ တစ်နေ့တာအလုပ်စရင် ကိုယ့်အတွက် တန်ဖိုးအရှိဆုံး၊ အဓိပ္ပါယ်အရှိဆုံး အလုပ်နဲ့စပါ။ ကိုယ်တကယ်စိတ်ပါတာကို လုပ်ရတဲ့အတွက် အစကောင်းဖြစ်ပြီး တစ်နေ့တာလုံးဆက်လုပ်မယ့်အလုပ်တွေမှာ အဆင်ပြေတာတွေ့ရမှာပါ။နောက်တစ်ခါ ကိုယ့်အတွက်အရမ်းပင်ပန်းမယ့် အလုပ်တွေကို မလုပ်ခင် ကိုယ့်ကိုအားဖြစ်စေတဲ့ ကိုယ့်အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အလုပ်သေးသေးလေးတွေ ခံပြီးလုပ်ကြည့်ပါ။ အလုပ်မှာ မဖြစ်မနေချက်ချင်း လုပ်ရမဲ့ Urgent taskတွေကိုတော့ နောက်ဆုတ်တာမျိုးမလုပ်သင့်ပါဘူး။


မြန်မာနိုင်ငံတဝှမ်းလုံးမှ အလုပ်အကိုင်များကို New Day Jobs မှာ ရှာဖွေလျှောက်ထားနိုင်ပါတယ်။

Back

You will receive the email for your email confirmation. Please check!