မွေးရာပါ ပင်ကိုယ်စွမ်းရည် ဘယ်လောက်ပဲ ရှိရှိ သင် မကြိုးစားရင် အလကားပါ။ပင်ကိုယ်စွမ်းရည် မရှိလဲ စိတ်ညစ်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ ပင်ကိုယ်စွမ်းရည်းနဲ့ မသက်ဆိုင်ပဲ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို သက်သေထူခဲ့တာသူ တစ်ယောက်ရှိလို့ပါ။
သူကတော့ အများက စီရော်နယ်ဒိုလို့ သိကြတဲ့ ခရစ်တီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။
စီရော်နယ်ဒို ဟာ ပေါ်တူဂီနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၈၅ ဖေဖော်ဝါရီလ မှာ မွေးဖွားခဲ့ပါတယ်။ ဘောလုံးအားကစားကို ဝါသနာပါခဲ့ပြီး အခုလို ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကတည်းက တစိုက်မတ်မတ်နဲ့ ကြိုးစားခဲ့သူပဲဖြစ်ပါတယ်။
.
ငယ်စဉ်တုန်းက အမေရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းခဲ့တဲ့ စီရော်နယ်ဒိုက ခက်ခဲတဲ့ ငယ်ဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။အရက်သောက်တဲ့ ဖခင်ကြောင့် သူ့ရဲ့ မိခင်က ထမင်းချက်အဖြစ်လုပ်ကိုင် ကျွေးမွေးပြီး ကြီးပြင်းခဲ့ရတဲ့ စီရော်နယ်ဒိုဟာ ဘဝအကြောင်းကို နှောကြေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
သူက ဘောလုံးကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။သို့ပေမယ့် ၂၀၀၇ -၂၀၀၈ ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ုတိယပွဲစဉ်မှာတုန်းက စီရော်နယ်ဒိုဟာ Portsmouth အသင်းရဲ့ ကစားသမား Richard Hughes ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အနီကတ် ပြသခြင်းခံရပါတယ်။ အဲ့အချိန်တုန်းက လူတွေက သူ့ရဲ့ ဘောလုံးစွမ်းရည်ကို သံသယ ရှိခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သူကိုယ့်ကိုယ်သူ ဘောလုံးကန်ဖို့ စွမ်းရည် မရှိဘူးလို့ သံသယ ရှိခဲ့တာ ဖြစ်ပါတယ်။ဝေဖန်မှုတွေလည်း အများကြီးခံခဲ့ရပြီး သူကလည်း စိတ် ဓာတ် ကျခဲ့ပါတယ်။ ါပေမယ့် သူက အဲ့အတွက်ကြောင့် သူရဲ့အသက်မွေးဝမ်းကြောင်းကို ရပ်တန့် ခဲ့တာတွေ မလုပ်ခဲ့ပါဘူး။သူအရင်ကထက် ပိုလေ့ကျင့်ပြီး ကွင်းထဲကို ပြန်ဝင်ခဲ့ပါတယ်။
.
ဘောလုံးသမားတွေထဲမှာ လေ့ကျင့်မှုအများဆုံး ဘောလုံးသမားဆိုရင် ပြောပါဆိုရင် စီရော်နယ်ဒို လို့ အများစုက ဖြေရလောက်အောင် ကြိုးစားတဲ့သူ ဖြစ်ပါတယ်။သူ့ ပေါ်တူဂီနည်းပြဖြစ်တဲ့ ကာလို့စ် ကတောင်မှာ "တချို့သောဘောလုံးကစားသမားတွေက ယုံကြည်မှုတွေ အရှိလွန်းပြီး လေ့ကျင့်တာတောင် မှ အဆင်မပြေတာ တစ်ခုခုရှိရင် လေ့ကျင့်တာကို ရပ်ပစ်ကြပါတယ်။သူတို့တွေ အနေနဲ့ ငါတော်နေတာပဲ အခုတော့ လေ့ကျင့်တာကို ရပ်လိုက်မယ် မနက်ဖြန်မှပဲ ဆက်လေ့ကျင့်မယ် လို့ ပြောတတ်ကြပါတယ်။ ခရစ်စီယာနိုကတော့ မဟုတ်ပါဘူး။သူကတော့ သူစိတ်ကျေနပ်တဲ့အထိ လေ့ကျင့်မှုတွေကို လုပ်ပါတယ်" လို့ ပြောထားပါတယ်။
.
စီရော်နယ်ဒိုဟာ အသက် ၁၅ နှစ် အရွယ်မှာ တုန်းက နှလုံးခုန်မြန်တဲ့ ရောဂါကို ခံစားခဲ့ပါတယ်။သူ့ရောဂါကို ခွဲစိတ်လိုက်ရပါပြီး ဆေးရုံက ဆင်းတဲ့နဲ့ မနားပဲ training ဆင်းခဲ့ပါတယ်။ဘောလုံးကို ရူးသွပ်တဲ့ စီရော်နယ်ဒို အတွက် အားကစားသမားတွေ ကြောက်ကြတဲ့ နှလုံးရောဂါကတောင် မတုန်လှုပ်စေနိုင်ခဲ့ပါဘူး။
.
ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်းရ ပြီး the Ballon d'Or ကိုပါရရှိခဲ့တာ စီရော်နယ်ဒို အတွက် အလုပ်အပေါ် ကျေနပ်မှုဆိုတာ မရှိပါဘူး။အကောင်းဆုံးဆိုတဲ့ title တွေ အချမ်းသာဆုံးဆိုတဲ့ title တွေက သူ့ကို ပိုပြီး လေ့ကျင့်ဖို့ ကြိုးစားဖို့ တွန်းအားပေးနေပါတယ်။သူက သူ့ကိုယ်သူ ဖိအားပေးပြီး trick အသစ်တွေကို လေ့လာလေ့ကျင့်ပြီး ဘောလုံးဘုရင်ဆိုတဲ့ title ကို ထိန်းသိမ်းနေတဲ့သူ ဖြစ်ပါတယ်။
.
စီရော်နယ်ဒိုကနေ သင်ယူစရာတွေကတော့ မကုန်ဆုံးနိုင်အောင်ပါပဲ။သူရဲ့ မဆုတ်မနှစ် ကြိုးစားမှု၊ အောင်မြင်မှုပေါ်မှာ ကျေနပ်ပြီး ရေသာခို မနေတဲ့အတွက် စီရော်နယ်ဒိုကတော့ အကောင်းဆုံး ဘောလုံးသမားတစ်ယောက်အနေနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။
အတော်ဆုံး အကောင်းဆုံး ဖြစ်ဖို့ လိုအပ်တာကတော့ ပြင်းပြတဲ့ စိတ်ဆနာပဲ လိုတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကြိုးစားမှုကို မလျော့ဘူးဆိုရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကောင်းဆုံး အတော်ဆုံး ဆိုတဲ့ နေရာကို ရောက်လာမှာပဲ ဖြစ်ပါတယ်။
.
New Day Jobs ဆိုတာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အလုပ်အကိုင်တွေကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူ ရှာဖွေ လျှောက်ထားနိုင်အောင် ပြုလုပ်ထားတဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။
#NewdayJobs #Christano_Ronaldo