Shining In Your Interview: Ask Smart Questions At the End

Shining In Your Interview: Ask Smart Questions At the End | Blog from New Day Jobs

Conor Smith

Managing Director,New Day Job

Interview ဖြေတဲ့အခါ တောက်ပနေဖို့ - မှန်ကန်သော မေးခွန်းများကို မေးခြင်း




သင် အလုပ်အတွက် interview ဖြေတိုင်း အဆုံးသတ်မှာ interviewer က ဘာမေးစရာရှိလဲလို့ မေးတဲ့အခါမှာ ကြောင်တောင်တောင် ဖြစ်ပြီး ဘာမေးရမှန်းမသိတဲ့ အခြေအနေ ကြုံဖူးပါသလား?အဲ့လို အခါတိုင်း ကျွန်တော်တို့ဟာ အလုပ်နဲ့ ပတ်သတ်ပေမယ့် အရေးမကြီးတဲ့ အရာတွေကို မေးတတ်ကြပါတယ်။အများစုမေးတတ်ကြတဲ့ မေးခွန်းတွေကတော့

- လစာက ဘယ်လောက်ပေးမှာလဲ?

- အခြားအကျိုးခံစားခွင့်တွေက ဘာလဲ?

- ရုံးတက်ချိန်တွေက ဘယ်အချိန်လဲ?

- ပိတ်ရက်တွေကော အလုပ်လုပ်ရမှာလား?

- ရုံးက ကားပါကင်ကော ရလား?

စတဲ့ မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။အဲ့မေးခွန်းတွေက အရေးကြီးပါတယ်။ဒါပေမယ့် သင်နဲ့ အတူတူအလုပ်လုပ်ရမယ့် Senior တစ်ယောက်က interview နေတယ်ဆို အဲ့လို မေးခွန်းမျိုးကို မမေးသင့်ပါဘူး။

အဲ့လို မေးခွန်းတွေက

သင်က အလုပ်လုပ်ရတာထက် အခြားအရာတွေကို ပိုအလေးထားတယ်။

သင်က Performance တွေကို စိတ်ဝင်မစားဘူး။

Company အကြောင်းကို သင်မလေ့လာထားပါဘူး။

သင်က အရည်အချင်းမပြည့်မီပါဘူး။

လို့ ဆိုလိုရာ ရောက်နိုင်ပါတယ်။အဲ့အခါမှာ သင်ရဲ့ မေးခွန်းတွေကြောင့် သင်အပေါ်မှာ negative အမြင်တွေ ရှိလာနိုင်ပါတယ်။ပြီးတော့ သင့်အနေနဲ့လည်း interview မှာ အကောင်ဆုံး ဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်ပါတယ်။