၂၀၂၀ မှာ လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်လာမယ့် skill တွေက ဘာတွေဖြစ်လာမလဲ?
လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်ပေါက်ရောက်ပြီး ထက်မြက်နေဖို့အတွက် hard skill တွေလိုအပ်သလို soft skill ကလည်း အရေးပါတဲ့အရာ ဖြစ်ပါတယ်။
၂၀၂၀ ကို စတင်တော့မှာ ဖြစ်တဲ့အတွက် ၂၀၂၀ အတွက် လိုအပ်လာမယ့် skill တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
Data ဆိုတာ ၂၁ ရာစုမှာ စီးပွားရေးတစ်ခုကို အားဖြည့်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။Data ကို ဂရုမစိုက်တဲ့ အဖွဲ့အစည်းများအနေနဲ့ သူ့တို့ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့လာနိုင်ပါတယ်။Data တွေရဲ့ သက်ရောက်မှုတွေကို ကာကွယ်ဖို့ company တွေက Data literacy skill ရှိတဲ့လူတွေ အလုပ်ခန့်အပ်လာနိုင်ပါတယ်။