Khai Deih Neam
Digital Marketing Executive
သင်က အလုပ်လည်း ကြိုးစားတယ်။အလုပ်မှာ လုပ်နေတာလည်း နှစ်ချီနေပြီဆိုပေမယ့် ရာထူးမတိုးသေးဘူး။သူဌေးကလည်း ရာထူးတိုးပေးမယ့် အရိပ်အယောင်တောင် မပြဘူးဆိုရင်တော့ သင့်ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အပြုအမှုနဲ့ ပတ်သတ်ပြီး ပြင်ဆင်စရာတွေ ရှိလာပါပြီ။အခုဖော်ပြပေးမယ့်အချက်တွေကတော့ သင်ရာထူးမတိုးရတဲ့ အကြောင်းအရင်း ငါးချက်နဲ့ ရာထူးတိုးဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာပဲဖြစ်ပါတယ်။
၁။ ရာထူးတိုးဖို့ အဆင်သင့်မဖြစ်သေးခြင်း
တချို့သော အလုပ်တွေက ရာထူးတိုးဖို့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လက်မှတ်တွေ၊တတ်ကျွမ်းမှုတွေ မရှိတဲ့အခါမှာ လုပ်ငန်းရှင်တွေအတွက် ရာထူးတိုးပေးဖို့ ခက်ခဲတတ်ပါတယ်။ဘယ်လောက်ပဲ တတ်ကျွမ်းနေပေမယ့် လက်မှတ် သို့မဟုတ် ဘွဲ့ ရှိခြင်းက သင့်အသက်မွေးကြောင်းအတွက် အထောက်အကူ ဖြစ်စေတဲ့အတွက် အားလပ်ချိန်မှာ သင်တန်းတွေ တက်ထားပါ။သင်တန်းတက်ဖို့ အချိန်မရှိရင်တောင်မှ online ကနေ လေ့လာမှုတွေ ပြုလုပ်ထားသင့်ပါတယ်။သင့်အလုပ်နယ်ပယ်က တက်ကျွမ်းတဲ့ သူတွေနဲ့ တွေ့ပြီးတော့လည်း အကြံတွေ နားထောင်သင့်ပါတယ်။
၂။ သင်ဖြစ်ချင်တာနဲ့ company လိုချင်တာက ကွဲပြားနေခြင်း
ဝန်ထမ်းတွေ ရာထူးမတိုးခြင်းရဲ့ အကြောင်းတစ်ခုကတော့ company ရဲ့ လုပ်ကိုင်နေတဲ့ လမ်းစဉ်တွေနဲ့ ဝန်ထမ်းရဲ့ စိတ်ဝင်စားမှု ထပ်တူမကျတာပါ။ဥပမာပြောရမယ်ဆိုရင် သင်က သင့်သူဌေးကို ဘာလုပ်ချင်တာလဲလို့ပြောတဲ့အခါမှာ သင်လုပ်ချင်တဲ့ Creative အလုပ်တွေကို မလုပ်ခိုင်းပဲ သမရိုးကျ လုပ်ငန်းစဉ်တွေကို လုပ်ခိုင်းရင် သင် ဘာလို့ ရာထူးမတိုးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။အဲ့လို အခြေအနေမျိုးဆိုရင် ရာထူးတိုးဖို့ စောင့်နေတာထက် အလုပ်အသစ်ရှာတာမျိုးကို လုပ်သင့်ပါတယ်။