Khai Deih Neam
Digital Marketing Executive
အလုပ်အကိုင် အပြောင်းအလဲမလုပ်ခင် ဘာတွေကို စဉ်းစားဖို့လိုအပ်လဲ?
New Day Jobs က career(လုပ်ငန်းပိုင်း) အပြောင်းအလဲလုပ်ချင်နေတဲ့ သူငယ်ချင်းတွေ အပြောင်းအလဲလုပ်တဲ့အခါ အဆင်ပြေတဲ့ ပြောင်းလဲမှုမျိုးဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။
(၁) ကိုယ်တကယ်လိုချင်တာကဘာလဲ?
ကိုယ်က career(လုပ်ငန်းပိုင်း) အပြောင်းအလဲလုပ်ဖို့ စဉ်းစားလိုက်ပြီဆိုရင် ကိုယ်က ဘယ်အရာတွေကို တန်ဖိုးထားတာလဲ၊ ကိုယ်က ဘယ်လိုအလုပ်မျိုး လုပ်ကိုင်ရတာကို သဘောကျတာလဲ၊ ပြီးတော့ ကိုယ် ဝင်ငွေ မရနိုင်ဘူးဆိုရင်တောင် ဘယ်လိုအရာမျိုးကို လုပ်ရတာ သဘောကျတာလဲ အစရှိတာတွေကို အရင်စဉ်းစားကြည့်လိုက်ပါ။ကိုယ်က ကိုယ် တကယ်လိုချင်နေတာကိုသိပြီဆိုရင် ဆက်လုပ်ရမယ့် နည်းလမ်းကို စဉ်းစားနိုင်တယ်လေ။ မဟုတ်ရင် ဆုံးဖြတ်ချက်အမှားတွေပဲ ထပ်ခါတလဲလဲ ချနေမိနိုင်တယ်။ ကိုယ်တကယ်လိုချင်တာနဲ့ ကိုယ်ရွေးချယ်လိုက်တာက မကိုက်ညီဘူးဆိုရင် လုပ်ကိုင်ရတာလည်း အဆင်မပြေဖြစ်လာနိုင်ပြီး မကျေနပ်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။