Things to Do When You Feel Overwhelmed at Work

Career Advice 10 Mar 2020
Things to Do When You Feel Overwhelmed at Work | Blog from New Day Jobs

Khai Deih Neam

Digital Marketing Executive

သင့် လုပ်ငန်းခွင်မှာ တစ်ခါတစ်ရံ သူများတွေရဲ့ လွှမ်းမိုးခြင်းနဲ့ အလုပ်တွေပိလာတဲ့အခါမှာ သင့်ကိုယ်ကိုယ်သင် ပိတ်မိနေတယ်လို့ ခံစားတတ်ပါတယ်။အဲ့တာ ခံစားမှုတွေကနေ လွတ်မြောက်ပြီး အလုပ်ကို အာရုံစိုက်ပြီး အလုပ်ပြီးနိုင်ဖို့အတွက် ဘယ်လိုလုပ်ကြမလဲ?အောက်ပါ နည်းလမ်းတွေကို လိုက်နာခြင်းက ကူညီပေးနိုင်မှာပါ။

၁။ စီစဉ်ချဖို့ အချိန်ယူပါသင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟာသ အဆုံးရှုံးမခံပါနဲ့။အဲ့အချိန်တွေအတွက် သင်အလုပ်လုပ်ပါ။ဘယ်လိုအလုပ်လုပ်ရမလဲဆိုရင်တော့ စီစဉ်ဖို့အတွက် လုပ်ပါ။ပြီးရမယ့်အလုပ်တွေကို ချရေးပြီး ဘယ်ဟာကို အရင်ပြီးအောင်လုပ်ရမယ့်ဟာကို ရှေ့မှာထားပါ။အဲ့လိုချရေးတာကို သင့်ခေါင်းထဲမှာ အစီအစဉ်မကျတဲ့ အရာတွေကို အစီအစဉ်တကျနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်စေမယ့်နည်း ဖြစ်ပါတယ်။ဆိုတော့ ၁ မိနစ်လောက် ငြိမ်သက်နေပါ။ပြီးရင် စာရွက်တစ်ရွက်ကိုယူပြီး သင့်ပြီးရမယ့်အလုပ်တွေကို ချရေးပါ။ပြီးတော့ အရေးကြီးဆုံးတွေကို မှတ်သားပါ။အရေးအကြီးဆုံးကနေ စပြီးတစ်ခုပြီးတစ်ခုကို ပြီးမြောက်အောင်လုပ်ခြင်းဖြင့် အချိန်မကုန်တော့ပဲ သင့်အတွက် အချိန်ပိုတွေ ထွက်လာမှာ ဖြစ်ပါတယ်။

၂။ရုံးကနေ ထွက်ပါ။

ရုံးကနေထွက်ပါလို့ပြောတဲ့အခါမှာ အလုပ်ထွက်ခိုင်းတာမဟုတ်ပါဘူး။သင်ကို အလုပ်တွေက လွှမ်းမိုးလာတဲ့အခါမှာ သင့်ရုံးခန်းက ဆိုးရွားတဲ့နေရာတစ်ခု ဖြစ်လာတဲ့အတွက်ကြောင့်မလို့ ၁၀ မိနစ်လောက်အချိန်ယူပြီး အပြင်မှာ လေညင်းခံ ထွက်လိုက်ပါ။လတ်ဆတ်တဲ့လေက သင့်ကို ပေါ့ပါးစေမှာပါ။တကယ့်လို့ သင် laptop ကိုယူသွားလို့ရတယ်ဆိုရင် အပြင်မှာ နာရီဝက်၊တစ်နာရီလောက် အလုပ်လုပ်လိုက်ပါ။သင်ကြိုက်တဲ့ ကော်ဖီဆိုင်၊သို့မဟုတ် ပန်းခြံတစ်ခုခုမှာပေါ့။

၃။သင့်လုပ်ဖော်ကိုင်ဖက်ကို ပြောပါ။

အလုပ်တွေက သင့်ကို လွှမ်းမိုးလာပြီလို့ သင်ခံစားရတဲ့အခါမှာ သင်လုပ်သင့်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သင့်လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောတာပါ။အဲ့လိုပြောခြင်းအားဖြင့် သူက သင့်ကို ကူညီနိုင်တဲ့အရာရှိရင် ကူညီနိုင်ပြီး သူလည်းအဲ့လို ခံစားဖူးတာမျိုးရှိရင် သူအတွေ့အကြုံကို ပြန်လည်ပြီး ပြောပြပေးနိုင်ပါလိမ့်မယ်။သင်က သင့်သူဌေးနဲ့ စကားပြောရတာအဆင်ပြေတဲ့သူဆိုရင်တော့ သူဌေးကို ပွင့်ပွင့်လင်းလင်းပြောပြပေးပါ။အဲ့တာမှ သင့်သူဌေးကလည်း ဘယ်အလုပ်တွေကို အာရုံစိုက်သင့်လည်း ဘယ်အလုပ်က အရေးကြီးလဲဆိုတာကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

၄။အိပ်ရေးဝဝ အိပ်လိုက်ပါ။

ကျွန်ပ်တို့တွေက အလုပ်တွေ များနေရင် စဉ်းစားတတ်ကြတာက ငါ ညမအိပ်တော့ပဲ အလုပ်လုပ်မယ်ပေါ့။အဲ့လို အတွေးအမှားတွေကို မတွေးပါနဲ့တော့။သင်မျက်လုံးကျယ်ဖို့ ဖျော်ထားတဲ့ ကော်ဖီကို ချပြီး အိပ်ရာဝင်လိုက်ပါ။သင်အလုပ်များနေတဲ့အချိန်မှာ အလုပ်အရမ်းလုပ်နေခြင်းက သင့်ကို အထောက်အကူမပြုပါဘူး။ဘာလို့လဲဆိုတော့ အလုပ်များလေ သင့်ဦးနှောက်ကို သင့်က အလုပ်ပေးလေ ဖြစ်လို့ပါ။အဲ့အခါမှာ သင်ပိုပင်ပန်းပြီး ပို အလုပ်မပြီးတော့ဘူးပေ့ါ။အဲ့တာကြောင့် ဦးနှောက်ကို အနားပေးပြီး နောက်နေ့ရက်မှ လန်းလန်းဆန်းဆန်းနဲ့ အစပြုလိုက်ပါ။

အလုပ်များတဲ့အခါ အလုပ်က ကိုယ့်ကို လွှမ်းမိုးလာတဲ့အခါမှာ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းတွေကို လက်တွေ့ အသုံးချဖို့ တိုက်တွန်းလိုက်ရပါတယ်။

New Day Jobs ကတော့ မြန်မာတစ်နိုင်ငံလုံးက အလုပ်တွေကို တနေရာတည်းမှာ တွေ့နိုင်တဲ့ Job platform ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်တွေကို New Day Jobs မှာ ရှာဖွေလိုက်ပါ။

Back

You will receive the email for your email confirmation. Please check!