Things you should be careful at the interview

Things you should be careful at the interview | Blog from New Day Jobs

Khai Deih Neam

Digital Marketing Executive


အင်တာဗျူးသွားဖြေတဲ့ အခါမှာ ဘယ်လိုအရာတွေကေိုဖြေသင့်တယ်၊ ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာကို တော်တော်များများသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အင်တာဗျူးသွားဖြေတဲ့အခါ ကိုယ် သတိမထားလိုက်မိတဲ့ အချက်လေးတွေ၊ ရှောင်ရှားသင့်တဲ့အခြေခံအချက်လေးတွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနိုင်ပါတယ်။အဲ့လိုမျိုး ဆုံးရှုံးမှုတွေ မဖြစ်ဖို့ အောက်ပါ အချက်လေးတွေကို လိုက်နာနိုင်ပါတယ်။


၁။ သင်အင်တာဗျူးဖြေဆိုရမည့်ကုမ္မဏီနှင့်ပတ်သတ်ပြီး လေ့လာထားပါ

အလုပ်ရှင်တွေက သူတို့ကုမ္မဏီအပေါ်မှာ interview ဖြေတဲ့သူက ဘယ်လောက် စိတ်ပါဂင်စားမှုဘရှိသလဲဆိုတာကို သိချင်တဲ့အတွက် ကုမ္ပဏီအကြောင်း၊ လုပ်ငန်းတွေအကြောင်းကို မေးမြန်းတတ်ကြပါတယ်။အဲ့လိုအချိန်မျိုးမှာ သင့်ဘက်က ကုမ္ပဏီရဲ့အခြေခံအကြောင်းအရာလေးတွေကိုတောင် မဖြေနိုင်ရင် သင့်ကို အထင်သေးကြမှာဖြစ်ပြီး တခြားinterview ဖြေတဲ့သူတွေထဲက Company အကြောင်း သိတဲ့သူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သင်ဟာ နောက်ကောက်ကျကျန်နေနိုင်ပါတယ်။

တစ်ချို့က ရာထူးအငယ် လျှောက်တာမို့ company အကြောင်းလေ့လာဖို့ မလိုအပ်ဘူးလို့ ထင်တတ်ပါတယ်။ သင်က ကုမ္ပဏီအကြောင်းကို သေချာပြန်ရှင်းပြနိုင်တဲ့သူမျိုးဆိုရင် အင်တာဗျူးအောင်ဖို့ ရာခိုင်နှုန်းက များတာပေါ့။ အဲ့လို company အကြောင်းသိဖို့ Facebook/Linkedln နဲ့ ကုမ္ပဏီရဲ့ Website တွေမှာ သေချာလေ့လာလို့ရပါတယ်။


၂။ Interview ဖြေရမယ့်နေရာကို ကြိုတင်စုံစမ်းပါ

သင် interview ဖြေရမယ့် နေရာက သွားရလွယ်ကူတဲ့ နေရာတွေဆို အခက်အခဲမရှိပေမဲ့ သွားနေကျမဟုတ်တဲ့ နေရာမျိုးတွေ၊သွားရခက်ခဲတဲ့ နေရာမျိုးတွေဆိုရင် YBS နံပါတ် ဘယ်ဟာကရောက်လဲ၊ဘယ်အချိန်လောက် ထွက်ရင်တော့ အဆင်ပြေနိုင်လဲ၊ဘယ်လမ်းကြောင်းက သွားရင်တော့မြန်နိုင်လဲ စသဖြင့် ကြိုတင်ရှာဖွေ ထားသင့်ပါတယ်။ အဲ့လိုမပြင်ဆင်ထားရင် interview ကို အချိန်မီ မရောက်ပဲ အင်တာဗျူးဖြေခါနီး စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုး ဖြစ်တတ်ပါတယ်။


၃။ ချိန်းဆိုထားတဲ့အချိန်ထက် စောအောင် အရောက်သွားပါ

Interview ကို နောက်ကျမှ ရောက်သွားတဲ့အခါမှာ သင်က interviewer ရဲ့ အမြင်မှာ အချိန်ကို မလေးစားတဲ့သူ အဖြစ် မြင်စေနိုင်ပါပြီး သင့်ရဲ့ First Impression ကိုလည်း ကျဆင်းစေနိုင်ပါတယ်။


Interview သွားတဲ့ လမ်းမှာ မမျှော်လင့်တဲ့ ကိစ္စ ပေါ်လာလို့ နောက်ကျမယ် ဆိုရင်လည်း interviewer ဆီကို အချိန်မီ အကြောင်းကြားသင့်ပါတယ်။တကယ်လို့ interview ကို မသွားဖြစ်ဘူးဆိုရင်လည်း သက်ဆိုင်တဲ့ HR manager ကို အကြောင်းကြားသင့်ပါတယ်။


၄။ ကျပ်လွန်း တိုလွန်းတဲ့ အဝတ်အစားများဝတ်ဆင်မှ ရှောင်ပါ

တောင်းမှအကွပ် လူမှာအဝတ် ဆိုတဲ့ စကားပုံအတိုင်း အဝတ်အစားက လူတစ်ယောက်ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ကျပ်လွန်း တိုလွန်းတဲ့ အဝတ်အစားတွေကို interview မှာဝတ်ဆင်သွားတဲ့အခါမှာ သင်ကိုယ်တိုင်အတွက်ကော သက်တောင့်သက်တာ မရှိနိုင်တဲ့အပြင် သင့်ကို interview မေးတဲ့သူကလည်း သင့်ကို အထင်သေးစေနိုင်ပါတယ်။သက်တောင့်သက်တာနဲ့ Professional ဆန်တဲ့ အဝတ်မျိုးကို ဝတ်ဆင်ဖို့ တိုက်တွန်းလိုက်ပါတယ်။


၅။ ဘာမေးခွန်းမှ မမေးပဲ မပြန်ပါနဲ့။


Interviewer ဘက်က အင်တာဗျူးပြီးခါနီးမှာ "ဘာမေးစရာရှိသေးလဲ/သိချင်တာများ ရှိသေးလား" ဆိုပြီးမေးလေ့ရှိပါတယ်။ သင့်ဘက်ကလည်း interview ဖြေနေတဲ့အချိန်မှာ ဖြစ်စေ၊ အင်တာဗျူးမလာခင်ထဲကဖြစ်စေ မေးချင်နေတဲ့မေးခွန်းတွေရှိတတ်ကြပါတယ်။အဲ့ဒီအချိန်မှာ တော်တော်များများက "တော်ပါပြီ နောက်မှပဲမေးတော့မယ်" ဆိုတာမျိုးတွေ၊"အေးဂျင့်ကိုပဲ မေးခိုင်းလိုက်တော့မယ်" ဆိုတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ အဲ့လို မေးသင့်မေးထိုက်တာမျိုးတွေကို မမေးလိုက်မိပဲ ကုမ္ပဏီကကိုယ့်ကို အလုပ် Offer ပေးတဲ့အခါမှာ လုပ်ငန်းပိုင်းဆိုင်ရာ မရှင်းလင်းတာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မေးခွန်းမေးဖို့ကို မကြောက်ပါနဲ့။


ဒီအချက်တွေကိုသာ သတိထားနိုင်မယ်ဆိုရင် Interview ဖြေတဲ့အခါမှာ အခက်အခဲမရှိ အဆင်ပြေချော့မွေ့စေနိုင်မှာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံတဝှမ်းလုံးမှ အလုပ်အကိုင်များကို New Day Jobs မှတဆင့် ရှာဖွေနိုင်ပါသည်။

Back

You will receive the email for your email confirmation. Please check!