စျေးလည်းသက်သာမယ်၊ အလုပ်လည်း အေးအေးသက်သာလုပ်မယ်၊ Wifi ကောင်းကောင်းနှင့် Mini မီတင်လုပ်ချင်သူတွေအတွက် ဒီ Coffee House က သင့်အတွက် Mini Cafe လေးပါပဲ။ စျေးနှုန်းအသင့်အတင့်သာကျသင့်ပြီး အရသာကောင်းကောင်း စားစရာတွေနှင့်အတူ ကော်ကော်ဖီကောင်းကောင်းတွေကို မှာနိုင်မှာဖြစ်ပါတယ်။ Wifi လိုင်းကောင်းကောင်း ရရှိတာကြောင့် အိမ်မှာအင်တာနက်မရတဲ့သူတွေအတွက် အလုပ်လုပ်လို့ အဆင်ပြေနိုင်မဲ့ ကော်ဖီဆိုင်လေးပါ။
Place - ⭐️⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️⭐️
Price - $ - $$
Google Map - https://goo.gl/maps/ucf5a5gk8EadsFGeA
သစ်ပင်ရိပ်လေးတွေနဲ့ အခန်းဒီဇိုင်းလှလှဆိုင်လေးမှာ အလုပ်လေးလုပ်မယ်၊ မီတင်တွေ့ဆုံမယ်၊ မုန့်စားမယ်ဆိုရင်တော့ ဒီဆိုင်လေးက သင့်အတွက်ပါပဲ။ Wifi လိုင်းက အလုပ်လုပ်လို့ အဆင်ပြေနိုင်ပြီး ကော်ဖီအရသာကလည်း ကောင်းမွန်ပါတယ်။ ဆိုင်ရဲ့စျေးနှုန်းကလည်း အသင့်အတင့်ဖြစ်တာကြောင့် အလုပ်လုပ်ဖို့အတွက် ရွေးချယ်သင့်တဲ့ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။
Place - ⭐️⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $ - $$
Google Map - https://goo.gl/maps/738HHRNRAPirs8FJ8
ဆိုင်ဖွင့်ထားတာ မကြာသေးပေမဲ့ ဆိုင်အပြင်အဆင်နှင့် အစားအသောက်ကြောင့် လူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။ ဆိုင်အပြင်အဆင်က တိတ်ဆိတ်လှပြီး တစ်ယောက်တတည်း (သို့) အဖွဲ့လိုက်အတွက် နေရာထိုင်ခင်းပြင်ဆင်ထားတာကြောင့် အလုပ်လုပ်လိုတာပဲဖြစ်ဖြစ်၊ မီတင်နှင့် တွေ့ဆုံမှုတွေအတွက် တော်တော်အဆင်ပြေပါတယ်။ Wifi လိုင်းကောင်းကောင်းရှိတာကြောင့် အလုပ်အတွက် အီးမေးလ်ပို့ဖို့ အဆင်ပြေပြီပေါ့။
Place - ⭐️⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$
Google Map - https://goo.gl/maps/wy2eWo5i945NLV9U9
အလုပ်လုပ်မယ်၊ စာဖတ်မယ်၊ ကော်ဖီသောက်မယ် ဆိုသူတွေအတွက် ဒီကော်ဖီဆိုင်လေးက ကြိုဆိုလျက်ရှိပါတယ်။ ဖတ်ချင်စရာစာအုပ်မျိုးစုံနှင့် စျေးမကြီးလှတဲ့ ကော်ဖီကောင်းကောင်းတွေကို ရရှိနိုင်ပါတယ်။ အလုပ်အတွက် Wifi နှင့် စားပွဲခုံတွေက Productive ဖြစ်စေဖို့ အဆင်သင့်ပြင်ပေးလို့နေပါတယ်။
Place - ⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$
Google Map - https://goo.gl/maps/2mz3vjGcVunea92v5
ဒီဆိုင်လေးကတော့ ကော်ဖီ၊ စာအုပ်၊ အပင်လေးတွေကို တစ်နေရာထဲ ဆုံစည်းနေသလိုပါပဲ။ ဆိုင်ရဲ့ နေရာထိုင်ခင်းနဲ့ အပြင်အဆင်တွေက အလုပ်လုပ်ဖို့နှင့် မီတင်တွေအတွက် သင့်လျော်ပါတယ်။ Wifi လည်းရှိပြီဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့... ဆိုင်ရဲ့ ယိုးဒယားအစားအစာတွေပါ မှာယူရင်း အလုပ်လုပ်လေးလုပ်လို့ အဆင်ပြေတာပေါ့။
Place - ⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$
Google Map - https://goo.gl/maps/yD6Bby8UkE6Ur5n56
New Day Jobs ဆိုတာက မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို အွန်လိုင်းကနေ ရှာဖွေလျှောက်ထားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို New Day Jobs မှာ လျှောက်ထားနိုင်ပါတယ်။