ရန်ကုန်မြို့ထဲမှာ အေးအေးဆေးဆေး အလုပ်လုပ်ဖို့၊ မီတင်တွေ့ဆုံဖို့ အတွက် နေရာကောင်းကောင်း လိုက်ရှာရတာလည်း အမောပါပဲ။ ဒါကြောင့် New Day Jobs ကနေ အေးအေးဆေးဆေး အလုပ် လုပ်လို့ရမယ်၊ မီတင်တွေအတွက်လည်း အဆင်ပြေပြီး ကော်ဖီကောင်းကောင်းရနိုင်မဲ့ ဆူးလေအနီးတဝိုက်ရှိ ကော်ဖီီီီီီဆိုင်နေရာလေးတွေကို စုစည်းပေးလိုက်ပါတယ်။
Kafe in Town
Photo: Kafe In Town
ဒီကော်ဖီဆိုင်လေးကတော့ လူငယ်ဆန်ဆန်၊ Modern Classic အသွင်ပုံစံဖြစ်ပြီး၊ လန်းဆန်းစေတဲ့ အပြင်အဆင်တွေကြောင့် အလုပ်လုပ်ဖို့ အရမ်းကိုအဆင်ပြေပါတယ်။ အစားအသောက်၊ ကော်ကော်ဖီကောင်းကောင်းနှင့် သက်တောင့်သက်တာရှိတာကြောင့် မီတင်တွေနှင့် စီးပွားရေးတွေ့ဆုံမှုတွေအတွက် အဆင်ပြေနိုင်ပါတယ်။
Place - ⭐️⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$
Address - here
Pansuriya
Photo: Pansuriya
Classic မြန်မာအငွေ့အသက်တွေနဲ့ အနုပညာစိတ်ဝင်စားတဲ့သူတွေဆို ဒီဆိုင်လေးက အတော်အဆင်ပြေတဲ့ဆိုင်လေးဖြစ်ပါတယ်။ မြန်မာစားစရာများ၊ လက်ဖက်ရည်၊ ကော်ဖီကောင်းကောင်းရနိုင်ပြီး အင်တာနက်လိုင်းတော်တော်ကောင်းတာကြောင့် NGO တွေ၊ နိုင်ငံခြားသားတွေ၊ အလုပ်လုပ်ဖို့နဲ့ မီတင်တွေအတွက် အတော်ကြိုက်ကြတဲ့ဆိုင်လေးဖြစ်ပါတယ်။
Place - ⭐️⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️⭐️
Price - $$
Address - here
Burma Bistro
Photo: Burma Bistro
တကယ့် Burma Vintage အရသာကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ဒီဆိုင်လေးက သွားကိုသွားသင့်တဲ့ ဆိုင်လေးပါ။ ဆိုင်ရဲ့အပြင်အဆင်၊ ကောင်းမွန်လှတဲ့ အစားအသောက်တွေကြောင့် စီးပွားရေးမီတင်တွေ၊ တွေ့ဆုံပွဲတွေအတွက် လွန်စွာအဆင်ပြေပါတယ်။ ပွဲတွေ၊ ညစာစားပွဲတွေအတွက် ခန်းမတွေငှားရမ်းနိုင်သလို၊ ဘားရှိတဲ့အတွက် ညပိုင်းတွေ့ဆုံဖို့အတွက် နေရာကောင်းတစ်ခုပါ။
Place - ⭐️⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$ - $$$
Address - here
Caffa Myanmar
Photo: Caffa Myanmar
ထိုင်းနိုင်ငံမှာ ကော်ဖီနှင့် ကော်ဖီဖျော်စက်ထုတ်လုပ်တဲ့ Caffa မှ မြန်မာပြည်မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်လေးဖြစ်ပါတယ်။ ကော်ဖီကောင်းကောင်းသောက်လိုသူတွေအတွက် သွားရောက်သင့်တဲ့ဆိုင်လေးပါ။ဆိုင်အပြင်အဆင်ကတော့ လန်းလန်းဆန်းဆန်း၊ သပ်သပ်ရပ်ရပ်လေးဖြစ်တာကြောင့် အလုပ်လုပ်ကိုင်ဖို့နှင့် လူနည်းနည်းနဲ့ပြုလုပ်တဲ့မီတင်တွေအတွက် အဆင်ပြေနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။
Place - ⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$
Address - here
Cafe Amazon Sule Center Point
Photo: Amazon Cafe Myanmar
ဒီဆိုင်ကတော့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကော်ဖီ Chain ဖြစ်တဲ့ Amazon Cafe ဆိုင်ဖြစ်ပါတယ်။ ရန်ကုန်မှာဖွင့်လှစ်တဲ့ တခြား Amazon Cafe တွေထက် Sule Center Point မှာ ဖွင့်လှစ်ထားတဲ့ဆိုင်လေးက လူသိပ်မများတာရယ်၊ အပြင်အဆင်နှင့် နေအလင်းရောင်ကောင်းကောင်းရရှိတာကြောင့် အလုပ်လုပ်ကိုင်ဖို့နှင့် မီတင်တွေအတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။
Place - ⭐️⭐️⭐️⭐️
Food - ⭐️⭐️⭐️⭐️
Wifi - ⭐️⭐️⭐️⭐️
Price - $$
Address - here
ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို New Day Jobs မှာ လျှောက်ထားနိုင်ပါတယ်။