Top 5 Quick, Affordable Team Outing Places In Yangon

Productive 03 Mar 2020
Top 5 Quick, Affordable Team Outing Places In Yangon | Blog from New Day Jobs

Thein Htike Aung

Digital Marketing Executive

.

Top 5 Quick,Affordable Team Outing Places In Yangon

ကိုယ့် team က လူတွေနဲ့ team building လုပ်ချင်တဲ့အခါမှာ ရန်ကုန်မြို့ပြင်လည်းမထွက်ချင်မြို့ တွင်းမှာပဲ ဘာတွေလုပ်လို့ လုပ်ရမလဲ၊ ဘယ်တွေသွားလို့ သွားရမလဲမသိ ဖြစ်နေတတ်တာ လူတော်တော်များများပါ။ ဒါကြောင့် New Day Jobs ကနေ ရန်ကုန်မြို့အတွင်း ရုံးကပင်ပန်းသမျှကို အပန်းဖြေအနားယူဖို့အတွက် နေရာလေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

Yangon Zoo

ရန်ကုန်တိရစ္ဆာန်ရုံဟာ နောက်ပိုင်းပြုပြင်ပြောင်းလဲမှုတွေနှင့်အတူ Activities တွေ၊ Show တွေဖြင့် အစီအစဉ်တင်ဆက်မှုများကြောင့် ရုံးပိတ်ရက်မှာ မိသားစုနှင့်ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ် သွားသင့်တဲ့နေရာတစ်ခုပါ။အသေးစိတ်ကို www.facebook.com/yangonzoo/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Golden Park

ရုံးမှာ အဲကွန်းဖြင့်တပတ်လုံးနေသူတွေအတွက် ချွေးထွက်လှုပ်ရှားဖို့ဟာ ကျန်းမာရေးအတွက် လိုအပ်ချက်တစ်ခုပါ။ ဒါကြောင့် ကိုရီးယားရုပ်ရှင်တွေမှာ ရုံးပိတ်ရက်ဆိုရင် ချွေးထုတ်ခန်းကို သွားတတ်ကြပါတယ်။ ရန်ကုန်မှာလည်း Golden Park က မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ချွေးထုတ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပါ။အသေးစိတ်ကို https://www.facebook.com/GOLDENPARKSPALAND/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Standup paddleboarding at Inya Lake

ရန်ကုန်မြို့ထဲ စွန့်စွန့်စားစား အားကစားတစ်ခုခု လုပ်လိုရင်တော့ ရန်ကုန်ရွက်လှေအသင်းမှာ Weekend တိုင်း ရွက်လှေသွားစီးနိုင်ပါတယ်။ ရွက်လှေစီးတတ်ဖို့ သင်ကြားပေးမှာဖြစ်သလို၊ သူငယ်ချင်းတွေနဲ့ အတူရွက်လှေသွားစီးကြရင်း ပျော်စရာအတော်ကောင်းမှာပါ။ အလုပ်ထဲမှာ စိတ်ညစ်စရာတွေများနေပြီး အသစ်အဆန်းတစ်ခုခုကို လေ့လာလိုသူတွေသူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။ ပြီးတော့ ညနေ နေဝင်ဆည်းဆာအလှအပကို အင်းလျားကန်ဘေးမှာ ရှုစားနိုင်မှာဖြစ်ဦးမှာပါ။အသေးစိတ် သိရှိလိုပါက ☎️ 09 899 786 389 (or) 📧 Email - [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် (သို့) www.facebook.com/YangonSailingClub မှာ လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Escape Room

ကိုယ် team ထဲက အများစုက လူငယ်တွေလည်းဖြစ်မယ်။Horror တွေလည်း ကြိုက်မယ်ဆိုရင် သွားဖို့ အကောင်းဆုံးနေရာကတော့ Myanmar Plaza second floor မှာ ရှိတဲ့ XCAPE SQUAD ဖြစ်ပါတယ်။စည်းစည်းလုံးလုံးနဲ့ game ဆော့ပြီး မေးခွန်းတွေ ဖြေရှင်းရင်း အဖြေတွေ ရှာချင်တယ်ဆိုရင်တော့ Facebook page https://web.facebook.com/XcapeSquad/ ကနေ တဆင့် ဝင်ရောက်ကြည့်နိုင်ပါတယ်။

Royal Sportainment Complex

Weekend မှာ အစားအသောက်တွေထက် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး ကစားလိုသူတွေဆိုရင်တော့ Royal Sportainment Complex က အသင့်တော်ဆုံးပါ။ Bowling ဆော့မလား၊ Ice Skate စီးမလား၊ Indoor Skydiving လုပ်မလား... တစ်နေရာထဲမှာ အားလုံးကိုကစားနိုင်ပါတယ်။အသေးစိတ်ကို Facebook Page www.facebook.com/royalsportainmentcomplex မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

.

New Day Jobs ဆိုတာ မြန်မာနိုင်ငံတဝှမ်းလုံးမှ အလုပ်အကိုင်များကို တစ်နေရာထဲတွင် ရှာဖွေ လျှောက်ထားနိုင်တဲ့ Job Platform ဖြစ်ပါတယ်။အလုပ်များကို ရှာဖွေ လျှောက်ထားချင်ရင်တော့ New Day Jobs မှတဆင့် လျှောက်ထားနိုင်ပါတယ်။

Back

You will receive the email for your email confirmation. Please check!