Khai Deih Neam
Digital Marketing Executive
Corona Virus ကြောင့် ဝန်ထမ်းအများစုက work from home လုပ်ကြရပါတယ်။လုပ်ငန်းရှင်အများစုကလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို work from home လုပ်ခိုင်းရတဲ့အတွက် အလုပ်မပြီးမှာ ပြီးတော့ အလုပ်တွေ နှောင့်နှေးမှာကို စိုးရိမ်ကြပါတယ်။အဲ့လို စိုးရိမ်မှုတွေ မဖြစ်ရအောင် အလုပ်တွင်ကျယ်စေမယ့် tool kit တွေကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။အဲ့ tool kit တွေကတော့ -
၁။ Slack for Team Communications
Slack ကတော့ လုပ်ငန်းခွင် တော်တော်များများ အသုံးပြုကြပြီး web application အနေနဲ့ကော app အနေနဲ့ကော အသုံးပြုလို့ပါတယ်။ဝန်ထမ်းတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်နိုင်ပြီး team အလိုက် channel တွေလည်း ပြုလုပ်လို့ရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အဝေးမှာ ရှိနေရင်လည်း တစ်နေရာတည်းမှာ အလုပ်လုပ်သလို ခံစားရမှာပါ။
၂။ Trello for Project Management
Trello ကတော့ team member အချင်းချင်း အလုပ်လုပ်တဲ့ process ဘယ်လောက်ရောက်ပြီလဲဆိုတာကို track လုပ်နိုင်တဲ့ Software ဖြစ်ပါတယ်။Browser မှာလည်း web application လိုသုံးရသလို Mobile မှာလည်း app အဖြစ်နဲ့ သုံးလို့ရတဲ့အတွက် ဘယ်နေရာမှပဲ ရောက်ရောက် teammate တွေနဲ့ align ဖြစ်နိုင်တဲ့အတွက် Trello က အသုံးပြုသင့်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
၃။ Zoom for Meetings
Meeting လုပ်ဖို့ပဲဖြစ်ဖြစ် brainstorm လုပ်ရမယ့် ကိစ္စတွေမှာ Zoom ကို အသုံးပြုလို့ရပါတယ်။အရေးကြီးတဲ့ decision တွေ ချမှတ်ရတော့မယ် သို့မဟုတ် strategy တွေ ဆွဲရတော့မယ်ဆိုရင် slack နဲ့မလိုလောက်တော့တဲ့အတွက် zoom ကိုအသုံးပြုရင် ပိုပြီး အဆင်ပြေဖြစ်ပါတယ်။Zoom ကတော့ App ဖြစ်တဲ့အတွက် download ဆွဲပြီး အသုံးပြုနိုင်ပါတယ်။Video Conference လုပ်လိုတဲ့အခါမှာ Zoom ကို အသုံးများကြပြီး participant ၁၀၀၀ ကျော်က ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။
၄။ G suite for Collaborative documents
သူကိုတော့ လူတိုင်းသိကြပါတယ်။ရုံးပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ Document တွေ၊Spreadsheet တွေ၊Presentation slide တွေနဲ့ ဖောင်တွေကို ပြုလုပ်နိုင်ပြီး App အနေနဲ့ကော Web App အနေနဲ့ပါ အသုံးပြုနိုင်တဲ့ tool kit ဖြစ်ပါတယ်။ကိုယ့် လုပ်ဖော်ကိုင်ဖက် အလုပ်အတူတူ လုပ်တဲ့ သူတွေကိုပါ edit လုပ်ဖို့ share နိုင်တဲ့အတွက် work from home အတွက်ကော ရုံးတွင်း အလုပ်လုပ်တဲ့ သူတွေအတွက်ပါ အရေးပါပြီး အသုံးဝင်ပါတယ်း။
၅။ Harvest Forecast for Team Scheduling
ဒီ tool kit ကတော့ အလုပ်ရှင်တွေအတွက် အကြိုက်ဖြစ်မှာပါ။ဘာလို့လဲဆိုတော့ ကိုယ့် team member တွေ ဘယ်အချိန် မှာအလုပ်လုပ်သလဲ၊Project အတွက် ဘယ်လောက် အချိန်သုံးလဲ ဆိုတာကို ဘယ်အချိန်တွေ နားလဲဆိုတာကို track လုပ်လို့ရတဲ့ Web application ဖြစ်ပါတယ်။အခုလို အသုံးဝင်တဲ့ tool kit တွေကို သိပြီးပြီ ဆိုတော့ work from homeလုပ်ရတဲ့အခါ အလုပ်တွေ ပြီးမြောက်ကြမယ်လို့ ယုံကြည်ပါတယ်။
အခြားသော tool kit များကို https://www.remotestarterkit.com/ မှာလည်း ကြည့်နိုင်ပါတယ်။အားလုံး ကျန်းမာပြီး လုပ်ငန်းခွင်မှာလည်း အောင်မြင်ကြပါစေလို့ New Day Jobs မှာ ဆုတောင်းလိုက်ရပါတယ်။
New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေ လျှောက်ထားနိုင်တဲ့ website ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်များကို New Day Jobs မှာ လျှောက်ထားလိုက်ပါ။