Ways To Get Back To Work After Thingyan

Workplace Success 22 Apr 2020
Ways To Get Back To Work  After Thingyan | Blog from New Day Jobs

သင်္ကြန်ပိတ်ရက်ပြီးသွားတဲ့အချိန်မှာ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ Work From Home လုပ်ရတဲ့အခါပဲ ဖြစ်ဖြစ် တကယ်ရုံးကိုတက်ရတာပဲ ဖြစ်ဖြစ် ခက်ခဲတက်ပါတယ်။ပိတ်ရက်မှာ နောက်ကျမှ ထခဲ့သလို ရုံးပြန်ဖွင့်တော့လည်း ထချင်တဲ့ပြဿနာလေးတွေရှိနေမယ်။ပိတ်ရက်တွေအတိုင်း နေ့ခင်းနေ့လည်ဆို တစ်ရေးတမော အိပ်ချင်နေမယ် ဆိုရင် အခု အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ သင့်လစ်ဟင်းသွားတဲ့ အလုပ်တွေကို တချိန်ထဲမှာ လုပ်ဖို့မကြိုးစားပါနဲ့။

ပိတ်ရက်တွေ ပြီးလို့ ရုံးစဖွင့်တဲ့နေမှာ ရာချီတဲ့ အလုပ်တွေကို သင့်ကို စောင့်နေမှာ ဖြစ်ပါတယ်။သို့ပေမယ့် အဲ့မပြီးသေးတဲ့အလုပ်တွေကို တစ်နေ့တည်းနဲ့ အပြီးသတ်လုပ်ဖို့ မမျှော်လင့်ပါနဲ့။အဲ့လိုအပြီးသတ် လုပ်ချင်တဲ့အခါမှာ အလုပ်ကြောင့်ဖြစ်လာမယ့် Pressure တွေက သင့်အလုပ်ပြီးဖို့ ကြန့်ကြာစေမှာ ဖြစ်ပါတယ်။သင်လုပ်ရမယ့် အလုပ်ထဲက အရမ်းအရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးပြီး အရင်လုပ်ပါ။ပြီးမှ ကျန်တဲ့ အလုပ်အသေးတွေကို တစ်ခုချင်း ဖြိုပေါ့။

၂။ သင့်ရဲ့ အလုပ်ဇယားအတိုင်းသွားပါ။

ဥပမာ - သင့်က ရုံးရောက်ရောက်ချင်း ဖုန်းခေါ်တာမျိုး လုပ်လေ့ရှိတယ် သို့မဟုတ် email စစ်တာမျိုးလုပ်လေ့ရှိတယ်ဆိုရင် အဲ့ဇယားအတိုင်းပဲ လုပ်တာပိုကောင်းပါတယ်။ပြီးတော့ သင့် ကော်ဖီ break ယူတာကို မယူပဲ အလုပ်တွေကို ကြိုးစားလုပ်နေတာ နေ့လည်စာတောင်မစားပဲ သင့်အလုပ်ကိုပဲ အာရုံစိုက်နေတာမျိုးဆိုရင် သင့်ရဲ့ Productivity ကို လျှော့ကျစေနိုင်တဲ့အတွက် ပုံမှန်အတိုင်းပဲ လုပ်သင့်ပါတယ်။

၃။ သင့် Email inbox ကို ရှင်းလင်းပါ။

သင့် email inbox ကို ရှင်းလင်းတဲ့အခါမှာ သိပ်အရေးမကြီးတာကို ထားခဲ့တတ်ဖို့ အရေးကြီးပါတယ်။ရုံးမပိတ်ခင်က ပို့ထားတဲ့ Email တွေ reply ရမရ အရင် စစ်ပါ။ပြီးတော့မှ သင့်ထံကို ဝင်လာတဲ့ Mail တွေကို စစ်ဆေးပါ။

၄။ ကဖိန်းပါတဲ့အရည် သို့မဟုတ် ရေသောက်ပါ။

ရုံးအကြာကြီး ပိတ်ပြီး ပြန်တက်ရတဲ့ နေ့တွေက တကယ် ပင်ပန်းပါတယ်။တကယ်လို့ ခရီးတွေ ထွက်ထားတယ်ဆိုရင် ပိုဆိုးတာပေါ့။ပြီးတော့ တခြား အိမ်အလုပ်တွေကို လုပ်နေတဲ့သူတွေအတွက်လည်း ပိုပြီးတော့ ပင်ပန်းပါတယ်။အဲ့အတွက်ကြောင့် အဲ့လို ပင်ပန်းနွမ်းနယ်တာတွေအတွက် ကော်ဖီ၊လက်ဖက်ရည် သို့မဟုတ် ရေ စတာတွေနဲ့ သင့်ကိုယ်သင် ရေဓာတ်ဖြည့်တင်းထားရမှာဖြစ်ပါတယ်။သင့်ကို အာရုံစူးစိုက်အားကောင်းစေပြီး သင် စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှုကို ရေသောက်ခြင်းကနေ ရရှိနိုင်ပါတယ်။

၅။ စောစောအိပ်ပြီး ကောင်းကောင်းအနားယူပါ။

သင့်ရဲ့ အလုပ်တွေ များလာပြီး အလုပ်ဝန်ပိလာတဲ့အချိန်မှာ သင်အနေနဲ့စိုးရိမ်ပူပန်တာတွေ ဖြစ်လာမှာ သဘာဝပါ။အဲ့တာကြောင့် သင့်အနေနဲ့ ညဖက် အိပ်စက်အနားယူတဲ့အချိန်မှာ ကောင်းကောင်းအနားယူတာတွေကို ပြုလုပ်သင့်ပါတယ်။အဲ့တာမှ သင်နိုးတဲ့အခါမှာ ခွန်အားပြည့်ပြည့်ဝဝနဲ့ နိုးထလာပြီး အလုပ်တွေကို စိတ်ကြည်ကြည်လင်လင်နဲ့ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။တကယ်လို သင် အိပ်ဖို့ရန် အိပ်မရတာမျိုးဖြစ်တယ်ဆိုရင် တရားထိုင်တာပဲ ဖြစ်ဖြစ်၊ရေနွေးကြမ်းသောက်တာပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။

အခုဆို ပိတ်ရက်ရှည်ပြီးလို့ အလုပ်ပြန်ဝင်တဲ့အခါ ပင်ပန်းနွမ်းနယ်တာမျိုးတွေ မဖြစ်စေတဲ့ နည်းလမ်းတွေကို သိပြီးပြီဆိုတော့ လိုက်နာပြီး အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းခွင်ထဲကို ပြန်ဝင်နိုင်မယ်လို့ယုံဲကြည်ပါတယ်။New Day Jobs ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ စုစည်းပေးထားတာ အလုပ်အကိုင် ရှာဖွေရေး website ဖြစ်ပါတယ်။အလုပ်အကိုင်များကို New Day Jobs မှာ ရှာဖွေနိုင်ပါတယ်။

Back

You will receive the email for your email confirmation. Please check!