When You Get Called For A Job Interview

LandYourDreamJob 26 Mar 2020
When You Get Called For A Job Interview | Blog from New Day Jobs

ကိုယ်အလုပ်လျှောက်တဲ့ဆီကနေ email ကနေဖြစ်ဖြစ် messenger ကနေဖြစ်ဖြစ် အင်တာဗျူးအခေါ်ခံရပြီဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ကျွမ်းကျွမ်းကျင်ကျင်စာပြန်ပို့ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ် စာပို့ပေးတဲ့နေ့ ချက်ချင်းဖြစ်ဖြစ် နောက်တစ်နေ့မှာဖြစ်ဖြစ် စာပြန်ပို့ပေးတာကောင်းပါတယ်။ 



ပထမဦးစွာ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို စိစစ်ပုံဖော်သင့်ပါတယ်။

၁။ နည်းစနစ်ကျကျ နှုတ်ဆက်စကားစပါ ပြောချင်တဲ့စကားကို တန်းရိုက်ပြီး စာပြန်ပို့တာမျိုးမလုပ်ပါနဲ့။ နည်းစနစ်ကျကျနဲ့ ကိုယ့်ကို စာပို့တဲ့သူကို ယဉ်ယဉ်ကျေးကျေး (Mr., Ms., Dr.) အစရှိသဖြင့် ခေါင်းစီးတပ်ပြီး သူ့ရဲ့ နာမည်နှင့်တွဲ၍ နှုတ်ဆက်စကားစလိုက်ပါ။ 

၂။ ကိုယ့် စာပို့ရတဲ့အကြောင်းအရင်းကို ဖော်ပြပါ ကိုယ့်ရဲ့ စာ စစချင်းမှာ ကိုယ်ရေးရတဲ့အကြောင်းအရင်းကို ဖော်ပြသင့်ပါတယ်။ ဦးစွာပထမအနေဖြင့် ကိုယ့်ကို အင်တာဗျူးအတွက် ခေါ်တဲ့သူကို ကျေးဇူးတင်စကားပြောဆိုပြီး ကိုယ်က အင်တာဗျူးကို လက်ခံကြောင်း ရှင်းရှင်းလင်းလင်းပြောဆိုပါ။ “အခုလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… (Thank you for the opportunity...)” သို့မဟုတ် “အင်တာဗျူးနဲ့ ပတ်သတ်ပြီး အတည်ပြုလိုသောကြောင့် ဒီစာကို ရေးသားခြင်းဖြစ်ပါတယ်… (I’m writing to confirm the interview details...)” အစရှိသဖြင့် မိမိရဲ့ ပြန်စာကို အစပျိုးလို့ရပါတယ်။ 

၃။ အသေးစိတ် အချိန်ကိုက်ညှိပါ တစ်ခါတစ်လေကျရင် အင်တာဗျူးခေါ်တဲ့သူက အချိန် ၂ ခု ၃ ခုလောက်ပေးပြီး ကိုယ့်ကို ရွေးချယ်ခွင့်ပေးတတ်ပါတယ်။ အဲ့ဒီလိုဆိုရင် ကိုယ်အဆင်ပြေတဲ့အချိန်ကို သေသေချာချာတိတိကျကျလေး ပြောပြီး စာပြန်သင့်ပါတယ်။ 

၄။ ပြန်စာတောင်းပါ ကိုယ်က အချိန်နဲ့ နေရာကို ပြောပြီး သေချာရဲ့လား အင်တာဗျူးမေးမယ့်သူတွေကကော သဘောတူညီမှုရှိရဲ့လားဆိုတာကို အတည်ပြုပြန်ပြောပေးဖို့လည်း စာထဲမှာ ထည့်ရေးသင့်ပါတယ်။ 

၅။ ကျေးဇူးတင်စကားပြောပါ ကိုယ်က ပြန်စာရေးတဲ့အခါမှာ ကိုယ့်ကို အင်တာဗျူးဖြေဖို့ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကို ပြောဖို့ မမေ့ပါနဲ့။



New Day Jobs ဆိုတာ အလုပ်အကိုင်များစွာကို တစ်နေရာတည်းမှာ ရှာဖွေလျှောက်ထားနိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များကို လျှောက်ထားနိုင်လိုပါက New Day Jobs မှတဆင့် လျှောက်ထားနိုင်ပါတယ်။


Back

You will receive the email for your email confirmation. Please check!