Youtube Video For Your Personal And Career Developments

Personal Upgrade 09 Apr 2020
Youtube Video For Your Personal And Career Developments | Blog from New Day Jobs

ဒီနှစ်သင်္ကြန်က ၅ ရက်ဖြစ်တဲ့အပြင် COVID ကြောင့်အပြင်မထွက်ပဲ? အိမ်တွင်းအောင်းရမယ့်အတူတူ ကိုယ့် career တိုးတက်ဖို့အတွက် အချိန်တွေကို အသုံးပြုနိုင်ဖို့ စီးပွားရေးနဲ့ပတ်သတ်တဲ့ Youtude video ငါးခုကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Jeff Becos (CEO of Amazon) ရဲ့ What matters more than your talents

ကမ္ဘာကျော် Online Shopping company ကြီးတစ်ခုဖြစ်တဲ့ Amazon ရဲ့ Founder နဲ့ CEO ဖြစ်တဲ့ Jeff Becos ကတော့ ဒီ talk ကို Princeton တက္ကသိုလ်ရဲ့ Graduation အခမ္းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။သင်အောင်မြင်ဖို့အတွက် သင့်ရဲ့မွေးရာပါ ကိုယ်ရည်ကိုယ်သွေးထက် သင့်ရွေးချယ်မှုက ပိုပြီး အရေးပါအရာရောက်ကောင်းကို ပြောခဲ့တာဖြစ်ပါတယ်။သင်မှာ ဘယ်လောက်ပဲကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိရှိ အဲ့အရာတွေအတွက် ရွေးချယ်မှုကောင်းကောင်းလုပ်တတ်ဖို့မှာသာ သင့်အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

ကြည့်ရန်

၂။ Simon Sinek ရဲ့ If You Don't Understand People, You Don't Understand Business

ဒီ Video မှာ ဆိုရင်တော့ သင် လူသားတွေအတွက် ဘယ်လို အကူအညီတွေ ပြုလုပ်နိုင်မလဲ၊ သင်ဟာ သင့်ကို ယုံကြည်ပေးတဲ့ လူတွေနဲ့ဝန်းရံခြင်းခံရတဲ့အခါမှာ ဘယ်လိုအောင်မြင်မှုတွေရရှိနိုင်မလဲ?လူတစ်ဦးနဲ့တစ်ဦး ယုံကြည်ခြင်းက စီးပွားရေးကို ဘယ်လိုတိုးတက်စေနိုင်လဲဆိုတာကို ပြောပြပေးထားတာဖြစ်ပါတယ်။မိနစ် ၃၀ ကြာတဲ့ video ဖြစ်ပေမယ့် ကြည့်ရင် သင့်စီးပွားရေး သင့် career အတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။

ကြည့်ရန်

၃။ Tina Roth Eisenberg ရဲ့ Don't Complain, Create

အောင်မြင်တဲ့ Graphic Designer တဖြစ်လဲ Working Mom ဖြစ်တဲ့ Tina Roth Eisenberg က သူ့အနေနဲ့ သူ့သမီးမွေးပြီးနောက်ပိုင်းမှာ သူရဲ့ စီးပွားရေး အခွဲတွေဖြစ်တဲ့ Creative Mornnings,Tatty နဲ့ Studiomates အစရှိတာတွေကို စတင်လုပ်တုန်းက သူ့ကျင့်သုံးခဲ့တဲ့ Rule ငါးခုကိုပြောထားတာဖြစ်ပါတယ်။ဒီ video မှာ ကိုယ်ရဲ့ အခက်အခဲတစ်ခုခုအတွက် ငြီးနေမယ့်အစား အဲ့တာကို ဖြေရှင်းဖို့အချိန်ယူလိုက်မယ် သို့မဟုတ် အဲ့အခက်အခဲအတွက် စိတ်ဆင်းရဲမခံတော့ဘူးဆိုပြီး ပြောထားတာပါတယ်။လုပ်ငန်းတွေအများကြီးကို ဦးဆောင်လိုတဲ့သူတွေ ကြည့်သင့်တဲ့ video ဖြစ်ပါတယ်။

ကြည့်ရန်

၄။ Seth Godin ရဲ့ How to get your ideas to spread

Marketing ဆရာကြီးတစ်ဦးဖြစ်တဲ့ Seth Godin ရဲ့ ဒီ TED talkဟာဆိုရင် နည်းပါးတဲ့အချိန်နဲ့ များပြားတဲ့ ရွေးချယ်မှုတွေနဲ့ ပြည့်ကျပ်နေတဲ့ ဒီလောကကြီးမှာ ကျွန်တော်တို့ရွေးချယ်ရမှာကတော့ သမာရိုးကျ ဖြစ်တဲ့အရာတွေကို လျှစ်လျှူရှုနိုင်ဖို့ဖြစ်တဲ့အကြောင်းနဲ့ မကောင်းတဲ့ idea နဲ့ ထူးခြားတဲ့ idea က ဘာလို့ လူတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေရတာလည်းဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။

ကြည့်ရန်

ဒီ Video တွေနဲ့ သင့်ရဲ့ Personal နဲ့ Career မှာ တိုးတက်မှုတွေ ရရှိနိုင်ကြပါစေ။ New Day Jobs ဆိုတာ မြန်မာနိုင်ငံတဝှမ်းလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ Website ဖြစ်ပါတယ်။အလုပ်အကိုင်များကို New Day Jobs မှာရှာဖွေ လျှောက်ထားနိုင်ပါတယ်။

Back

You will receive the email for your email confirmation. Please check!