Career blogs-Learning | New Day Jobs

Blog

Things To Do After A Job Interview | Read more blogs at New Day Jobs

Things To Do After A Job Interview

Khai Deih NeamDigital Marketing ExecutiveJob interview တစ်ခုကို ဖြေပြီးသွားတဲ့အချိန်က အရေးကြီးတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့ အများစုက job interview ဆိုရင် မဖြေခင်ကိုပဲ အရေးကြီးတယ်လို ထင်တတ်ကြပါတယ်။အမှန်တကယ်က မဖြေခင်အချိန်ကော ဖြေပြီးသွားတဲ့အချိန်ကော နှစ်ချိန်လုံး အရေးကြီးပါတယ်။Job interview ဖြေပြီးသွားတဲ့အချိန်မှာတောင်မှ သင်က အလုပ်ရဖို့ သေချာတဲ့ အပြုအမှုတွေကို လုပ်လို့ရပါတယ်။ပြီးတော့ သင့်အပြုအမှုတွေကို interviewer တွေက အထင်ကြီးသွားစေနိုင်ဖို့ လိုအပ်ပါတယ်။အဲ့တာကြောင့် Interview ပြီးသွားတဲ့အခါ လုပ်ရမယ့် အပြုအမှုတွေကို လေ့လာလိုက်ပါဦးနော်။၁။ နောက်တဆင့်က ဘာလဲဆိုတာနဲ့ Follow Up လုပ်ရမယ့်သူကို မေးပါ။Interview ပြီးသွားတဲ့အခါမှာ Hiring ...

LandYourDreamJob
02 Jun 2020
Tips To Improve Your Time Management Skill | Read more blogs at New Day Jobs

Tips To Improve Your Time Management Skill

Khai Deih NeamDigital Marketing Executiveတစ်နေ့မှာ၂၄ နာရီရှိပေမယ့် အချိန်မလောက်ဘူးလို့ထင်နေကြတဲ့သူတွေရှိပါတယ်။ တစ်နေ့တာအတွင်းမှာ ကိုယ်ပြီးမြောက်ချင်တာပြီးဖို့အတွက် အချိန်ကို အကျိုးရှိရှိအသုံးချတတ်ဖို့လိုအပ်ပါတယ်။ အကယ်၍သာ သင်က လွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ အချိန်ကို ရှာဖွေအသုံးပြုတတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ဒီနေ့မှာတော့ နေ့တစ်နေ့မှာ အလုပ်များများပြီးနိုင်မယ့် အချက်ကလေးတွေကို ပြောပြပေးပါမယ်။ ၁။ သင့်ရဲ့ပန်းတိုင်ကို သိပါ အဓိကအချက်ကတော့ ကိုယ့်ရဲ့ ပုံမှန်ပြုမူလုပ်ကိုင်မှုတွေထဲက ဘယ်အရာကို ပြောင်းလဲချင်လဲဆိုတာကိုပါ။ အကယ်၍ သင်က အချိန်ဖြုန်းနေမိတာတွေကို သတိထားမိတယ်ဆိုရင်တော့ ကိုယ်ဒီနေ့လုပ်ကိုင်ရမယ့် ပန်းတိုင်တွေကို ချရေးလိုက်ပါ။ ကိုယ့်ရဲ့ အလုပ်နဲ့ပတ်သတ်တဲ့ ပန်းတိုင်ကို ရောက်ဖို့ လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်ဆောင်ဖို့ စီစဉ်လိုက်ပါ။ တခြားအရာတွေအကုန်လုံးက အချိန်ဖြုန်းတာ သပ်သပ်ပဲလေ။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေက အလုပ်လုပ်ကိုင်တာတွေနဲ့ ကိုယ့်ရဲ့ အလုပ်အနာဂတ်နဲ့ ဝင်ငွေရဖို့အတွက်နဲ့ ပတ်သတ်တဲ့လုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်။ ️၂။ ကြိုတင်စီစဉ်ပါသင်မလုပ်သင့်တဲ့အရာတစ်ခုကတော့ ဒီနေ့မှာ ဘယ်အလုပ်တွေပြီးအောင်လုပ်ရမယ်ဆိုတဲ့ အရာကို မသိပဲနဲ့ တစ်နေ့တာကို စတင်တာမျိုးပါ။ တစ်နေတာမှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို ကြိုတင်စဉ်းစားစီစဉ်ပြီးအလုပ်လုပ်ကိုင်တာက တစ်နေ့တာလုံး ဘာလုပ်ရမယ်မှန်းမသိပဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ ဘာမှမပြီးဖြစ်သွားတာနဲ့ယှဉ်ကြည့်ရင် အသေးအဖွဲလေးပါပဲ။ ကိုယ့်ရဲ့ ပင်ကိုယ်အကျင့်ပေါ်မူတည်ပြီး နောက်တစ်နေ့အစီအစဉ်တွေကို ပထမညမှာ ကြိုတင်ပြင်ဆင်တာတို့ အဲ့ဒီနေ့မနက်မှာ ကြိုတင်ပြင်ဆင်တာတို့ ပြုလုပ်လိုက်ပါ။ ၃။ ဦးစားပေးမှုကို အမြော်အမြင်ကြီးစွာလုပ်ဆောင်ပါတစ်နေ့တာလုပ်ရမယ့်အလုပ်တွေကို ပြီးစီးအောင်လုပ်နိုင်အောင်လို့ အချက်ကလေးတွေနဲ့ ရေးမှတ်ထားပါ။ ကိုယ် အဓိက ဦးစားပေးလုပ်ရမယ့် အလုပ်တွေအလိုက် အစီအစဉ်ရေးဆွဲပြီး ပြီးစီးအောင်လုပ်ဆောင်လိုက်ပါ။အစီအစဉ်ရေးဆွဲတဲ့အခါမှာ - အရေးကြီးပြီး အလျှင်လိုတာ၊ အရေးကြီးပေမယ့် အလျှင်မလိုဘူး၊ အလျှင်လိုပေမယ့် အရေးမကြီးဘူး၊ အလျှင်လည်း မလိုဘူး အရေးလည်းမကြီးဘူး။ကိုယ့်ရဲ့ ဒီနေ့ပြီးဖို့ ‘အရေးကြီးပြီး အလျှင်လို’ တဲ့ အလုပ် ၃ ခု ၄ ခုလောက်ကို ချရေးလိုက်ပါ။ တစ်ခုလုပ်ပြီးတိုင်း ပြီးသွားကြောင်း အမှတ်အသားလုပ်လိုက်ပါ။ ကိုယ်ဘယ်လောက်ထိ အစီအစဉ်ကျကျ အောင်မြင်အောင်လုပ်နိုင်လဲဆိုတာကို တွေ့ရပါလိမ့်မယ်။ ၄။ ကိုယ့်ရဲ့ ပစ္စည်းတွေကို သေသေချာချာထားပါကိုယ်အထားမှားမိလို့ ပစ္စည်းတွေရှာရတာတွေနဲ့ အချိန်မဖြုန်းပါနဲ့။ ကိုယ့်ရဲ့ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ကားသော့၊ ပိုက်ဆံအိတ်၊ စာရွက်စာတမ်း၊ ဖိနပ်အစရှိတာတွေကို ရှာနေရတာနဲ့ အချိန်ကုန်တာမျိုးမဖြစ်အောင် ထားနေကျနေရာနဲ့ မှတ်သားထားလိုက်ပါ။ လိုအပ်တဲ့ပစ္စည်းတွေကို လိုက်ရှာနေစရာမလိုအောင်လို့ ဗီရိုတို့ စာအုပ်စင်တို့ တခြား သိမ်းဆည်းလို့ရတဲ့နေရာတွေမှာ ကိုယ်လိုအပ်တဲ့ ပစ္စည်းလေးတွေကို တစ်စုတည်း ထားထားလိုက်ပါ။ ကိုယ်လိုအပ်တဲ့ပစ္စည်းတွေ အဆင်သင့်ရှိတယ်ဆိုရင် ရုံးနောက်ကျတာမျိုးလည်း ရှိတော့မှာမဟုတ်ဘူးလေ။ ၅။ အနှောက်အယှက်တွေကို ရှောင်ကျဉ်လိုက်ပါ အနှောက်အယှက်တွေဆိုတာ အချိန်ဖြုန်းတာအတွက် ဦးတည်မှုတစ်ခုပါပဲ။ ကိုယ့်ရဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အနှောက်အယှက်တွေကို ကောင်းကောင်းရှောင်ကျဉ်တတ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို သွေးဆောင်စေတဲ့ အနှောက်အယှက်တွေဖြစ်တဲ့ social media လိုအရာမျိုးတွေကို အာရုံစိုက်တာမျိုးတွေကို လျှော့ချလိုက်ပါ။ အနှောက်အယှက်တွေကနေ အလုပ်လုပ်ရာမှာ စိတ်ရှုပ်ထွေးစေပြီး လုပ်နေတဲ့အလုပ်တွေ မပြီးစီးတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ အနှောက်အယှက်တွေကို ဘယ်လိုလျစ်လျူရှု့မလဲဆိုတာရယ် ကိုယ့်ရဲ့ တာဝန်တွေကို ဘယ်လိုပြီးစီးအောင်လုပ်မလဲဆိုတာတွေရယ်ကို ကောင်းကောင်းသိထားဖို့လိုအပ်ပါတယ်။ New ...

Time management
29 May 2020
Things To Do For Online Communication | Read more blogs at New Day Jobs

Things To Do For Online Communication

Nanda Win MyintDigital Marketing ExecutiveOnline တွင် စာပို့ပြောဆိုရာတွင် ပြုမူသင့်သောအရာများ အခုနောက်ပိုင်းမှာ Online ကို အသုံးပြုတာ အရမ်းကို များပြားလာပါတယ်။ ပြီးတော့ Freelance(အလွတ်တန်း) လုပ်ကိုင်တဲ့သူတွေလည်းများပြားလာပြီး သူတို့တွေက online ကနေ ဆက်သွယ်ပြီး အိမ်ကနေပြီး အလုပ်တွေကို လုပ်ကိုင်ပေးကြပါတယ်။ဒါပေမယ့် အဲ့ဒီလိုမျိုး online ကနေ တဆင့်ဆက်သွယ်ပြောဆိုရတာက လူချင်းတွေ့ပြီး ပြောဆိုရတာနဲ့ အရမ်းကို ကွာခြားပါတယ်။အဲ့ဒီအတွက်ကြောင့် online ကနေ စာပို့ပြောဆိုတဲ့အခါမှာ နားလည်မှုလွဲတာမျိုးမဖြစ်အောင် ပြောဆိုသင့်ပါတယ်။မနေ့သစ်က သူငယ်ချင်းတို့ကို Online ကနေ စာပို့ပြောဆိုတဲ့အခါမှာ ဘယ်လိုမျိုး ပြုမူပြောဆိုသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။(၁) လေးစားမှုရှိပါလူတိုင်းမှာ ခံစားချက်အမျိုးမျိုးနဲ့ အထင်အမြင်အမျိုးမျိုးရှိတတ်ပါတယ်။ ပြီးတော့ကိုယ်က online ကို အသုံးပြုတဲ့အခါမှာ အဲ့ဒါကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ကိုယ်က တခြားသူကို မမြင်ရပဲနဲ့ စာပို့ပြောဆိုလို့ရပါတယ်။ ဒါပေမယ့်သိထားရမှာတစ်ခုက အဲ့ဒီ account ကို အသုံးပြုနေတဲ့သူက ခံစားချက်ရှိတဲ့ တကယ့်လူဆိုတာကိုပဲ။ ကိုယ်က အဲ့ဒီလူကို မျက်နှာချင်းဆိုင် မပြောချင်ဘူးဆိုရင် စာပို့ပြောဆိုတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကိုယ့်ကို ဒီလိုစကားမျိုးပြောဆိုတာ မကြိုက်ဘူးဆိုရင် တခြားသူတွေလည်း ကြိုက်မှာမဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။(၂) ကိုယ်ပို့တဲ့စာကို ဘယ်လိုတွေးမိနိုင်လဲဆိုတာကို သိထားပါပြင်းထန်တဲ့ စကားအသုံးအနှုန်းတွေ အင်္ဂလိပ်စာ စာလုံးအကြီးတွေနဲ့ ရေးတာတွေနဲ့ exclamation marks တွေက စာမှာ အဓိပ္ပာယ်ကောက်လွဲတတ်ပါတယ်။ အချင်းချင်းတွေ့ပြီးစကားပြောဆိုတဲ့အခါမှာ ပိုပြီးနားလည်အောင် လက်ဟန်အမူအယာတွေ မျက်နှာအမူအယာတွေနဲ့ အသံတွေက ကူညီပေးပါတယ်။ အကယ်၍ သိပ်နားမလည်ဘူးထင်ရရင်လည်း ကိုယ်က ပြန်ပြောလို့ရတယ်လေ။ ဒါပေမယ့် ...

Personal Upgrade
15 May 2020
You will receive the email for your email confirmation. Please check!