Career blogs-Learning | New Day Jobs

Blog

How To Prepare For Your Remote Job Interview | Read more blogs at New Day Jobs

How To Prepare For Your Remote Job Interview

Khai Deih NeamDigital Marketing Executiveအခုအချိန်မှာ COVID - 19 ကြောင့် တချို့သော အလုပ်အကိုင်များက remote လုပ်လို့ရတဲ့အလုပ်အကိုင်တွေ ဖြစ်လာကြပါတယ်။နည်းပညာတွေကလည်း တိုးတက်လာတဲ့အလျောက် interview တွေကို ဖြေတဲ့အခါမှာလည်း online ကနေပဲ ဖြေဆိုတာမျိုးတွေကို လုပ်လာကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံရတဲ့ interview မဟုတ်တဲ့အခါ စက်ကိရိယာတွေနဲ့ နည်းပညာရဲ့ အကူအညီကို ယူကြရတဲ့အခါ ပြင်ဆင်သင့်တဲ့ အချက်အလက်တွေကို သိခြင်းက သင့်အတွက် interview အောင်ဖို့ရန် အခွင့်အလမ်းများနိုင်မှာ ဖြစ်ပါတယ်။Interview မဖြေခင် တစ်ရက်မှာ ကောင်းကောင်းအနားယူပါသင်က interview ဖြေရမယ်နေ့မှာ အိပ်ရေးမဝပဲ ဖြစ်နေမယ်ဆိုရင်တော့ သင့်အတွက် အနှောင့်အယှက်အကြီးကြီးဖြစ်နေပါလိမ့်မယ်။ မျက်နှာချင်းဆိုင်ကိုယ်တိုင်ဖြေရမယ်ဆိုရင်တော့ ပြင်ဆင်တာတွေ၊လမ်းလျှောက်ရတာတွေနဲ့ လန်းဆန်းပြီး စိတ်ကြည်လင်သွားနိုင်ပေမယ့် အိမ်မှာပဲ Laptop ရှေ့မှာ ဖြေရတဲ့အခါမှာ ကိုယ်ရဲ့ မကြည်လင်တဲ့ပုံပန်းသွင်ပြင်ကြောင့် interview မေးမယ့်သူ စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်ပါမယ်။အဲ့တာကြောင့် အိပ်ရေးဝဝ အိပ်ဖို့လိုအပ်ပါတယ်။လေ့လာပါ။တချို့က ကိုယ့်အိမ်မှာပဲ ဖြေရတဲ့အတွက် အေးဆေးပဲဆိုပြီး ရုံးသွားဖြေရတဲ့ ...

Career Advice
08 May 2020
How To Stay Energized During Work From Home Period | Read more blogs at New Day Jobs

How To Stay Energized During Work From Home ...

Khai Deih NeamDigital Marketing ExecutiveWork From Home မှာ ဘယ်လို တက်ကြွစွာ အလုပ်လုပ်မလဲ၊၁. အလုပ်မစခင်မှာ လမ်းလျှောက်ပါ။အလုပ်မစခင်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး လတ်ဆတ်တဲ့ လေကို ရှုရှိုက်တာက သင်တစ်နေကုန်အလုပ်လုပ်ဖို့အတွက် တက်ကြွမှုကို ပေးပါတယ်။အလုပ်မစခင် ငါးမိနစ်အလိုမှ ထပြီး အလုပ်စားပွဲမှာ ထိုင်တာထက် စောစောထပြီး လေ့ကျင့်ခန်း လုပ်တာက တစ်နေ့လုံး လန်းဆန်းတက်ကြွနေဖို့ ကူညီပေးမှာဖြစ်ပါတယ်။၂. တစ်ဆက်တည်းထိုင်ပြီး အလုပ်မလုပ်ပါနဲ့။ရုံးမှာ အလုပ်လုပ်ရင် တစ်နာရီတစ်ခါလောက် အိမ်သာသွားတာပဲဖြစ်ဖြစ်၊ရေထသောက်တာပဲဖြစ်ဖြစ် လုပ်ဖြစ်ကြပေမယ့် အိမ်မှာ အလုပ်လုပ်တဲ့အခါမှာ ထဖို့၊ထိုင်ဖို့ မေ့တတ်ကြပါတယ်။အဲ့တာကြောင့် တစ်နာရီတစ်ခါလောက် ရေထသောက်တာပဲဖြစ်ဖြစ်၊ဝါရန်တာထွက်ပြီး လေရှုတာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ အလုပ်စားပွဲမှာပဲ လုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေကိုလည်း ပြုလုပ်လို့ရပါတယ်။၃. အလုပ်လုပ်တဲ့နေရာကို လင်းအောင်ထားပါ။နေခင်းဖက်မှာ အလုပ်လုပ်တဲ့အခါမှာ သင့်အလုပ်စားပွဲက နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာ ဖြစ်ပါစေ။တကယ်လို့ ညဖက်မှာ အလုပ်လုပ်ရမယ်ဆိုရင်လည်းမီးဖွင့်ထားခြင်းက သင့်ကို နိုးနိုးကြားကြားရှိစေမှာပဲ ဖြစ်ပါတယ်။၄. ရေများများသောက်ပါ။ကော်ဖီသောက်တာက သင့်ကို တခဏတော့ တက်ကြွစေမှာ မှန်ပေမယ့် အလုပ်လုပ်တဲ့အချိန်မှာ ရေသောက်တာကတော့ သင့်ကို ပိုပြီး ကျန်းမာစေပြီး နိုးကြားစေမျာဖြစ်ပါတယ်။ရေဓာတ် ဆုံးရှုံးခြင်းက သင့်ရဲ့ အာရုံစူးစိုက်မှုကို ကျဆင်းစေတဲ့အတွ့် ဖြစ်နိုင်ရင် အလုပ်စားပွဲနားမှာ ရေဘူးဆောင်ထားသင့်ပါတယ်။၅. အစာပြေစားပေးပါ။သင့်တစ်နေ့တာ အာရုံစူးစိုက်မှုကောင်းဖို့နဲ့ သကြား ဓာတ်ကို ထိန်းသိမ်းနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညတ်တဲ့ အဆာပြေလေးတွေကို စားပေးသင့်ပါတယ်။စားသင့်တဲ့ အဆာပြေတွေကတော့ : 1. သစ်သီး၊အစေ့အဆံ2. Yogurt 3. Crackers တွေပဲ ဖြစ်ပါတယ်။၆. လွယ်ကူတဲ့ အလုပ်တွေကို အရင်လုပ်ပါ။ခက်ခဲတဲ့တာဝန်တွေက သင့်ပင်ပန်းတဲ့အချိန်မှာ အာရုံစူးစိုက်လို့မရအောင် ဖြစ်ပစေပါတယ်။ဖြစ်နိုင်ရင်တော့ လွယ်ကူတဲ့ တာဝန်တွေဖြစ်တဲ့ email ပြန်တဲ့၊ အချက်အလက်တွေ ဖြည့်တာမျိုးတွေကို အရင်လုပ်သင့်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ တာတြန်လေးတွေကို ပြီးမြောက် နိုင်တယ်ဆိုရင် သင့်လည်းခွန်အားပြန်ပြည့်နိုင်ပါတယ်။၇. အမွေးနံသာ သုံးပါ။တကယ်လို့ သင်က အမွေးနံ့သာ ကြိုက်တဲ့သူဆိုရင် အမွှေးပါတဲ့ ဖယောင်းတိုင် သို့မဟုတ် essential oil diffuser ကို သင့် စားပွဲမှာ ထားပေးပါ။အဲ့လို ထားပေးခြင်းဖြင့် သင့်စိတ်ကို လန်းဆန်းစေပြီး အလုပ်လုပ်တဲ့အခါမှာ တက်ကြွလန်းဆန်းစေနိုင်ပါ့တယ်။New ...

Workplace Success
28 Apr 2020
Easy Stretching Exercises At Your Desk | Read more blogs at New Day Jobs

Easy Stretching Exercises At Your Desk

Khai Deih NeamDigital Marketing ExecutiveWork From Home လုပ်နေရပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့သူတွေနဲ့ အလုပ်စားပွဲကနေ ထိုင်ရာက မထပဲ အလုပ်လုပ်နေရတဲ့သူတွေအတွက် လွယ်ကူပြီး ကိုယ့်ရဲ့ စားပွဲမှာပဲ လုပ်လို့ရတဲ့ streching လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးချင်ပါတယ်။1. Neck StretchNeck stretch ကတော့ နာရီပေါင်းများစွာ အလုပ်လုပ်လို့ တင်းနေတဲ့ သင်ရဲ့ ပုခုံးနဲ့ လည်ပင်းက အကြောတွေကို ဖြေလျော့သွားစေမယ့် အကြောလျော့နည်းတစ်မျိုးဖြစ်ပါတယ်။ လည်ပင်းအကြောလျောတဲ့အခါ ခုံတစ်လုံးမှာ မတ်မတ်ထိုင်ပါ။သင့်ခြေထောက်နှစ်ချောင်းလုံးကို ကြမ်းပြင်နဲ့ ညီအောင်ထားပါ။စပြီး အသက်ကို ရှုသွင်း ရှုထုတ်ပြုလုပ်ပါ။ပြီးရင် သင့်ခေါင်းကို စောင်းပြီး တစ်ဖက်မှ တစ်ဖက်ကို ဖြေညင်းစွာ လှည့်ပေးပါ။လှည့်တဲ့အခါမှာ သင့်ခနာကိုယ်ပေါ်က မလိုလားအပ်တဲ့ ဖိအားတွေကို ထိန်းချုပ်ထားပါ။သင့်လိုအပ်သလောက် အကြောလျေ့ာခြင်းကို ပြုလုပ်နိုင်ပါတယ်။2. Side Stretchဒီလေ့ကျင့်ခန်းကတော့ သင့်ကို နောက်ကျောနဲ့ခါး နာကျင်ခြင်းတွေနဲ့ တင်းမာခြင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။အလုပ်လုပ်လို့ ထိုင်ခုံမှာ ထိုင်ပြီး လုပ်လို့ရတဲ့အကောင်းဆုံး လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး လက်မောင်းတွေကို သင့်ခေါင်းအပေါ်မှာ မြှောက်ထားပါ။ဝင်လေ ထွက်လေကို ရှုပြီး မြှောက်ထားတဲ့ သင့်လက်တွေကို တူတူပူးကပ်လိုက်ပါ။ပြီးရင် သင့်ပုခုံးတွေကို ဘေးကို စောင်းပါ။ပုခုံးတွေကို အနည်းဆုံး စက္ကန့် ၂၀ သို့မဟုတ် ၃၀ အကြောလျော့သင့်ပါတယ်။3. Upper Back ...

Workplace Skill
24 Apr 2020
How To Overcome Fear At Work | Read more blogs at New Day Jobs

How To Overcome Fear At Work

Khai Deih NeamDigital Marketing Executiveအလုပ်မှာ ကြောက်ရွံ့မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ? ကြောက်ရွံ့မှုဆိုတာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေကို တုံ့ပြန်တာပါ။ အဲ့ဒီလို တုံ့ပြန်မှုက ကိုယ့်ကို သတိရှိစေပြီး အန္တရာယ်ကင်းစေပါတယ်။ ဒါပေမယ့် အန္တရာယ်တွေကို တွေးပြီး ကြောက်ရွံ့မှုတွေ အရမ်းများသွားတဲ့အခါ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဖိစီးမှုတွေအရမ်းများလာနိုင်ပြီး အလုပ်လုပ်နိုင်စွမ်းတွေ လျော့ကျသွားနိုင်ပါတယ်။ကြောက်ရွံ့တွေကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးမယ်နော်။(၁) ကြောက်ရွံ့မှုကိုနားလည်ပြီး ထွေးပွေ့လိုက်ပါကြောက်ရွံ့မှုတွေက ကိုယ့်ကို အန္တရာယ်ကင်းစေဖို့အတွက် တည်ရှိနေတာပါ။ အဲ့ဒါက အရမ်းကြီးဆိုးတာလည်းမဟုတ်သလို အရမ်းကြီးကောင်းတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက် ချဖို့အတွက်ကတော့ အရေးကြီးပါတယ်။ ကိုယ် ကြောက်ရွံ့နေတဲ့အရာတွေကို နားလည်သွားရင် ကိုယ်လိုအပ်နေတာနဲ့ လိုချင်နေတာကို လုပ်ဆောင်နိုင်ဖို့ အကူအညီဖြစ်ပါတယ်။ ကြောက်ရွံ့မှုကို နည်းလမ်းအနေနဲ့ ထွေးပွေ့ထားလိုက်ပြီး လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ တစ်ခါတစ်လေကျရင် ကြောက်ရွံ့မှုတွေက ကိုယ်လုပ်ဆောင်နိုင်ဖို့ အားအင်တွေလည်း ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ထုတ်ဖော်ပြောလိုက်တာတို့ ချရေးတာတို့လုပ်ပြီး ပိုကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို စဉ်းစားလိုက်ပါ။ ကိုယ်က ကြောက်ရွံ့မှုတွေကို စိတ်ထဲ ထိန်းချုပ်ထားရင် ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ ကိုယ်က ကြောက်ရွံ့မှုတွေကို ရင်ဆိုင်လိုက်ရင်တော့ အဲ့ဒါတွေက သေးငယ်ပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။(၂) ပိုမိုသိနားလည်အောင်လုပ်ပါကိုယ်က ဘာမှမသိဘူးလို့ထင်ပြီးကြောက်နေရင် ဘာမှဖြစ်မလာနိုင်ပါဘူး။ ကိုယ်က လုပ်ရမယ့်အလုပ်နဲ့ပတ်သတ်ပြီး သိပ်နားမလည်ဘူးဆိုပြီး ကြောက်နေမယ့်အစား ကိုယ်သိချင်တဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာတာတို့ တခြားသူတွေကို မေးမြန်းပြီး လေ့လာသင်ယူတာတို့ လုပ်သင့်ပါတယ်။(၃) လုပ်ဖော်ကိုင်ဖက်တွေရဲ့ တွန်းအားပေးမှုကို အသုံးချပါသူငယ်ချင်းတွေက တွန်းအားပေးတာကြောင့် ကြောက်စရာကောင်းတဲ့အရာမျိုးတွေဖြစ်တဲ့ အမြင့်ကနေ ခုန်ချတာတို့ လေထီးခုန်တာတို့ ရေအောက်ငုပ်တာတို့ လုပ်ဖူးပါသလား? တစ်ခါတစ်လေကျရင် ကိုယ်က ကြောက်နေပေမယ့် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေရဲ့ တွန်းအားပေးမှုကြောင့် ကြောက်နေတဲ့စိတ်ကနေ လုပ်ချင်စိတ်ဖြစ်ပေါ်လာပြီး လုပ်ကိုင်သွားနိုင်တာမျိုးရှိပါတယ်။ အဲ့ဒီလိုမျိုး ကိုယ်ကို သတ္တိရှိအောင် လုပ်ကိုင်နိုင်အောင် တွန်းအားပေးနိုင်မယ့် လုပ်ဖော်ကိုင်ဖက်မျိုးနဲ့ ရှိနေတာကလည်း ကိုယ့်အတွက် အထောက်အကူဖြစ်ပါတယ်။(၄) အကူအညီယူပါကိုယ်က တစ်ယောက်တည်းလုပ်ကိုင်ရမှာမို့လို့ ကြောက်နေတာလား? အားကစားသမားတွေမှာ နည်းပြတွေရှိသလို ကျောင်းသားတွေမှာ ဆရာ၊ဆရာမတွေရှိသလိုပဲ ကိုယ့်ကို ဦးဆောင်လမ်းပြလုပ်ပေးနိုင်ပြီး ကူညီပေးနိုင်မယ့်သူကိုရှာဖွေကြည့်လိုက်ပါ။ တစ်ခါတစ်လေကျရင် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အကူအညီရနိုင်သလို အထက်လူကြီးဆီကနေလည်း နည်းလမ်းလေးတွေရနိုင်ပါတယ်။ အကယ်၍ သူတို့တွေက ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မကြုံတွေ့ဖူးဘူးဆိုရင်တောင် ကိုယ့်ကြောက်ရွံ့မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။(၅) အကောင်းမြင်စိတ်ထားပါကိုယ်က လုပ်ကိုင်ရမယ့်အရာကို ကြောက်နေတယ်ဆိုရင် ထင်ထားသလောက်အောင်မြင်မှုမရနိုင်ပါဘူး။ ကိုယ်က စတင်မလုပ်ခင်မှာ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတာမျိုးကို တွေးနေတာမျိုးမလုပ်ပဲနဲ့ ကိုယ်လုပ်ကိုင်နိုင်မယ့် နည်းလမ်းလေးတွေကို စဉ်းစားလိုက်ပါ။ အဲ့ဒီလိုမစဉ်းစားခင်မှာ ကိုယ့်စိတ်ကို အကောင်းမြင်စိတ်ဖြစ်အောင် အရင်ပြောင်းလဲလိုက်ပါ။ အကောင်းမြင်စိတ်ရှိတဲ့သူတွေက အောင်မြင်နိုင်ချေပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေက လက်လျော့အရှုံးပေးလိုက်တဲ့အချိန်မှာ သူတို့တွေက လုပ်နိုင်တယ်လို့ပဲ တွေးထားပြီး ကြိုးစားနေကြတဲ့အတွက်ဖြစ်ပါတယ်။(၆) အကြောင်းအရင်းကို ရှာပါတစ်ခါတစ်လေကျရင် ကိုယ်လုပ်ကိုင်တာ အဆင်မပြေဖြစ်တဲ့အခါ မအောင်မြင်တဲ့အခါ လက်လျော့ချင်တဲ့စိတ်မျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က အဲ့ဒီလိုဖြစ်တဲ့အခါ လက်မလျော့ပဲနဲ့ သေချာကြိုးစားကြည့်သင့်ပါတယ်။ “ပထမဆုံးအကြိမ်မအောင်မြင်ရင် ကြိုးစားပြီးရင်း ကြိုးစားပါ” ဆိုတဲ့စကားရှိပါတယ်။ ဒါပေမယ့် “လုပ်တဲ့အရာကို အဲ့ဒီအတိုင်း ထပ်ခါတလဲလဲလုပ်နေပြီး မတူညီတဲ့ ရလဒ်ကို မျှော်မှန်းတာက ရူးသွပ်တာ” ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။ ကိုယ်လုပ်တဲ့အရာက မအောင်မြင်လို့ တခြားအရာလုပ်ရမှာ ကြောက်ရွံ့နေတယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာက ကိုယ်လုပ်ခဲ့တဲ့အရာက ဘယ်အချက်ကြောင့်မအောင်မြင်ရတာလဲဆိုတာကို အရင်သိအောင်လုပ်ပါ။ အဲ့ဒါပြီးတော့မှ ကိုယ်လုပ်မယ့်အရာကို ဘယ်လိုမျိုးကောင်းအောင်လုပ်မလဲဆိုပြီး စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ်။New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ website ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်များကို New Day Jobs မှာ ရှာဖွေလိုက်ပါ။

Workplace Success Workplace Skill
24 Apr 2020
Ways To Get Back To Work  After Thingyan | Read more blogs at New Day Jobs

Ways To Get Back To Work After Thingyan

Khai Deih NeamDigital Marketing Executiveသင်္ကြန်ပိတ်ရက်ပြီးသွားတဲ့အချိန်မှာ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ Work From Home လုပ်ရတဲ့အခါပဲ ဖြစ်ဖြစ် တကယ်ရုံးကိုတက်ရတာပဲ ဖြစ်ဖြစ် ခက်ခဲတက်ပါတယ်။ပိတ်ရက်မှာ နောက်ကျမှ ထခဲ့သလို ရုံးပြန်ဖွင့်တော့လည်း ထချင်တဲ့ပြဿနာလေးတွေရှိနေမယ်။ပိတ်ရက်တွေအတိုင်း နေ့ခင်းနေ့လည်ဆို တစ်ရေးတမော အိပ်ချင်နေမယ် ဆိုရင် အခု အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။၁။ သင့်လစ်ဟင်းသွားတဲ့ အလုပ်တွေကို တချိန်ထဲမှာ လုပ်ဖို့မကြိုးစားပါနဲ့။ပိတ်ရက်တွေ ပြီးလို့ ရုံးစဖွင့်တဲ့နေမှာ ရာချီတဲ့ အလုပ်တွေကို သင့်ကို စောင့်နေမှာ ဖြစ်ပါတယ်။သို့ပေမယ့် အဲ့မပြီးသေးတဲ့အလုပ်တွေကို တစ်နေ့တည်းနဲ့ အပြီးသတ်လုပ်ဖို့ မမျှော်လင့်ပါနဲ့။အဲ့လိုအပြီးသတ် လုပ်ချင်တဲ့အခါမှာ အလုပ်ကြောင့်ဖြစ်လာမယ့် Pressure တွေက သင့်အလုပ်ပြီးဖို့ ကြန့်ကြာစေမှာ ဖြစ်ပါတယ်။သင်လုပ်ရမယ့် အလုပ်ထဲက အရမ်းအရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးပြီး အရင်လုပ်ပါ။ပြီးမှ ကျန်တဲ့ အလုပ်အသေးတွေကို တစ်ခုချင်း ဖြိုပေါ့။၂။ သင့်ရဲ့ အလုပ်ဇယားအတိုင်းသွားပါ။ဥပမာ - သင့်က ရုံးရောက်ရောက်ချင်း ဖုန်းခေါ်တာမျိုး လုပ်လေ့ရှိတယ် သို့မဟုတ် email စစ်တာမျိုးလုပ်လေ့ရှိတယ်ဆိုရင် အဲ့ဇယားအတိုင်းပဲ လုပ်တာပိုကောင်းပါတယ်။ပြီးတော့ သင့် ကော်ဖီ break ယူတာကို မယူပဲ အလုပ်တွေကို ကြိုးစားလုပ်နေတာ နေ့လည်စာတောင်မစားပဲ သင့်အလုပ်ကိုပဲ အာရုံစိုက်နေတာမျိုးဆိုရင် သင့်ရဲ့ Productivity ကို လျှော့ကျစေနိုင်တဲ့အတွက် ပုံမှန်အတိုင်းပဲ လုပ်သင့်ပါတယ်။၃။ သင့် Email inbox ကို ရှင်းလင်းပါ။သင့် email ...

Workplace Success
22 Apr 2020
Inspirational Movies To Watch During Thingyan | Read more blogs at New Day Jobs

Inspirational Movies To Watch During Thingyan

ဇာတ်လမ်းကတော့ ဉာဏ်ရည်မပြည့်တဲ့ Forrest Gump တစ်ယောက် သူ့ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရာကနေ သူ့ရဲ့စိတ်ထားကောင်းမှု နဲ့ အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်မှုတို့ကြောင့် အောင်မြင်လာပုံကို ပုံဖော်ထားပါတယ်။ ဒါ့အပြင် သူငယ်ငယ်ထဲက ချစ်ရတဲ့ သူ့သူငယ်ချင်းကောင်မလေးနဲ့ Forrest ရဲ့ အချစ်ဇာတ်လမ်းကိုလဲ တွေ့မြင်ခံစားရမှာပါ။ တွေးစရာ၊ လေ့လာစရာတွေအများကြီးပါတဲ့ ကားလေးပါ။ဒီဇာတ်ကားကတော့ ရုန်းကန်နေရတဲ့ အရောင်းသမားဘဝကနေ၊ Stock Brokerage Firm တည်ထောင်သူအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ Chris Gardner ရဲ့ ဘဝမှန်ကို ဖော်ကြူးထားတဲ့ကားပါ။ နေစရာ၊ စားစရာမရှိတော့တဲ့အချိန်မှာ Chris ရဲ့ စိတ်ဓာတ်ပြင်းထန်မှုု၊ လုံ့လစိုက်ထုတ်မှုကိုတွေ့မြင်ရမှာပါ။ဒီကားကတော့ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ Harvard ကျောင်းသားဘဝနဲ့ Facebook ဖြစ်လာပုံကို ဇာတ်အိမ်တည်ထားပါတယ်။ Mark ရဲ့ ကြိုးစားမှုတွေ၊ အခက်အခဲတွေကို ဖြတ်ကျော်ပုံတွေကို ခံစားရမှာပါ။ဒီကားမှာတော့ Joyဆိုတဲ့ ...

Personal Upgrade
13 Apr 2020
Things To Consider Before Changing Your Career | Read more blogs at New Day Jobs

Things To Consider Before Changing Your Career

Khai Deih NeamDigital Marketing Executiveအလုပ်အကိုင် အပြောင်းအလဲမလုပ်ခင် ဘာတွေကို စဉ်းစားဖို့လိုအပ်လဲ?New Day Jobs က career(လုပ်ငန်းပိုင်း) အပြောင်းအလဲလုပ်ချင်နေတဲ့ သူငယ်ချင်းတွေ အပြောင်းအလဲလုပ်တဲ့အခါ အဆင်ပြေတဲ့ ပြောင်းလဲမှုမျိုးဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။(၁) ကိုယ်တကယ်လိုချင်တာကဘာလဲ?ကိုယ်က career(လုပ်ငန်းပိုင်း) အပြောင်းအလဲလုပ်ဖို့ စဉ်းစားလိုက်ပြီဆိုရင် ကိုယ်က ဘယ်အရာတွေကို တန်ဖိုးထားတာလဲ၊ ကိုယ်က ဘယ်လိုအလုပ်မျိုး လုပ်ကိုင်ရတာကို သဘောကျတာလဲ၊ ပြီးတော့ ကိုယ် ဝင်ငွေ မရနိုင်ဘူးဆိုရင်တောင် ဘယ်လိုအရာမျိုးကို လုပ်ရတာ သဘောကျတာလဲ အစရှိတာတွေကို အရင်စဉ်းစားကြည့်လိုက်ပါ။ကိုယ်က ကိုယ် တကယ်လိုချင်နေတာကိုသိပြီဆိုရင် ဆက်လုပ်ရမယ့် နည်းလမ်းကို စဉ်းစားနိုင်တယ်လေ။ မဟုတ်ရင် ဆုံးဖြတ်ချက်အမှားတွေပဲ ထပ်ခါတလဲလဲ ချနေမိနိုင်တယ်။ ကိုယ်တကယ်လိုချင်တာနဲ့ ကိုယ်ရွေးချယ်လိုက်တာက မကိုက်ညီဘူးဆိုရင် လုပ်ကိုင်ရတာလည်း အဆင်မပြေဖြစ်လာနိုင်ပြီး မကျေနပ်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။(၂) ကိုယ်ပြောင်းလဲမယ့် career မှာ အသုံးပြုလို့ရမယ့် skills ရှိလား?ကိုယ်က အောင်မြင်တဲ့ career ပြောင်းလဲမှုလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို သေချာစိစစ်စဉ်းစားသင့်ပါတယ်။ ကိုယ်က ကိုယ်ပြောင်းမယ့် career ကို လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံမရှိပေမယ့် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို အသုံးပြုလို့ရနိုင်တာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာရှိတဲ့ အရည်အချင်းတွေကို ဘယ်လိုမျိုး အသုံးချလို့ရမယ်ဆိုတာကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ပြီးတော့ career ပြောင်းလဲတယ်ဆိုတာ ကိုယ့်ဘဝနဲ့သက်ဆိုင်တဲ့အရာဖြစ်တဲ့အတွက် လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချလို့ရတာမျိုးမဟုတ်ပါဘူး။ ကိုယ်က ဒီ career ကို ရွေးချယ်မယ်ဆိုတာကို တခြားသူတွေကို မပြောခင်မှာ ကိုယ်နဲ့ ကိုက်ညီမှုရှိ မရှိ အရင်စဉ်းစားပြီး မရှိရင် အဲ့ဒီ ...

Career Advice
11 Apr 2020
Steps To Follow For Your Promotion | Read more blogs at New Day Jobs

Steps To Follow For Your Promotion

Khai Deih NeamDigital Marketing Executiveသင်က အလုပ်လည်း ကြိုးစားတယ်။အလုပ်မှာ လုပ်နေတာလည်း နှစ်ချီနေပြီဆိုပေမယ့် ရာထူးမတိုးသေးဘူး။သူဌေးကလည်း ရာထူးတိုးပေးမယ့် အရိပ်အယောင်တောင် မပြဘူးဆိုရင်တော့ သင့်ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အပြုအမှုနဲ့ ပတ်သတ်ပြီး ပြင်ဆင်စရာတွေ ရှိလာပါပြီ။အခုဖော်ပြပေးမယ့်အချက်တွေကတော့ သင်ရာထူးမတိုးရတဲ့ အကြောင်းအရင်း ငါးချက်နဲ့ ရာထူးတိုးဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာပဲဖြစ်ပါတယ်။၁။ ရာထူးတိုးဖို့ အဆင်သင့်မဖြစ်သေးခြင်းတချို့သော အလုပ်တွေက ရာထူးတိုးဖို့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လက်မှတ်တွေ၊တတ်ကျွမ်းမှုတွေ မရှိတဲ့အခါမှာ လုပ်ငန်းရှင်တွေအတွက် ရာထူးတိုးပေးဖို့ ခက်ခဲတတ်ပါတယ်။ဘယ်လောက်ပဲ တတ်ကျွမ်းနေပေမယ့် လက်မှတ် သို့မဟုတ် ဘွဲ့ ရှိခြင်းက သင့်အသက်မွေးကြောင်းအတွက် အထောက်အကူ ဖြစ်စေတဲ့အတွက် အားလပ်ချိန်မှာ သင်တန်းတွေ တက်ထားပါ။သင်တန်းတက်ဖို့ အချိန်မရှိရင်တောင်မှ online ကနေ လေ့လာမှုတွေ ပြုလုပ်ထားသင့်ပါတယ်။သင့်အလုပ်နယ်ပယ်က တက်ကျွမ်းတဲ့ သူတွေနဲ့ တွေ့ပြီးတော့လည်း အကြံတွေ နားထောင်သင့်ပါတယ်။၂။ သင်ဖြစ်ချင်တာနဲ့ company လိုချင်တာက ကွဲပြားနေခြင်းဝန်ထမ်းတွေ ရာထူးမတိုးခြင်းရဲ့ အကြောင်းတစ်ခုကတော့ company ရဲ့ လုပ်ကိုင်နေတဲ့ လမ်းစဉ်တွေနဲ့ ဝန်ထမ်းရဲ့ စိတ်ဝင်စားမှု ထပ်တူမကျတာပါ။ဥပမာပြောရမယ်ဆိုရင် သင်က သင့်သူဌေးကို ဘာလုပ်ချင်တာလဲလို့ပြောတဲ့အခါမှာ သင်လုပ်ချင်တဲ့ Creative အလုပ်တွေကို မလုပ်ခိုင်းပဲ သမရိုးကျ လုပ်ငန်းစဉ်တွေကို လုပ်ခိုင်းရင် သင် ဘာလို့ ရာထူးမတိုးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။အဲ့လို အခြေအနေမျိုးဆိုရင် ရာထူးတိုးဖို့ စောင့်နေတာထက် အလုပ်အသစ်ရှာတာမျိုးကို လုပ်သင့်ပါတယ်။၃။ ရာထူးနဲ့ အညီ မဝတ်ဆင်ခြင်းသင်က Client နဲ့တွေ့ဖို့ T-shirt နည်းသွားရင် သင့် company ရဲ့ culture နဲ့ သွေဖီနေတဲ့အတွက် ရာထူးတိုးမှာ မဟုတ်ပါဘူး။သင်က နည်းပညာ company မှာ လုပ်နေတဲ့သူဆိုရင်တော့ ဝတ်စားဆင်ယင်မှုက အရေးမကြီးပေမယ့် တချို့ company တွေက ဝတ်စားဆင်ယင်မှုကို အရေးပေးကြပါတယ်။သင်လိုချင်တဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။Fake ...

Career Advice
31 Mar 2020
How To Speak Confidently | Read more blogs at New Day Jobs

How To Speak Confidently

Marketing Team New Day Jobsကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စကားဘယ်လိုပြောမလဲ? ယုံကြည်မှုရှိရှိနဲ့ စကားပြောတယ်ဆိုတာက ကိုယ့်ရဲ့ ဘဝမှာ တိုးတက်မှုတွေရလာနိုင်ပါတယ်။ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ စကားပြောတယ်ဆိုရင် အလုပ်ခွင့်မှာ တခြားသူတွေရဲ့ လေးစားမှုကို ခံရနိုင်ပါတယ်။ မနေ့သစ်က သူငယ်ချင်းတို့ကို ယုံကြည်မှုရှိရှိနဲ့ စကားဘယ်လိုပြောရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး အကူအညီဖြစ်နိုင်တဲ့ အချက်ကလေးတွေကို ပြောပြပေးပါမယ်။(၁) ဖြည်းဖြည်းပြောပါလူအများစု စကားပြောဆိုတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုမှုကို ဟန့်တားစေတဲ့ အရာကတော့ စကားကို မြန်မြန်ပြောဆိုတာပါ။ လူတစ်ယောက်က စကားကို အမြန်ပြောတယ်ဆိုရင် သူက စိတ်လှုပ်ရှားတာ၊ စိတ်မချတာနဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းနည်းတယ်လို့ ထင်ရပါတယ်။ စကားပြောဆိုတဲ့အခါမှာ စိတ်အေးအေးနဲ့ ဖြည်းဖြည်းချင်းပြောဖို့က အရေးကြီးပါတယ်။ ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေးချင့်ချိန် ပြောဆိုတာက ကိုယ့်မှာ ယုံကြည်မှုရှိတယ်ဆိုတာကို ဖော်ပြပြီး ကိုယ်က ဦးဆိုင်နိုင်တဲ့သူအနေနဲ့လည်း ထင်မြင်ရပါတယ်။(၂) စဉ်းစားတဲ့အခါ သုံးတဲ့အသုံးအနှုန်းတွေကို ရှောင်ပါကိုယ်က စကားပြောဆိုတဲ့အခါမှာ စဉ်းစားတဲ့အခါ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေဖြစ်တဲ့ “ဟို” “umm” အစရှိတဲ့ စာလုံးတွေကို အသုံးပြုလေ့ပြုထရှိတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုစကားတွေကို အသုံးပြုပြီး ပြောဆိုတာက ကိုယ်ပြောမယ့်စကားက မသေချာဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်သွားတတ်ပါတယ်။ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ စကားပြောတာမျိုးဖြစ်ချင်တယ်ဆိုရင်တော့ အဲ့ဒီလိုမျိုး စကားအသုံးအနှုန်းတွေကို ရှောင်သင့်ပါတယ်။(၃) အကျယ်ကြီးမပြောပါနဲ့လူတွေက တစ်ခါတစ်လေကျရင် စကားအကျယ်ကြီးပြောတာကို ယုံကြည်မှုရှိရှိနဲ့ ပြောတာလို့ အထင်မှားတတ်ကြပါတယ်။ စကားကျယ်ကျယ်ပြောတာကလည်း ကိုယ့်ရဲ့ tone က အရေးကြီးပါတယ်။ ကိုယ်က စကားကျယ်အောင်ပြောတဲ့အခါ အော်ပြောသလိုမျိုးမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ အရမ်းလည်း အသံမကျယ်ပဲနဲ့ လူတိုင်းကြားရလောက်ပြီး တည်ငြိမ်နဲ့အသံနဲ့ ပြောဆိုတာက ယုံကြည်မှုရှိတာကို ဖော်ပြတာဖြစ်ပါတယ်။ကိုယ်ပြောခဲ့တာ အဆင်ပြေမပြေကို သေချာသိနိုင်ဖို့အတွက် ကိုယ်ပြောဆိုနေတာကို ဖုန်းနဲ့ recording လုပ်ထားရင် ပိုကောင်းပါတယ်။ အဲ့ဒီတော့မှ အချိန်ရတဲ့အခါ အဲ့ဒီ recording ကို ပြန်နားထောင်ပြီး နောက်တစ်ခါကျရင် ဘယ်လိုအချက်ကလေးတွေကို ပြင်ရင်ကောင်းမလဲ၊ ဘယ်လိုအချက်ကလေးတွေကို ပိုပြီး ကောင်းအောင်လုပ်မလဲဆိုတာကို စဉ်းစားပြီး ပြင်ဆင်လို့ရပါတယ်။(၄) လေ့ကျင့်ပါလူအများရှေ့မှာ စကားပြောဆိုတာတို့ အစည်းအဝေးမှာ ပြောဆိုတာတို့ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးပြောဆိုတာတို့မှာ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ ကောင်းကောင်းပြောဆိုတတ်ချင်တယ်ဆိုရင်တော့ အလေ့အကျင့်က အရေးကြီးပါတယ်။ အကယ်၍ ကိုယ်က ခက်ခဲတဲ့ စကားပြောဆိုမှုတွေဖြစ်တဲ့ လူတွေရှေ့မှာ ပြောရမှာလိုမျိုးဆိုရင်တော့ ကြိုတင်လေ့ကျင့်တာပိုကောင်းပါတယ်။ ကိုယ်က လေ့ကျင်ံပြောကြည့်ပြီး ပြောနေတာကို record လုပ်ထားပါ။ Record လုပ်လိုက်ရင် ကိုယ်ပြောတာ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို သိနိုင်ပါတယ်️။ ကိုယ်ပြောတာက မြန်နေလား အဖြတ်အတောက်လေးတွေကော လိုအပ်လားဆိုတာတွေကို သိနိုင်ပါတယ်။ ကိုယ့်ရဲ့အသံအတိုးအကျယ်အနေအထားနဲ့ ရှင်းလင်းပြတ်သားမှုရှိမရှိကိုလည်း သိနိုင်ပါတယ်။(၅) ကိုယ်လက်အမူအယာအသုံးပြုပါကိုယ်လက်အမူအယာအသုံးပြုတာကလည်း စကားပြောဆိုတာမှာ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့် အရမ်းအများကြီး အသုံးမပြုမိဖို့ကို သတိထားဖို့အတွက်လည်း လိုအပ်ပါတယ်။ ကိုယ်က ဒီအတိုင်းကြီး ရပ်နေပြီး ပြောနေတာထက်စာရင် လက်ဟန်အမူအယာလည်းပါတော့ နားထောင်တဲ့သူတွေကလည်း မငြီးငွေ့တော့ပဲ စိတ်ဝင်တစားဖြစ်နေကြမယ်လေ။ ကိုယ်လက်အမူအယာအသုံးပြုရမယ်ဆိုပေမယ့် ယုံကြည်ချက်မရှိတဲ့ပုံကို ပေါ်စေတဲ့ အမူအယာတွေရှိတာကိုလည်း သတိထားသင့်ပါတယ်။ အင်္ကျီတို့ ဆံပင်တို့ကို ခဏခဏကိုင်တာမျိုးတွေ လက်ချောင်းအချင်းချင်း ကိုင်နေတာမျိုးတွေက ယုံကြည်ချက်မရှိတာကို ဖော်ပြပါတာဖြစ်တဲ့အတွက် အဲ့ဒီလိုမျိုးအပြုအမူတွေကိုတော့ သတိထားသင့်ပါတယ်။ပိတ်ရက်မှာ သင့်ရဲ့ Public Speaking skill ကို အပေါ်က article ထဲက အတိုင်း ...

Personal Upgrade
28 Mar 2020
How To Improve Yourself During Quarantine | Read more blogs at New Day Jobs

How To Improve Yourself During Quarantine

Khai Deih NeamDigital Marketing Executiveအခုဆိုရင် COVID - 19 ကို ကာကွယ်ဖို့ရန် Company အားလုံးနီးပါးက Work from home လုပ်ကြဖို့ သတ်မှတ်ထားကြပါတယ်။ပုံမှန်ဆို ရုံးသွားရုံးပြန်အချိန်တွေနဲ့ ပြီးတော့ ပင်ပန်းတာတွေနဲ့ ကိုယ့်ရဲ့ personal development အတွက် မလုပ်ဖြစ်ကြဖူးပေါ့။အခုတော့ Work from home လုပ်ရတဲ့အတွက် သင့်အတွက် ကိုယ်ပိုင်အချိန်လေးတွေ ပိုထွက်လာတယ်။ပြီးတော့ နောက်ထပ်အသစ်သစ်တွေ လေ့လာဖို့ ပင်ပန်းတာတွေ မရှိတဲ့အတွက် အခုအချိန်က သင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။တိုးတက်ပြောင်းလဲမှုတွေအတွက် ဘယ်ကနေ စလုပ်ရမလဲ မသိဖြစ်နေပါတယ်ရင် အခု ...

Personal Upgrade
27 Mar 2020
You will receive the email for your email confirmation. Please check!