Career blogs-Learning | New Day Jobs

Blog

How to be Networking King & Queen | Read more blogs at New Day Jobs

How to be Networking King & Queen

Khai Deih NeamDigital Marketing ExecutiveNetworking event သွားတယ်ဆိုတာ အချို့လူတွေအတွက် ကြောက်စရာစိုးရိမ်စရာ မလိုပေမယ့် တချို့ ကျတော့ Small talk လိုမျိုး မပြောတတ်တဲ့အတွက်ကြောင့် Networking event သွားရမယ်ဆိုရင် ကြောက်ကြပါတယ်။d လိုမျိုး မသိဘူးတဲ့ သူတွေနဲ့ အခန်းတစ်ခုတည်းမှာ အတူတကွမိတ်ဆက်ပြီး စကားပြောဖို့ဆိုတာ အချို့အတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုမျိုး ဖြစ်ပါတယ်။အဲ့လိုလူတွေအတွက် ဘယ်လို Networking Queen နဲ့ King တွေ ဖြစ်နိုင်မလဲဆိုတာ ဖော်ပြထားပါတယ်။သင့်အိမ်စာကို လုပ်ပါ။အိမ်စာလိုပြောတဲ့အခါမှ တကယ့် စာကို ပြောတာမဟုတ်ပဲ သင့်အနေနဲ့ Networking ပွဲမှာ ဘယ်လိုလူမျိုးတွေလာမယ်။ဘယ်သူတွေကို စကားလိုက်ပြောလိုက်လို့ သင့်အတွက် အကျိုးဖြစ်မလဲဆိုတာကို အိမ်ကတည်းက research လုပ်ထားဖို့ လိုအပ်ပါတယ်။...

Career Advice
06 Mar 2020
Top 5 Skillset for Digital Marketer | Read more blogs at New Day Jobs

Top 5 Skillset for Digital Marketer

Thein Htike Aung,Digital Marketing ManagerTop Five Skillsets for Digital Marketerဒစ်ဂျစ်တယ်မားကတ်တင်းဆိုတာ ယခုခေတ်မှာ အရမ်းခေတ်စားတဲ့ အလုပ်အကိုင်တစ်ခုဖြစ်သလို စီးပွားရေးလုပ်ငန်းတိုင်းမှာလည်း အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းတွေကြေငြာဖို့၊ ရောင်းချဖို့၊ တိုးချဲ့ဖို့အတွက် ဒစ်ဂျစ်တယ်မားကတ်တင်းနှင့် ကင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် ဒစ်ဂျစ်တယ်မားကတ်တင်း လုပ်တတ်ဖို့အတွက် အရေးပါတဲ့အချက် (၅) ချက်နှင့် ဘယ်လိုလေ့လာနိုင်မလဲ အကြောင်းအရာကို မျှဝေလိုက်ပါတယ်။Google Analyticsအင်တာနက်နှင့် အွန်လိုင်းလို့ပြောရင် Google ဆိုတဲ့ဆရာကြီးကို မေ့ထားလို့မရပါဘူး။ ဒါကြောင့် အင်တာနက်ဆရာကြီး အကြောင်းကိုသိထားဖို့ဟာ ဒစ်ဂျစ်တယ်မားကတ်တင်းလုပ်မဲ့သူတွေအတွက် အရေးတကြီးသိထားရမဲ့အကြောင်းဖြစ်ပါတယ်။ ဒါဆို ဘယ်လိုသိအောင်လုပ်ရမလဲ?သင်တန်းတွေပြေးတက်စရာမလိုပါဘူး။ အိမ် (သို့) အင်တာနက်ရမဲ့ ကော်ဖီဆိုင်မှာ အင်တာနက်ဆရာကြီးကပို့ချပေးနေတဲ့ အွန်လိုင်းသင်ခန်းစာတွေကို လေ့လာယုံပါပဲ။Google Analytics ...

Career Advice Workplace Success
25 Feb 2020
Ronaldo: Rely On Yourself, Not Talent | Read more blogs at New Day Jobs

Ronaldo: Rely On Yourself, Not Talent

Khai Deih NeamDigital Marketing Specialistမွေးရာပါ ပင်ကိုယ်စွမ်းရည် ဘယ်လောက်ပဲ ရှိရှိ သင် မကြိုးစားရင် အလကားပါ။ပင်ကိုယ်စွမ်းရည် မရှိလဲ စိတ်ညစ်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ ပင်ကိုယ်စွမ်းရည်းနဲ့ မသက်ဆိုင်ပဲ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို သက်သေထူခဲ့တာသူ တစ်ယောက်ရှိလို့ပါ။သူကတော့ အများက စီရော်နယ်ဒိုလို့ သိကြတဲ့ ခရစ်တီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။စီရော်နယ်ဒို ဟာ ပေါ်တူဂီနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၈၅ ဖေဖော်ဝါရီလ မှာ မွေးဖွားခဲ့ပါတယ်။ ဘောလုံးအားကစားကို ဝါသနာပါခဲ့ပြီး အခုလို ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကတည်းက တစိုက်မတ်မတ်နဲ့ ကြိုးစားခဲ့သူပဲဖြစ်ပါတယ်။.ငယ်စဉ်တုန်းက အမေရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းခဲ့တဲ့ စီရော်နယ်ဒိုက ခက်ခဲတဲ့ ငယ်ဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။အရက်သောက်တဲ့ ဖခင်ကြောင့် သူ့ရဲ့ မိခင်က ထမင်းချက်အဖြစ်လုပ်ကိုင် ကျွေးမွေးပြီး ကြီးပြင်းခဲ့ရတဲ့ စီရော်နယ်ဒိုဟာ ဘဝအကြောင်းကို နှောကြေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။သူက ဘောလုံးကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။သို့ပေမယ့် ၂၀၀၇ -၂၀၀၈ ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ုတိယပွဲစဉ်မှာတုန်းက စီရော်နယ်ဒိုဟာ Portsmouth အသင်းရဲ့ ကစားသမား Richard Hughes ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အနီကတ် ပြသခြင်းခံရပါတယ်။ အဲ့အချိန်တုန်းက လူတွေက သူ့ရဲ့ ဘောလုံးစွမ်းရည်ကို သံသယ ရှိခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သူကိုယ့်ကိုယ်သူ ဘောလုံးကန်ဖို့ စွမ်းရည် မရှိဘူးလို့ သံသယ ရှိခဲ့တာ ဖြစ်ပါတယ်။ဝေဖန်မှုတွေလည်း အများကြီးခံခဲ့ရပြီး သူကလည်း စိတ် ဓာတ် ကျခဲ့ပါတယ်။ ါပေမယ့် သူက အဲ့အတွက်ကြောင့် သူရဲ့အသက်မွေးဝမ်းကြောင်းကို ရပ်တန့် ခဲ့တာတွေ မလုပ်ခဲ့ပါဘူး။သူအရင်ကထက် ပိုလေ့ကျင့်ပြီး ကွင်းထဲကို ပြန်ဝင်ခဲ့ပါတယ်။.ဘောလုံးသမားတွေထဲမှာ လေ့ကျင့်မှုအများဆုံး ဘောလုံးသမားဆိုရင် ပြောပါဆိုရင် စီရော်နယ်ဒို လို့ အများစုက ဖြေရလောက်အောင် ကြိုးစားတဲ့သူ ဖြစ်ပါတယ်။သူ့ ပေါ်တူဂီနည်းပြဖြစ်တဲ့ ကာလို့စ် ကတောင်မှာ "တချို့သောဘောလုံးကစားသမားတွေက ယုံကြည်မှုတွေ အရှိလွန်းပြီး လေ့ကျင့်တာတောင် မှ အဆင်မပြေတာ တစ်ခုခုရှိရင် လေ့ကျင့်တာကို ရပ်ပစ်ကြပါတယ်။သူတို့တွေ အနေနဲ့ ငါတော်နေတာပဲ အခုတော့ လေ့ကျင့်တာကို ရပ်လိုက်မယ် မနက်ဖြန်မှပဲ ဆက်လေ့ကျင့်မယ် လို့ ပြောတတ်ကြပါတယ်။ ခရစ်စီယာနိုကတော့ မဟုတ်ပါဘူး။သူကတော့ သူစိတ်ကျေနပ်တဲ့အထိ လေ့ကျင့်မှုတွေကို လုပ်ပါတယ်" လို့ ပြောထားပါတယ်။.စီရော်နယ်ဒိုဟာ အသက် ၁၅ နှစ် အရွယ်မှာ တုန်းက နှလုံးခုန်မြန်တဲ့ ရောဂါကို ခံစားခဲ့ပါတယ်။သူ့ရောဂါကို ခွဲစိတ်လိုက်ရပါပြီး ဆေးရုံက ဆင်းတဲ့နဲ့ မနားပဲ training ဆင်းခဲ့ပါတယ်။ဘောလုံးကို ရူးသွပ်တဲ့ စီရော်နယ်ဒို အတွက် အားကစားသမားတွေ ကြောက်ကြတဲ့ နှလုံးရောဂါကတောင် မတုန်လှုပ်စေနိုင်ခဲ့ပါဘူး။.ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်းရ ပြီး the Ballon d'Or ကိုပါရရှိခဲ့တာ စီရော်နယ်ဒို အတွက် အလုပ်အပေါ် ကျေနပ်မှုဆိုတာ မရှိပါဘူး။အကောင်းဆုံးဆိုတဲ့ title တွေ အချမ်းသာဆုံးဆိုတဲ့ title တွေက သူ့ကို ပိုပြီး လေ့ကျင့်ဖို့ ကြိုးစားဖို့ တွန်းအားပေးနေပါတယ်။သူက သူ့ကိုယ်သူ ဖိအားပေးပြီး trick အသစ်တွေကို လေ့လာလေ့ကျင့်ပြီး ဘောလုံးဘုရင်ဆိုတဲ့ ...

Career Advice Personal Upgrade
21 Feb 2020
Top 5 Cafés To Work Near Sule | Read more blogs at New Day Jobs

Top 5 Cafés To Work Near Sule

Thein Htike AungDigital Marketing Managerရန်ကုန်မြို့ထဲမှာ အေးအေးဆေးဆေး အလုပ်လုပ်ဖို့၊ မီတင်တွေ့ဆုံဖို့ အတွက် နေရာကောင်းကောင်း လိုက်ရှာရတာလည်း အမောပါပဲ။ ဒါကြောင့် New Day Jobs ကနေ အေးအေးဆေးဆေး အလုပ် လုပ်လို့ရမယ်၊ မီတင်တွေအတွက်လည်း အဆင်ပြေပြီး ကော်ဖီကောင်းကောင်းရနိုင်မဲ့ ဆူးလေအနီးတဝိုက်ရှိ ကော်ဖီီီီီီဆိုင်နေရာလေးတွေကို စုစည်းပေးလိုက်ပါတယ်။Kafe in TownPhoto: Kafe In Townဒီကော်ဖီဆိုင်လေးကတော့ လူငယ်ဆန်ဆန်၊ Modern Classic အသွင်ပုံစံဖြစ်ပြီး၊ လန်းဆန်းစေတဲ့ အပြင်အဆင်တွေကြောင့် အလုပ်လုပ်ဖို့ အရမ်းကိုအဆင်ပြေပါတယ်။ အစားအသောက်၊ ကော်ကော်ဖီကောင်းကောင်းနှင့် သက်တောင့်သက်တာရှိတာကြောင့် မီတင်တွေနှင့် စီးပွားရေးတွေ့ဆုံမှုတွေအတွက် အဆင်ပြေနိုင်ပါတယ်။...

Workplace Success Workplace Skill Productive
14 Feb 2020
How to stop procastinating | Read more blogs at New Day Jobs

How to stop procastinating

Khai Deih NeamDigital Marketing Executiveအချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်ကြမလဲ?ကျွန်တော်တို့ အများစုက ကိုယ်လုပ်ရမယ့်လုပ်ငန်းတာဝန်တွေကို ချက်ချင်းမလုပ်ဖြစ်ပဲ email တွေစစ်လိုက်၊Social Media လေးသုံးလိုက်၊Video လေးတွေကြည့်လိုက် နဲ့ပဲ အချိန်ကုန်ဆုံးတတ်ပါတယ်။သင်က အလုပ်ပြီးရမယ်မှန်းသိတယ် ဒါပေမယ့် အလုပ်ကိုမလုပ်ချင်ပဲ ဖြစ်နေတယ်။အဲ့လို ခံစားဖူးရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ကျွန်တော်တို့ အားလုံး အဲ့လို အခြေအနေနဲ့ ကြုံတွေ့ကြပါတယ်။အချိန်ဆွဲမိတဲ့အတွက် ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးပြီး အလုပ်လုပ်နေရတယ်ဆိုရင်တော့ ဒီ blog က သင့်အတွက်ပါ ။အချိန်ဆွဲခြင်းက သင့်ဘဝကို ဟန့်တားတဲ့အရာ မဖြစ်ပါစေနဲ့။လိုက်နာရမယ့် နည်းလမ်းတေွကတော့ -၁။ သင့်အလုပ်ကို အပိုင်းသေးသေးလေးတွေခွဲပါ။ကျွန်ပ်တို့ အလုပ်ကို လုပ်ဖို့ အချိန်ဆွဲမိတာကတော့ အလုပ်က ကျွန်တော်တို့ကို အရမ်း လွှမ်းမိုးလို့ဖြစ်ပါတယ်။လုပ်ရမယ့်အလုပ်ကို တခုခြင်းဆီ ပြန်ဆွဲပါ။ပြီးတော့ အဲ့ တစ်ခုခြင်းဆီ အပေါ် အာရုံစိုက်ပါ။အသေးလေးတေခွဲပြီးတာတောင်မှ သင် အချိန်ဆွဲ နေသေးတယ် ဆိုရင် ပိုပြီး အသေးဆုံးဖြစ်အောင် ခွဲလိုက်ပါ။အဲ့လို ခွဲလိုက်ရင် ဒီ အလုပ် လယွ်လယွ်လေးကို ငါဘာလို့ အချိန်ဆွဲမိနေတာလဲလို့ တွေးမိပါလိမ့်မယ်။၂။ သင့် ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။သင့် Productivity က သင့် ပတ်ဝန်းကျင်မှာ အများကြီးမူတည်ပါတယ်။သင်အလုပ်စားပွဲ သင့် ရုံးခန်းကို ကြည့်လိုက်ပါ။အဲ့အရာတွေက သင်အလုပ်လုပ်ဖို့ တွန်းအားဖြစ်နေပါသလား ဒါမှမဟုတ် သင့်စိတ်ကို လေးလံပြီး အမြဲ အိပ်ချင်အောင် လုပ်နေပါသလား?အိပ်ချင်စရာ ကောင်းနေတယ် ပျင်းစရာကောင်းနေတယ် ဆိုရင်တော့ သင့် ပတ်ဝန်းကျင်ကို ပြောင်းပါ။၃။တိကျတဲ့ deadline နဲ့ အသေးစိတ် timeline ရှိပါစေ။သင်လုပ်ဆောင်ရမယ့် အလုပ်အတွက် deadline တစ်ခုပဲ ရှိနေတယ်ဆိုရင် အချိန်ဆွဲဖို့ အားပေးသလိုဖြစ်နေပါလိမ့်မယ်။အဲ့လို deadline တစ်ခုတည်းရှိခြင်းက အချိန်အများကြီးရှိသေးတယ် ငါကောင်းကောင်းနားလို့ရတယ်လို့ ထင်မြင်စေပါတယ်။သင့်ရဲ့ လုပ်ရမယ့် ...

Workplace Success Workplace Skill
10 Feb 2020
You will receive the email for your email confirmation. Please check!