Career blogs-Learning | New Day Jobs

Blog

How to communicate with difficult people | Read more blogs at New Day Jobs

How to communicate with difficult people

ကျွန်မတို့ နေ့စဉ်လူနေမှုဘဝမှာရော လုပ်ငန်းခွင်မှာပါဆက်ဆံရခက်တဲ့ လူတွေနဲ့ တွေဆုံရလေ့ရှိပါတယ်။ လူမှု့ဘဝ မှာဆက်ဆံရခက်တဲ့ သူတွေနဲ့တွေ့ဆုံတာက ကိစ္စသိပ်မရှိပေမယ့် နေ့စဉ် အလုပ်လုပ်နေတဲ့လုပ်ငန်းခွင် မှာအဲ့လိုဆက်ဆံရခက်တဲ့ လူမျိုးနဲ့ ကြုံတွေ့လာတဲ့အခါ အောက်ပါနည်းလမ်း၉ ခုက သင့်ကို အ ထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။၁။ တည်တည်ငြိမ်ငြိမ် နဲ့ဖြေရှင်းပါ။အလုပ်မှာပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့သူ၊ သင်နဲ့ အလုပ်လုပ်ရတာအဆင်မ ပြေတဲ့သူမျိုးနဲ့ကြုံတဲ့အခါ ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ ဖြေရှင်းတာမျိုးမလုပ်ပဲ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဖြေရှင်းပါ။ အလုပ်လုပ်တဲ့ အခါမှာတည်တည် ငြိမ်ငြိမ်နဲ့အလုပ်လုပ်တတ်တဲ့ သူမျိုးကို အခြားသူတွေဆီက လေးလေးစားစားနဲ့ ဆက်ဆံတတ်ပါတယ်။၂။နားလည်နိုင်အောင်ကြိုးစားပါ။လူတိုင်းမှာက သင့်ကိုဒုက္ခပေးချင်လို့ကို တမင်ခက်ခဲနေတာတော့ မဟုတ်ပါဘူး။သူက ဘာလို့ ဆက်ဆံရတာ ခက်ရတာလဲ?လုပ်စရာ ရှိတာတွေကို ပြီးအောင်မလုပ်ရတာလဲ? သင့်နဲ့ အတူတူဘာလို့ တွဲမလုပ်ချင်ရတာလဲ?အဲ့လိုဖြစ်စေတဲ့ အကြောင်းအရင်းးကို အရင်ဆုံးနားလည်အောင်လုပ်ပါ။ အဲ့ဒါဆိုရင် သင့်အနေနဲ့ ဘယ် အခြေအနေ ကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။၃။ တခြားသူတွေဆီကနေ အကြံဉာဏ်တောင်းကြည့်ပါ။လူတိုင်း သင့်လို အခြေအနေမျိုးကိုကြုံဖူးကျမှာပါ၊ အဲတော့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေ ဆီကနေ သူတို့တုန်းက ဘယ်လိုဖြေရှင်းခဲ့လဲ၊ သင့် အခြေအနေကိုရောဘယ်လိုဖြေရှင်းသင့်လဲ အကြံဉာဏ် တောင်းကြည့်ပါ။၄။ တစ်ဖက်လူကိုသင်ဘာကြောင့်လုပ်ရတယ်ဆိုတာကို နားလည်အောင်လုပ်ပါ။တစ်ခါတစ်လေကျရင် သင့်အခြေအနေကိုတစ်ဖက်လူက နားမလည်ရင်လည်း ဆက်ဆံရေးအဆင်မ ပြေတာတွေ၊ အလုပ်အဆင်မ ပြေတာတွေဖြစ်တတ်ပါတယ်။အဲတော့ သင့်အနေ နဲ့ သင့်အခြေအနေကို တစ်ဖက်သားနားလည်အောင် ပြောပြပါ။ အရေးကြီးရင်ဘယ်လောက် အရေးကြီးတယ်ဆိုတဲ့ အကြောင်း၊ သင်ဘာကြောင့် ဒါကိုလုပ်လဲဆိုတာကို တစ်ဖက်လူနားလည်အောင် ပြောပြတာကို လုပ်ပါ။၅။ သူတို့ကို အဆင်ပြေတဲ့နည်းလမ်းနဲ့ ပေါင်းသင်းပါ။လုပ်ငန်းခွင်အတွင်းမှာEmailတွေ၊Internal messaging app တွေနဲ့ပဲ ဆက်သွယ်တာတွေကို လျှော့သင့်ရင်လျှော့ပြီး ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံတာက လဲနည်းလမ်းတစ်ခုဖြစ်ပါတယ်။နေ့လည်စာအတူတူစားတာ၊တကယ်လို့သောက်တတ်တဲ့သူမျိုးဆိုရင်အတူတူသောက်တာတို့ကအဖွဲ့တွင်းပေါင်းသင်းဆက်ဆံရေးကိုပိုမိုကောင်းမွန်စေပါတယ်။၆။လေးလေးစားစားနဲ့ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံပါ။ဘယ်သူကမှတော့ချေချေငံငံ၊မလေးမစား ဆက်ဆံတာကို ကျေနပ်မှာမဟုတ်ပါဘူး။ သင်က လူတစ်ယောက်ကို မလေးမစားနဲ့ ဆက်ဆံလိုက်မိရင် သင့်ကိုလဲ မလေးမစားနဲ့ ပြန်ဆက်ဆံမှာ ဖြစ်ပါတယ်။ သင့်ကိုလေးလေးစားစားနဲ့ ဆက်ဆံတာကို လိုချင်တယ်ဆိုရင်တော့ သင်ကအရင်ဆုံလေးလေးစားစားနဲ့ဆက်ဆံပါ။ တစ်နည်း အားဖြင့် ဘယ်သူကိုမဆို Respect ထားပြီးဆက်ဆံသင့်ပါတယ်ပေါ့နော်။၇။ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကိုပဲ အာရုံစိုက်ပါ။တစ်ခါတစ်လေ ဆက်ဆံရခက်တဲလူတွေကြောင့် အလုပ်မှာ ရှေ့မရောက်တော့ပဲ အခြေအနေတွေကြုံရတတ်ပါတယ်။အဲ့လိုအခါမျိုးရောက်ရင်လည်း အဲ့ဒီ အတွက်ကို ကြိတ်မနိုင်ခဲမရဖြစ်တာ တို့၊ခံပြင်းတာတို့ မကျေမနပ် ဖြစ်တာတို့ အဲ့လိုမျိုး ခံစားနေရတာက သင့်လက်ရှိ အခြေအနေကိုပြောင်းလဲမပေးနိုင်တဲ့အတွက် ပြန်ခံစားမနေပဲ သင့်အနေနဲ့ လုပ်ပေးနိုင်တဲ့ အခြေအနေတွေအပေါ်မှာပဲ အာရုံစိုက်ပြီးလုပ်ဆောင်ပါ။၈။ လျစ်လျူရှုလိုက်ပါ။သင်က အပေါ်မှာပေးထားတဲ့နည်းတွေကို အကုန်အသုံးပြုပြီးတာတောင်မှ ဆက်ဆံရတာခက်နေသေးတယ် ဆိုရင်တော့ နောက်ထပ် နည်းလမ်းက လျစ်လျူရှုခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုလျစ်လျူရှုမလဲဆိုရင်တော့သူ့ကို အရမ်းလိုအပ်တော့မှ သူနဲ့ဆက်ဆံပြီး သင်လုပ်စရာရှိတဲ့ အရာတွေပေါ်မှာပဲအာရုံစိုက်ပြီး လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ဒါပေမယ့် သူက လုပ်ငန်းအတွက် အရေးပါတဲ့နေရာကပါဝင်နေတာဆိုရင်တော့ နောက်ဆုံး နည်းလမ်းကိုသုံးသင့်ပါတယ်။၉။ အထက်လူကြီးကိုတင်ပြပြီး အ ြဖေရှာပါ။ဒီနောက်ဆုံး နည်းလမ်းကို အပေါ်မှာရှိတဲ့နည်းတွေနဲ့လဲအလုပ်မဖြစ်ဘူး၊ တခြားရွေးစရာမရှိတော့ဘူး၊မလုပ်မဖြစ်တော့ဘူးဆိုတော့မှ ထုတ်သုံးသင့်ပါတယ်။ တချို့လူတွေကအထက်လူကြီးက ပြောမှပဲ အဆင်ပြေတာမျိုးတွေရှိပါတယ်။ သင်က ကိုယ့်ကိုယ်ကို အရင်ဖြေရှင်းပဲ ပြောလိုြက်ခင်းဖြင့် သင့်အထက်က လူကသင့်ရဲ့အသင်းနဲ့ပေါင်းသင်းဆက်ဆံနိုင်စွမ်းနည်းတယ်လို့ထင် သွားနိုင်တဲ့အတွက် နောက်ဆုံး မဖြစ်မနကျေမှသုံးသင့်တာဖြစ်ပါတယ်။အထက်ပါ အချက် ၉ ချက်ကိုလက်တွေ့အသုံးချရင်တော့ လုပ်ငန်းခွင်မှာ ဆက်ဆံရခက်တဲ့လူမျိုးတွေနဲ့ တွေ့တဲ့အခါ ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို New Day Jobs မှာ လျှောက်ထားနိုင်ပါတယ်။

Career Advice LandYourDreamJob Workplace Success Workplace Skill
16 Jan 2020
Importance of Body Language in the Workplace | Read more blogs at New Day Jobs

Importance of Body Language in the Workplace

Khai Deih Neam Digital Marketing Executiveလုပ်ငန်းခွင်မှာ body language က ဘာကြောင့် အရေးပါတာလဲ?သုသေတနများအရ လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှု ပြုလုပ်တဲ့အခါမှာ body language လို့ ခေါ်တဲ့ ကိုယ်အမူအရာ အသုံးချမှုအပေါ်မှာ ၅၅ ရာခိုင်နှုန်း၊အသံအနိမ့်အမြင့် အသုံးချမှုက ၃၃ ရာခိုင်နှုန်း နဲ့ စကားလုံးသုံးနှုန်းမှုက တော့ ၇ ရာခိုင်နှုန်း မူတည်နေပါတယ်။Body Language လို့ ပြောတဲ့အခါမှာ ပါးစပ်နဲ့ ပြောဆိုရတဲ့ အရာကို ပြောတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ မျက်နှာအနေအထားပုံစံ၊စကားပြောတဲ့ အခါမှာ ကိုယ်အသုံးပြုတဲ့ ကိုယ်ဟန်အနေအထား၊ကိုယ်ပိုင်နေရာ လို့ခေါ်တဲ့ personal space ယူသည့်ပုံစံ၊လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံ နှင့် မျက်လုံးအကြည့်လို့ ခေါ်တဲ့ eye-contact တို့ကို ဆိုလိုပါတယ်။လုပ်ငန်းခွင်မှာ ကျွန်တော်တို့ ပြောဆိုတဲ့ ပုံစံနဲ့ တွေးခေါ်တဲ့ ပုံစံတွေက အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။လုပ်ငန်းခွင်မှာ body ...

Career Advice Workplace Success Workplace Skill
11 Jan 2020
5 Professional traits which don't need special talents | Read more blogs at New Day Jobs

5 Professional traits which don't need special talents

Khant Zaw HeinDigital Marketing intern1. Punctuality-ရုံးချိန်မှန်တာ၊ deadline တွေ တိတိကျကျထိတာကတော့၊ ချိန်းထားရင် နောက်မကျတတ်တာ စတဲ့ အချိန်မှန်ခြင်းနဲ့ ပက်သက်တဲ့ အကျင့်ကောင်းတွေကို ရှိ‌ထားခြင်းဟာ ကိုယ့်ကို colleague တွေက လေးစားသလို၊ အလုပ်ပေါ် commitment ရှိတယ်ဆိုတာလဲ ပေါ်စေပါတယ်။2. Positive Energy-အလုပ်ရောက်တာနဲ့ ဆူပုတ်ပြီး ရုပ်တည်ကြီးနဲ့ နေတတ်တဲ့သူနဲ့ တက်တက်ကြွကြွ ပြုံးပြုံးရွှင်ရွှင်နေတတ်သူဆို ဒုတိယလူကိုပဲ ကျွန်တော်တို့ ပိုပေါင်းသင်းလိုကြတယ်။ ဘာလို့လဲဆိုတော့ ယေဘူယျအားဖြင့် positive energy ရှိတဲ့သူနဲ့ အလုပ်တွဲလုပ်ရတာပိုအဆင်ပြေချောမွေ့လို့ပဲဖြစ်ပါတယ်။3. Sharing credit-ဘာလုပ်လုပ်ကိုယ်ပဲ နာမည်ကောင်းယူနေတာထက် ကိုယ့် teammate၊ ...

Workplace Success
07 Jan 2020
Soft skills for 2020 | Read more blogs at New Day Jobs

Soft skills for 2020

Khai Deih NeamDigital Markeitng Executive၂၀၂၀ မှာ လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်လာမယ့် skill တွေက ဘာတွေဖြစ်လာမလဲ?လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်ပေါက်ရောက်ပြီး ထက်မြက်နေဖို့အတွက် hard skill တွေလိုအပ်သလို soft skill ကလည်း အရေးပါတဲ့အရာ ဖြစ်ပါတယ်။၂၀၂၀ ကို စတင်တော့မှာ ဖြစ်တဲ့အတွက် ၂၀၂၀ အတွက် လိုအပ်လာမယ့် skill တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။၁။ Data LiteracyData ဆိုတာ ၂၁ ရာစုမှာ စီးပွားရေးတစ်ခုကို အားဖြည့်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။Data ကို ဂရုမစိုက်တဲ့ အဖွဲ့အစည်းများအနေနဲ့ သူ့တို့ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့လာနိုင်ပါတယ်။Data တွေရဲ့ သက်ရောက်မှုတွေကို ကာကွယ်ဖို့ company တွေက ...

Workplace Success Workplace Skill Personal Upgrade
24 Dec 2019
Shining In Your Interview: Ask Smart Questions At the End | Read more blogs at New Day Jobs

Shining In Your Interview: Ask Smart Questions At ...

Conor SmithManaging Director,New Day JobInterview ဖြေတဲ့အခါ တောက်ပနေဖို့ - မှန်ကန်သော မေးခွန်းများကို မေးခြင်းသင် အလုပ်အတွက် interview ဖြေတိုင်း အဆုံးသတ်မှာ interviewer က ဘာမေးစရာရှိလဲလို့ မေးတဲ့အခါမှာ ကြောင်တောင်တောင် ဖြစ်ပြီး ဘာမေးရမှန်းမသိတဲ့ အခြေအနေ ကြုံဖူးပါသလား?အဲ့လို အခါတိုင်း ကျွန်တော်တို့ဟာ အလုပ်နဲ့ ပတ်သတ်ပေမယ့် အရေးမကြီးတဲ့ အရာတွေကို မေးတတ်ကြပါတယ်။အများစုမေးတတ်ကြတဲ့ မေးခွန်းတွေကတော့- လစာက ဘယ်လောက်ပေးမှာလဲ?- အခြားအကျိုးခံစားခွင့်တွေက ဘာလဲ?- ရုံးတက်ချိန်တွေက ဘယ်အချိန်လဲ?- ပိတ်ရက်တွေကော အလုပ်လုပ်ရမှာလား?- ရုံးက ကားပါကင်ကော ရလား?စတဲ့ မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။အဲ့မေးခွန်းတွေက အရေးကြီးပါတယ်။ဒါပေမယ့် သင်နဲ့ အတူတူအလုပ်လုပ်ရမယ့် Senior တစ်ယောက်က interview နေတယ်ဆို အဲ့လို မေးခွန်းမျိုးကို မမေးသင့်ပါဘူး။အဲ့လို မေးခွန်းတွေကသင်က အလုပ်လုပ်ရတာထက် အခြားအရာတွေကို ပိုအလေးထားတယ်။သင်က ...

Career Advice LandYourDreamJob
17 Dec 2019
Things you should be careful at the interview | Read more blogs at New Day Jobs

Things you should be careful at the interview

Khai Deih Neam Digital Marketing Executiveအင်တာဗျူးသွားဖြေတဲ့ အခါမှာ ဘယ်လိုအရာတွေကေိုဖြေသင့်တယ်၊ ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာကို တော်တော်များများသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အင်တာဗျူးသွားဖြေတဲ့အခါ ကိုယ် သတိမထားလိုက်မိတဲ့ အချက်လေးတွေ၊ ရှောင်ရှားသင့်တဲ့အခြေခံအချက်လေးတွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနိုင်ပါတယ်။အဲ့လိုမျိုး ဆုံးရှုံးမှုတွေ မဖြစ်ဖို့ အောက်ပါ အချက်လေးတွေကို လိုက်နာနိုင်ပါတယ်။၁။ သင်အင်တာဗျူးဖြေဆိုရမည့်ကုမ္မဏီနှင့်ပတ်သတ်ပြီး လေ့လာထားပါအလုပ်ရှင်တွေက သူတို့ကုမ္မဏီအပေါ်မှာ interview ဖြေတဲ့သူက ဘယ်လောက် စိတ်ပါဂင်စားမှုဘရှိသလဲဆိုတာကို သိချင်တဲ့အတွက် ကုမ္ပဏီအကြောင်း၊ လုပ်ငန်းတွေအကြောင်းကို မေးမြန်းတတ်ကြပါတယ်။အဲ့လိုအချိန်မျိုးမှာ သင့်ဘက်က ကုမ္ပဏီရဲ့အခြေခံအကြောင်းအရာလေးတွေကိုတောင် မဖြေနိုင်ရင် သင့်ကို အထင်သေးကြမှာဖြစ်ပြီး တခြားinterview ဖြေတဲ့သူတွေထဲက Company အကြောင်း သိတဲ့သူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သင်ဟာ နောက်ကောက်ကျကျန်နေနိုင်ပါတယ်။တစ်ချို့က ရာထူးအငယ် လျှောက်တာမို့ company အကြောင်းလေ့လာဖို့ မလိုအပ်ဘူးလို့ ထင်တတ်ပါတယ်။ သင်က ကုမ္ပဏီအကြောင်းကို သေချာပြန်ရှင်းပြနိုင်တဲ့သူမျိုးဆိုရင် အင်တာဗျူးအောင်ဖို့ ရာခိုင်နှုန်းက များတာပေါ့။ အဲ့လို company အကြောင်းသိဖို့ Facebook/Linkedln နဲ့ ကုမ္ပဏီရဲ့ Website တွေမှာ သေချာလေ့လာလို့ရပါတယ်။၂။ Interview ဖြေရမယ့်နေရာကို ကြိုတင်စုံစမ်းပါသင် interview ဖြေရမယ့် နေရာက သွားရလွယ်ကူတဲ့ နေရာတွေဆို အခက်အခဲမရှိပေမဲ့ သွားနေကျမဟုတ်တဲ့ နေရာမျိုးတွေ၊သွားရခက်ခဲတဲ့ နေရာမျိုးတွေဆိုရင် ...

Career Advice LandYourDreamJob
03 Dec 2019
How to write a qualified CV | Read more blogs at New Day Jobs

How to write a qualified CV

Lamin Thiha Senior Recruitment Specialistအလုပ် တစ်ခု ကို စတင်လျှောက်တဲ့အခါမှာ သင့်ရဲ့ CV က အခြားသူများထက် ထင်သာမြင်သာဖြစ်ဖို့နဲ့တိကျရှင်းလင်းဖို့လိုပါတယ်. ကိုယ့် အကြောင်းကိုလည်း ကောင်းမွန်စွာပြောပြဖို့ အရမ်းအရေးကြီးပါတယ်။ သင်က ဘယ်လိုလူမျိုးလဲဆိုတဲ့ first impression ကို သင့်ရဲ့ အလုပ်ရှင် ကမြင်တွေ့ရမယ့်အရာ ဖြစ်ပါတယ်။ဆိုတော့ CV တစ်ခု တည်ဆောက်တဲ့အခါမှာ အောက်ပါ အကြောင်းအရာများ ပါဝင်ထည့်သွင်းးစဉ်းစားရန် လိုအပ်ပါတယ်။၁။ရှင်းလင်းတိကျသောဆုံးဖြစ်အောင် တည်ဆောက်ပါ။CV တစ်ခုကို တည်ဆောက်တဲ့အခါမှာ သင်ဖော်ပြချင်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြတ်သားစွာပြပါ။ သင့်ရဲ့ လိပ်စာ၊ဖုန်းနံပါတ်၊ဆက်သွယ်ရမည့် email address စတဲ့ အရေးကြီးသည့် အချက်လက်တွေကို မှန်ကန်စွာ ထည့်သွင်းရမယ်။ ထင်သာမြင်သာတဲ့ နေရာမှာ ထားရှိဖို့ လိုအပ်ပါတယ်။အဲ့တာအပြင် သင်ရဲ့ သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံတွေနဲ့ ထမ်းဆောင်ခဲ့တဲ့လုပ်ငန်းတာဝန်တွေကို ရေးတဲ့အခါမှာ Keywords တွေပါအောင် ရေးရမယ်။၂။ အလွန်အကျွံ တန်ဆာဆင်မှုများကို ရှောင်ပါ။CV တစ်ခုမှာ အတတ်နိုင်ဆုံး ကာလာအရောင်ကို နှစ်ရောင် (သို့မဟုတ်) သုံးရောင် ထက်ပိုပြီး အသုံးပြုတာ၊လုံးဝမလိုက်ဖက်တဲ့ အရောင်တွေကို တွဲဖက် အသုံးပြုတာတွေက အမြင်အာရုံကိုရှုပ်ထွေးစေနိုင်တယ်။အဲ့တာကြောင့် အဲ့လိုပြုလုပ်တာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် font size, ...

Career Advice
26 Nov 2019
Fundamental Steps to Secure a Job | Read more blogs at New Day Jobs

Fundamental Steps to Secure a Job

Ngwar Bo Mee,Head of Customer Successကိုယ် စိတ်အားထက်သန်တဲ့ အလုပ်ကို ရှာဖွေရရှိဖို့ တစ်ချို့ လူတွေအတွက် ကစိတ်လှုပ်ရှားစရာ ဖြစ်ပေမယ့် တစ်ချို့အတွက် ကြတာ့ အဲ့အရာကစိတ်ပင်ပန်း အားအင်ကုန်ခမ်းစေတယ်။ အလုပ်ရှာရတာ စိတ်ပင်ပန်းတဲ့ သူအချို့အတွက် အောက် အချက်အလက် တွေဟာ အကျိုးရှိပြီးလက်တွေ့အသုံးပြုနိုင်မည့် နည်းလမ်းတွေပါ။သင်နှစ်သက်တဲ့အလုပ်ကို ရရှိ ဖို့ သင်စိတ် ပျက်ခြောက်ခြားနေတာ မျိုးလုံးဝ မဖြစ်သင့်ဘူးပေါ့နော်။၁။ကိုယ်ဘာဖြစ်ချင်လဲ၊ကိုယ် ဘာလုပ်တတ်လဲ ဆိုတာကို သုံးသပ်ပါသင်လုပ်ရှာဖို့ စပြီးစဉ်းစားပြီးဆိုတာနဲ့ ပထမဆုံးသင်လုပ်ရမယ့်အရာက သင်ဘာဖြစ်ချင်လဲ ၊ သင်ဘာလုပ်တတ်လဲဆိုတာ ကိုအရင်လေ့လာစမ်းစစ်ရမှာပါ။တကယ်လို့ သင်ဘာဖြစ်ချင်လဲဆိုတာကို မသိဘူးဆိုရင် list တစ်ခုလုပ်ပါ။အဲ့ list မှာ သင်ကျွမ်းကျင်တဲ့ အချက်တွေကို မှန်မှန်ကန်ကန်မလိမ်ညာပဲ ရေးပါ။အရမ်းကြီးကျယ် တဲ့အရာဖြစ်စရာမလိုပါဘူး။သင် ပေါင်းသင်းဆက်ဆံရေးမှာ ကျွမ်းကျင်လား သို့မဟုတ် ကိန်းကဏန်းတွေနဲ့ပတ်သတ်ပြီး ကျွမ်းကျင် လား။ သင့်ရဲ့ အားသာချက် ကောင်းကွက်တွေကို သင်ပိုသိလေလေ အလုပ်ရွေးချယ်ရတာ ပိုလွယ်ကူ လာလေလေ ဖြစ်တယ်။ ဒီအဆင့်မှ သင်တစ်ခု သတိထားရမှာကတော့ သင်ဟာ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်မိဖို့ပါပဲ။ ကိုယ့်အကြောင်းကို သေသေချာချာ သိအောင်လုပ်ပါ။၂။ စနစ်တကျ အလုပ်ရှာ ပါဒုတိယတစ်ခုအနေနဲ့ သင်လုပ်ရမှာကတော့ သင်အလုပ်ရှာတာကို စနစ်တကျ စီစဉ်ဖို့ဖြစ်တယ်။ ဉာဏ်ကို လွှာပြီး သုံးရပါမယ်။ အကယ်၍ သင်က ပထမ အဆင့်ကို ကောင်းကောင်းမွန်မွန် လုပ်ခဲ့တယ်ဆိုရင် သင်စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေဖို့ မခဲယဉ်းတာ့ပါဘူး။ တကယ်လို့ သင်ဟာ ကိန်းကဏန်းတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့သူဆိုရင် စာရင်းအင်းနဲ့ပတ်သတ်တဲ့ အလုပ်တွေကို လုပ်ကိုင် ပါ။သင်ဟာ စိတ်ကူးစိတ်သန်းကောင်းတယ်။သင်ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ ချပြနိုင်တယ်ဆိုရင် Marketing သို့မဟုတ် Communication နဲ့ ပတ်သတ်တဲ့အလုပ်အကိုင်တွေကို ရှာဖွေ လုပ်ကိုင် ပါ။သင်က လူတွေနဲ့ တွေ့ရတာကို နှစ်သက်တယ် လူတွေကို အကြံပေးရတာကို ကြိုက် တယ်ဆိုရင် sales (အရောင်းပိုင်း) (သို့မဟုတ်) အကြံပေးတဲ့အပိုင်း အစရှိသဖြင့် သက်ဆိုင်တဲ့ အလုပ်အကိုင်တွေကို ရှာဖွေ လုပ်ကိုင်ပါ ။ ဆိုရိုးစကားတစ်ခုလိုပေါ့နော်။ ကိုယ်ရည်မှန်းထားတဲ့ အရာကို လက်တွေ့အကောင်အထည်ဖော်ခွင့် ရှိပါတယ်။သင် ဘာကိုလုပ်ရမလဲဆိုတာကို သိရင် -သင် အလုပ်လုပ်ချင်တဲ့ company တွေကို list လုပ် ပါ။အလုပ်ခန့်မယ်သူက ဘယ်သူဘယ်ဝါ ဆိုတာကို စုံစမ်းပါ။အဲ့လို စုံစမ်းတဲ့အခါမှာ သင် Network ကို အသုံးပြုပါ။...

LandYourDreamJob
20 Nov 2019
You will receive the email for your email confirmation. Please check!