Career blogs-Learning | New Day Jobs

Blog

Blog Personal Upgrade
How To Speak Confidently | Read more blogs at New Day Jobs

How To Speak Confidently

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စကားဘယ်လိုပြောမလဲ? ယုံကြည်မှုရှိရှိနဲ့ စကားပြောတယ်ဆိုတာက ကိုယ့်ရဲ့ ဘဝမှာ တိုးတက်မှုတွေရလာနိုင်ပါတယ်။ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ စကားပြောတယ်ဆိုရင် အလုပ်ခွင့်မှာ တခြားသူတွေရဲ့ လေးစားမှုကို ခံရနိုင်ပါတယ်။ မနေ့သစ်က သူငယ်ချင်းတို့ကို ယုံကြည်မှုရှိရှိနဲ့ စကားဘယ်လိုပြောရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး အကူအညီဖြစ်နိုင်တဲ့ အချက်ကလေးတွေကို ပြောပြပေးပါမယ်။(၁) ဖြည်းဖြည်းပြောပါလူအများစု စကားပြောဆိုတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုမှုကို ဟန့်တားစေတဲ့ အရာကတော့ စကားကို မြန်မြန်ပြောဆိုတာပါ။ လူတစ်ယောက်က စကားကို အမြန်ပြောတယ်ဆိုရင် သူက စိတ်လှုပ်ရှားတာ၊ စိတ်မချတာနဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းနည်းတယ်လို့ ထင်ရပါတယ်။ စကားပြောဆိုတဲ့အခါမှာ စိတ်အေးအေးနဲ့ ဖြည်းဖြည်းချင်းပြောဖို့က အရေးကြီးပါတယ်။ ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေးချင့်ချိန် ပြောဆိုတာက ကိုယ့်မှာ ယုံကြည်မှုရှိတယ်ဆိုတာကို ဖော်ပြပြီး ကိုယ်က ဦးဆိုင်နိုင်တဲ့သူအနေနဲ့လည်း ထင်မြင်ရပါတယ်။(၂) စဉ်းစားတဲ့အခါ သုံးတဲ့အသုံးအနှုန်းတွေကို ရှောင်ပါကိုယ်က စကားပြောဆိုတဲ့အခါမှာ စဉ်းစားတဲ့အခါ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေဖြစ်တဲ့ “ဟို” “umm” အစရှိတဲ့ စာလုံးတွေကို အသုံးပြုလေ့ပြုထရှိတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုစကားတွေကို အသုံးပြုပြီး ပြောဆိုတာက ကိုယ်ပြောမယ့်စကားက မသေချာဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်သွားတတ်ပါတယ်။ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ စကားပြောတာမျိုးဖြစ်ချင်တယ်ဆိုရင်တော့ အဲ့ဒီလိုမျိုး စကားအသုံးအနှုန်းတွေကို ရှောင်သင့်ပါတယ်။(၃) အကျယ်ကြီးမပြောပါနဲ့လူတွေက တစ်ခါတစ်လေကျရင် စကားအကျယ်ကြီးပြောတာကို ယုံကြည်မှုရှိရှိနဲ့ ပြောတာလို့ အထင်မှားတတ်ကြပါတယ်။ စကားကျယ်ကျယ်ပြောတာကလည်း ကိုယ့်ရဲ့ tone က အရေးကြီးပါတယ်။ ကိုယ်က စကားကျယ်အောင်ပြောတဲ့အခါ အော်ပြောသလိုမျိုးမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ အရမ်းလည်း အသံမကျယ်ပဲနဲ့ လူတိုင်းကြားရလောက်ပြီး တည်ငြိမ်နဲ့အသံနဲ့ ပြောဆိုတာက ယုံကြည်မှုရှိတာကို ဖော်ပြတာဖြစ်ပါတယ်။ကိုယ်ပြောခဲ့တာ အဆင်ပြေမပြေကို သေချာသိနိုင်ဖို့အတွက် ကိုယ်ပြောဆိုနေတာကို ဖုန်းနဲ့ recording လုပ်ထားရင် ပိုကောင်းပါတယ်။ အဲ့ဒီတော့မှ အချိန်ရတဲ့အခါ အဲ့ဒီ recording ကို ပြန်နားထောင်ပြီး နောက်တစ်ခါကျရင် ဘယ်လိုအချက်ကလေးတွေကို ပြင်ရင်ကောင်းမလဲ၊ ဘယ်လိုအချက်ကလေးတွေကို ပိုပြီး ကောင်းအောင်လုပ်မလဲဆိုတာကို စဉ်းစားပြီး ပြင်ဆင်လို့ရပါတယ်။(၄) လေ့ကျင့်ပါလူအများရှေ့မှာ စကားပြောဆိုတာတို့ အစည်းအဝေးမှာ ပြောဆိုတာတို့ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးပြောဆိုတာတို့မှာ ကိုယ်က ယုံကြည်မှုရှိရှိနဲ့ ကောင်းကောင်းပြောဆိုတတ်ချင်တယ်ဆိုရင်တော့ အလေ့အကျင့်က အရေးကြီးပါတယ်။ အကယ်၍ ကိုယ်က ခက်ခဲတဲ့ စကားပြောဆိုမှုတွေဖြစ်တဲ့ လူတွေရှေ့မှာ ပြောရမှာလိုမျိုးဆိုရင်တော့ ကြိုတင်လေ့ကျင့်တာပိုကောင်းပါတယ်။ ကိုယ်က လေ့ကျင်ံပြောကြည့်ပြီး ပြောနေတာကို record လုပ်ထားပါ။ Record လုပ်လိုက်ရင် ကိုယ်ပြောတာ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို သိနိုင်ပါတယ်️။ ကိုယ်ပြောတာက မြန်နေလား အဖြတ်အတောက်လေးတွေကော လိုအပ်လားဆိုတာတွေကို သိနိုင်ပါတယ်။ ကိုယ့်ရဲ့အသံအတိုးအကျယ်အနေအထားနဲ့ ရှင်းလင်းပြတ်သားမှုရှိမရှိကိုလည်း သိနိုင်ပါတယ်။(၅) ကိုယ်လက်အမူအယာအသုံးပြုပါကိုယ်လက်အမူအယာအသုံးပြုတာကလည်း စကားပြောဆိုတာမှာ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့် အရမ်းအများကြီး အသုံးမပြုမိဖို့ကို သတိထားဖို့အတွက်လည်း လိုအပ်ပါတယ်။ ကိုယ်က ဒီအတိုင်းကြီး ရပ်နေပြီး ပြောနေတာထက်စာရင် လက်ဟန်အမူအယာလည်းပါတော့ နားထောင်တဲ့သူတွေကလည်း မငြီးငွေ့တော့ပဲ စိတ်ဝင်တစားဖြစ်နေကြမယ်လေ။ ကိုယ်လက်အမူအယာအသုံးပြုရမယ်ဆိုပေမယ့် ယုံကြည်ချက်မရှိတဲ့ပုံကို ပေါ်စေတဲ့ အမူအယာတွေရှိတာကိုလည်း သတိထားသင့်ပါတယ်။ အင်္ကျီတို့ ဆံပင်တို့ကို ခဏခဏကိုင်တာမျိုးတွေ လက်ချောင်းအချင်းချင်း ကိုင်နေတာမျိုးတွေက ယုံကြည်ချက်မရှိတာကို ဖော်ပြပါတာဖြစ်တဲ့အတွက် အဲ့ဒီလိုမျိုးအပြုအမူတွေကိုတော့ သတိထားသင့်ပါတယ်။ပိတ်ရက်မှာ သင့်ရဲ့ Public Speaking skill ကို အပေါ်က article ထဲက အတိုင်း Upgrade လုပ်နိုင်ပါတယ်New Day Jobs ဆိုတာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေတွေ့ရှိနိုင်တဲ့ website ဖြစ်တဲ့အတွက် အလုပ်အကိုင်ကောင်းများကို ...

Personal Upgrade
28 Mar 2020
How To Improve Yourself During Quarantine | Read more blogs at New Day Jobs

How To Improve Yourself During Quarantine

အခုဆိုရင် COVID - 19 ကို ကာကွယ်ဖို့ရန် Company အားလုံးနီးပါးက Work from home လုပ်ကြဖို့ သတ်မှတ်ထားကြပါတယ်။ပုံမှန်ဆို ရုံးသွားရုံးပြန်အချိန်တွေနဲ့ ပြီးတော့ ပင်ပန်းတာတွေနဲ့ ကိုယ့်ရဲ့ personal development အတွက် မလုပ်ဖြစ်ကြဖူးပေါ့။အခုတော့ Work from home လုပ်ရတဲ့အတွက် သင့်အတွက် ကိုယ်ပိုင်အချိန်လေးတွေ ပိုထွက်လာတယ်။ပြီးတော့ နောက်ထပ်အသစ်သစ်တွေ လေ့လာဖို့ ပင်ပန်းတာတွေ မရှိတဲ့အတွက် အခုအချိန်က သင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။တိုးတက်ပြောင်းလဲမှုတွေအတွက် ဘယ်ကနေ စလုပ်ရမလဲ မသိဖြစ်နေပါတယ်ရင် အခု article က သင့်အတွက် ဖြစ်ပါတယ်။၁။ ကြင်နာပါကြင်နာပါလို့ ပြောတဲ့အခါမှာ အရင်က အလုပ်သွားနေခဲ့ရလို့ အချိန်မရှိလို့ မိသားစုကို အချိန်မပေးဖြစ်ဘူးဆိုရင် အခု မိသားစုနဲ့ ရင်းရင်းနှီးနှီးနေပါ။ကိုယ့်ရဲ့ အိမ်နီးချင်းတွေနဲ့ စကားစမြည်ပြောကြည့်ပါ (သတ်မှတ်ထားတဲ့အကွာအဝေးမှ)။အဝေးရောက်နေတဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေကိုလည်း ဖုန်းဆက်ပါ။Work from home လုပ်ရတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝးကွာနေတာမို့ အနေဝေးပေမယ့် နှလုံးသားခြင်းနီးနေအောင် ရုံးချိန်အပြီးမှာ Video ...

Personal Upgrade
27 Mar 2020
Ronaldo: Rely On Yourself, Not Talent | Read more blogs at New Day Jobs

Ronaldo: Rely On Yourself, Not Talent

Khai Deih NeamDigital Marketing Specialist[Unicode]မွေးရာပါ ပင်ကိုယ်စွမ်းရည် ဘယ်လောက်ပဲ ရှိရှိ သင် မကြိုးစားရင် အလကားပါ။ပင်ကိုယ်စွမ်းရည် မရှိလဲ စိတ်ညစ်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ ပင်ကိုယ်စွမ်းရည်းနဲ့ မသက်ဆိုင်ပဲ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို သက်သေထူခဲ့တာသူ တစ်ယောက်ရှိလို့ပါ။သူကတော့ အများက စီရော်နယ်ဒိုလို့ သိကြတဲ့ ခရစ်တီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။စီရော်နယ်ဒို ဟာ ပေါ်တူဂီနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၈၅ ဖေဖော်ဝါရီလ မှာ မွေးဖွားခဲ့ပါတယ်။ ဘောလုံးအားကစားကို ဝါသနာပါခဲ့ပြီး အခုလို ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကတည်းက တစိုက်မတ်မတ်နဲ့ ကြိုးစားခဲ့သူပဲဖြစ်ပါတယ်။.ငယ်စဉ်တုန်းက အမေရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းခဲ့တဲ့ စီရော်နယ်ဒိုက ခက်ခဲတဲ့ ငယ်ဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။အရက်သောက်တဲ့ ဖခင်ကြောင့် သူ့ရဲ့ မိခင်က ထမင်းချက်အဖြစ်လုပ်ကိုင် ကျွေးမွေးပြီး ကြီးပြင်းခဲ့ရတဲ့ စီရော်နယ်ဒိုဟာ ဘဝအကြောင်းကို နှောကြေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။.သူက ဘောလုံးကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။သို့ပေမယ့် ၂၀၀၇ -၂၀၀၈ ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ုတိယပွဲစဉ်မှာတုန်းက စီရော်နယ်ဒိုဟာ Portsmouth အသင်းရဲ့ ကစားသမား Richard Hughes ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အနီကတ် ပြသခြင်းခံရပါတယ်။ အဲ့အချိန်တုန်းက လူတွေက သူ့ရဲ့ ဘောလုံးစွမ်းရည်ကို သံသယ ရှိခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သူကိုယ့်ကိုယ်သူ ဘောလုံးကန်ဖို့ စွမ်းရည် မရှိဘူးလို့ သံသယ ရှိခဲ့တာ ဖြစ်ပါတယ်။ဝေဖန်မှုတွေလည်း အများကြီးခံခဲ့ရပြီး သူကလည်း စိတ် ဓာတ် ကျခဲ့ပါတယ်။ ါပေမယ့် သူက အဲ့အတွက်ကြောင့် သူရဲ့အသက်မွေးဝမ်းကြောင်းကို ရပ်တန့် ခဲ့တာတွေ မလုပ်ခဲ့ပါဘူး။သူအရင်ကထက် ပိုလေ့ကျင့်ပြီး ကွင်းထဲကို ပြန်ဝင်ခဲ့ပါတယ်။.ဘောလုံးသမားတွေထဲမှာ လေ့ကျင့်မှုအများဆုံး ဘောလုံးသမားဆိုရင် ပြောပါဆိုရင် စီရော်နယ်ဒို လို့ အများစုက ဖြေရလောက်အောင် ကြိုးစားတဲ့သူ ဖြစ်ပါတယ်။သူ့ ပေါ်တူဂီနည်းပြဖြစ်တဲ့ ကာလို့စ် ကတောင်မှာ "တချို့သောဘောလုံးကစားသမားတွေက ယုံကြည်မှုတွေ အရှိလွန်းပြီး လေ့ကျင့်တာတောင် မှ အဆင်မပြေတာ တစ်ခုခုရှိရင် လေ့ကျင့်တာကို ရပ်ပစ်ကြပါတယ်။သူတို့တွေ အနေနဲ့ ငါတော်နေတာပဲ အခုတော့ လေ့ကျင့်တာကို ရပ်လိုက်မယ် မနက်ဖြန်မှပဲ ဆက်လေ့ကျင့်မယ် လို့ ပြောတတ်ကြပါတယ်။ ခရစ်စီယာနိုကတော့ မဟုတ်ပါဘူး။သူကတော့ သူစိတ်ကျေနပ်တဲ့အထိ လေ့ကျင့်မှုတွေကို လုပ်ပါတယ်" လို့ ပြောထားပါတယ်။.စီရော်နယ်ဒိုဟာ အသက် ၁၅ နှစ် အရွယ်မှာ တုန်းက နှလုံးခုန်မြန်တဲ့ ရောဂါကို ခံစားခဲ့ပါတယ်။သူ့ရောဂါကို ခွဲစိတ်လိုက်ရပါပြီး ဆေးရုံက ဆင်းတဲ့နဲ့ မနားပဲ training ဆင်းခဲ့ပါတယ်။ဘောလုံးကို ရူးသွပ်တဲ့ စီရော်နယ်ဒို အတွက် အားကစားသမားတွေ ကြောက်ကြတဲ့ နှလုံးရောဂါကတောင် မတုန်လှုပ်စေနိုင်ခဲ့ပါဘူး။.ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်းရ ပြီး the Ballon d'Or ကိုပါရရှိခဲ့တာ စီရော်နယ်ဒို အတွက် အလုပ်အပေါ် ကျေနပ်မှုဆိုတာ မရှိပါဘူး။အကောင်းဆုံးဆိုတဲ့ title တွေ အချမ်းသာဆုံးဆိုတဲ့ title တွေက သူ့ကို ပိုပြီး လေ့ကျင့်ဖို့ ကြိုးစားဖို့ တွန်းအားပေးနေပါတယ်။သူက သူ့ကိုယ်သူ ဖိအားပေးပြီး ...

Career Advice Personal Upgrade
21 Feb 2020
LEARN FROM FAILURE | Read more blogs at New Day Jobs

LEARN FROM FAILURE

Thant Thandar Soe Digital Marketing Executiveရှုံးနှိမ့်မှုဆိုတာဘာလဲ?❓ကျွန်တော်တို့ လူပတ်ဝန်းကျင်မှာ အရှုံးကို ဘယ်လို သတ်မှတ်ကျလေ့ရှိလဲ? ပုံမှန်အားဖြင့်အဖွဲ့အစည်း၊ စာသင်ခန်းတစ်ခန်း၊ လူအဖွဲ့အစည်းတစ်ခုမှာ အလုပ်၊ဝင်ငွေ၊ပိုင်ဆိုင်မှု၊အရည်အချင်း၊ စသည့် အရာတွေကိုတန်းစီလိုက်တဲ့ အခါ နောက်ဆုံးမှာ ရောက်နေတဲ့သူတွေကို အရှုံးသမား ဆိုပြီးသတ်မှတ်လေ့၊မှတ်ချက်ချလေ့ရှိကျပါတယ်။ဘယ်လိုအချိန်တွေမှာရှုံးနှိပ့်ခြင်းကို ခံစားရလဲ?ဘယ်လို အချိန်တွေမှာအရှုံးသမားလို့ခံစားရလဲဆိုရင် အရိုးရှင်းဆုံးဆိုရင်တော့ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ပြီး ရှုံးသွားတဲ့အခါ၊ ရမယ်လို့ထင်ထားတဲ့ အလုပ်တစ်ခု ကနေအပယ်ခံလိုက်ရတဲ့ အခါ၊ ကိယ်လုပ်ထားတဲ့ကိစ္စတစ်ခုခု မဖြစ်မြောက် (သို့) အဆင်မပြေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားဆိုတဲ့စိတ်ဝင်လာတတ်ပါတယ်။ရှုံးနှိမ့်ခြင်းကို ဘယ်လိုဖြတ်ကျော်မလဲ?အမေရိကန် မှာအကောင်းဆုံး ခေါင်းဆောင်၊အထင်ရှားဆုံး သမ္မတအဖြစ်အများကအသိအမှတ်ပြုထားတဲ့ Abraham Lincoln( အီဗရာဟန် လင်ကွန်း ) က "ငါအစိုးရိမ်ဆုံးက မင်းဘယ်လောက် ရှုံးနိမ့်မှာကို မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီ ရှုံးနိမ့်မှုကိုနေသားကျသွားနမှာကို စိုးရိမ် တာ" ဆိုပြီးပြောခဲ့ပါတယ်။ ကျွန်တော်တို့ဘဝသက်တမ်း တစ်လေ ျှာက်လုံးမှာ ရှုံးနှိမ့်မှုတွေ အများကြီးကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ရှုံးနှိမ့်မှုတွေကို နေသားကျပြီး နောက်ထပ်မကြိုးစားတော့တဲ့ အခါ ကျမှုတကယ် ရှုံးနှိမ့်မှု အစစ်ဖြစ်ပါတယ်။အဲတော့ သင့်ဘဝမှာ ဘယ်လောက်ကြီးမားတဲ့ ရှုံးနိမ့်မှု ပဲကြုံရကြုံရ နောက်ထပ်ကြိုးစားဖို့ ကိုဘယ်တော့မှလက်မလေ ျှာ့လိုက်ပါနဲ့။ရှုံးနှိမ့်ခြင်းကနေဘယ်လိုသင်ယူမလဲ?သင်ကိစ္စရပ်တစ်ခုခုကို ရှုံးနှိမ့်ခဲ့ပြီဆိုရင်အောက်ပါနည်းအတိုင်းပြန်လည်ဆန်းစစ်ပါ။၁. ဘယ်နေရာမှာသင်မှား သွားတာလဲဆိုတာကိုယ့်ကိုယ်ကို ပြန်စဉ်းစားပါ။စဉ်းစားလို့ရပြီဆိုရင် မှားသွားတဲ့အချက်လေးတွေကို မှတ်သားထားပါ။(စာရွက် သို့ စိတ်နဲ့ မှတ်ပါ)၂. ပြီးရင် ဘာတွေကြောင့်မှားသွားသလိုဆိုတာပြန်စဉ်စားပါ။ (ကြောက်နေလို့လား၊ ဂရုမစိုက်ခဲ့လို့လား၊စသည်ဖြင့်)၃. ပြီးရင် ကိုယ့်ကိုယ်ကို အခြားလူတစ်ယောက်နေရာကနေ ပြန်စဉ်းစားကြည့်ပါ၊ ( အကယ်၍အလုပ်အင်တာဗျူးဖြေထားတာဆိုရင် အင်တာဗျူးတဲ့ နေရာကနေ သင့်ကိုယ်သင်ပြန်ကြည့်ပါ )၄. သင့်အမှားတွေကို သင်သေသေချာချာသိပြီဆိုရင် ဘယ်လိုပြင်ရမလဲဆိုတာ လေ့လာပါ။(သက်ဆိုင်တဲ့ စာအုပ်တွေကနေ လေ့လာနိုင်သလို၊အင်တာနက်မှ လဲရှာဖွေလေ့လာနိုင်ပါတယ် )၅. သင့်ရဲ့ဖြစ်စဉ်ကို အခြားသူတွေကို ပြောပြပြီး အကြံဉာဏ်တွေတောင်းခံပါ။(အကြံပေးမဲ့ လူကလဲ အကြံအဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ဖို့လိုပါတယ်နော်)၆. နောက်ဆုံး အထက်ပါ အဆင့်တွေကနေ သင်ယူခဲ့တဲ့ အရာကို သင့်ရဲ့နောက်ထပ်ကြိုးစားမှုမှာအသုံးချပါ။နောက်ထပ်ကျရှုံးခဲ့ရင်လဲ ဒီနည်းအတိုင်းပဲ ထပ်ခါထပ်ခါအောင်မြင်တဲ့ အထိကြိုးစားပါလို့ အကြံပေးချင်ပါတယ်။ Thomas Edison တောင်မှ လျှပ်စစ်မီးသီး ကို အကြိမ်ပေါင်းတစ်သောင်း ကျော်လောက် စမ်းသပ်ပြီးမှ အောင်မြင်ခဲ့တာပါနော်။ပိုမိုကောင်းမွန်တဲ့အလုပ်တွေကို New Day Jobs မှာ ရှာဖွေနိုင်ပါတယ်။

Career Advice Personal Upgrade
23 Jan 2020
Mobile Learning Apps | Easy To Learn in Everywhere | Read more blogs at New Day Jobs

Mobile Learning Apps | Easy To Learn in Everywhere

Thein Xtike AungDigital Marketing Managerမိုဘိုင်းဖုန်းပေါ်မှတဆင့် လွယ်ကူလေ့လာနိုင်သော Mobile App များ သင်တန်းတက်ဖို့အတွက် အချိန်မအားအပ်နေသူတွေ၊ ကားတွေပိတ်နေလို့ ဘတ်ကားပေါ်မှာ အချိန်ကိုအကျိုးရှိရှိအသုံးချသူတွေ၊ သင်တန်းတက်ဖို့အဆင်မပြေသူများအတွက် အောက်ပါမိုဘိုင်း Apps များကနေ သင့် Career Development အတွက် အရမ်းအကျိုးရှိမှာပါ။1. DuolingoDuolingo ဆိုတာ ဘာသာစကားလေ့လာရေး App ဖြစ်ပါတယ်။ ဘာသာစကားအမျိုးမျိုးကို တစ်နေရာထဲမှာ လေ့လာလို့ရသလို သူငယ်ချင်းတွေ၊ တခြားသောလေ့လာသူတွေနဲ့ မိတ်ဖွဲ့ပြီးလေ့လာလို့ရတော့ ဘာသာစကားလဲကျွမ်းကျင် မိတ်ဆွေတွေလဲတိုးပွားလာမှာပါ။ အခမဲ့လေ့လာလို့ရတဲ့ App ဖြစ်ပြီး ကြော်ညာ Ads တွေနဲ့တော့ မျက်စိနှောက်တာကတော့ စိတ်အနှောက်အယှက်တော့ဖြစ်ပါတယ်။ ဒါပေမဲ့ Ads Free ...

Workplace Success Workplace Skill Personal Upgrade
22 Jan 2020
Soft skills for 2020 | Read more blogs at New Day Jobs

Soft skills for 2020

Khai Deih NeamDigital Markeitng Executive၂၀၂၀ မှာ လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်လာမယ့် skill တွေက ဘာတွေဖြစ်လာမလဲ?လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်ပေါက်ရောက်ပြီး ထက်မြက်နေဖို့အတွက် hard skill တွေလိုအပ်သလို soft skill ကလည်း အရေးပါတဲ့အရာ ဖြစ်ပါတယ်။၂၀၂၀ ကို စတင်တော့မှာ ဖြစ်တဲ့အတွက် ၂၀၂၀ အတွက် လိုအပ်လာမယ့် skill တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။၁။ Data LiteracyData ဆိုတာ ၂၁ ရာစုမှာ စီးပွားရေးတစ်ခုကို အားဖြည့်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။Data ကို ဂရုမစိုက်တဲ့ အဖွဲ့အစည်းများအနေနဲ့ သူ့တို့ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့လာနိုင်ပါတယ်။Data တွေရဲ့ သက်ရောက်မှုတွေကို ကာကွယ်ဖို့ company တွေက ...

Workplace Success Workplace Skill Personal Upgrade
24 Dec 2019
How to cultivate Self Awareness | Read more blogs at New Day Jobs

How to cultivate Self Awareness

[Unicode]မိမိကိုယ်ကိုယ်သိဖို့ လုပ်ဆောင်ရမယ့်နည်းလမ်းများလူတချို့က သူတို့ကိုယ်သူတို့ ဘယ်လိုလူမျိုးဖြစ်တယ်၊ ဘာတွေကို သူတို့တွေ အောင်မြင်အောင် လုပ်ကိုင်နိုင်တယ်ဆိုတာကို ပြည့်ပြည့်၀၀မသိဘဲ ဘဝကိုဖြတ်သန်းသွားကြပါတယ်။ မိမိကိုယ်ကိုယ် သိတာက ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းမွန်အောင်စီမံခန့်ခွဲဖို့နဲ့ လူအများနဲ့ အဆင်ပြေပြေဆက်သွယ် နိုင်ဖို့အတွက် အခြေခံဖြစ်ပါတယ်။ “ခံစားချက်တစ်ခုကို ဖြစ်ပျက်တဲ့အတိုင်း သိမြင်တာ၊ တစ်နည်းပြောရရင် မိမိကိုယ်ကိုယ် သိတာက စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်အတွက် အဓိကအုတ်မြစ်ဖြစ်တယ်” လို့ Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်) ထဲမှာ Daniel Goleman က ရေးသားခဲ့ပါတယ်။ကိုယ်က ဘယ်လိုလူမျိုးဖြစ်တယ်၊ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်၊ အကျင့်တွေ၊ စိတ်ခံစားမှုတွေ၊ အပြုအမူတွေနဲ့ ကိုယ် တန်ဖိုးထားတဲ့အရာတွေပေါ်မှာ ပြည့်ပြည့်၀၀သိရှိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအရာတွေက ကိုယ့်ရဲ့တုံ့ပြန်ချက်တွေကို ဖြစ်စေတယ်ဆိုတာကို သိရမယ်။ လူတော်တော် များများက ကိုယ့်အကြောင်းကို ကောင်းကောင်းသိတယ်လို့ ယူဆကြတယ်။ အမှန်တကယ်ကတော့ ကိုယ့်အကြောင်းနဲ့ပတ်သက်ပြီး ခက်ခဲတဲ့အမှန်တရားတွေကို ရိုးရိုးသားသား သိရှိပြီး လုပ်ကိုင်ဖို့ဖြစ်ပါ တယ်။ မိမိကိုယ်ကိုယ်သိနိုင်မယ့်နည်းလမ်းတွေကို Wynee က အောက်မှာဖော်ပြပေးလိုက်ပါတယ်။စာရင်းပြုစုပါအားသာချက်တွေနဲ့ အားနည်းချက်တွေအပါအဝင် ကိုယ့်အကြောင်းကို ဖော်ညွှန်းပြသနိုင်တဲ့စကားလုံး တွေ၊ စကားစုတွေကို စာရင်းပြုစုကြည့်ပါ။ မြန်မြန်လုပ်ကြည့်ပြီး ဘေးမှာချထားလိုက်ပါ။ ရက်အနည်း ငယ်ကြာတဲ့အချိန်မှာ အဲဒီစာရင်းထဲက ကိုယ့်ရဲ့စရိုက်တွေကို ဖျက်ချင်တာဖျက်၊ ထပ်ထည့်ချင်တာ ထပ်ထည့်ပါ။ ပြီးတော့ ကိုယ်နဲ့ ပုံမှန်အဆက်အသွယ်ရှိတဲ့ ဥပမာ-မိဘ၊ သူငယ်ချင်းနဲ့ လုပ်ဖော် ကိုင်ဖက် (ကိုယ်နဲ့ သက်တူရွယ်တူတွေနဲ့ အထက်လူကြီးနှစ်ယောက်လုံးဆိုရင် ကောင်းပါတယ်) တွေထဲက သုံးယောက်စီနဲ့ အနည်းဆုံးလူ ၉ ယောက် ကိုလည်း အလားတူလုပ်ခိုင်းကြည့်ပါ။ ဘယ် အရာတွေက ထပ်နေလဲ၊ ဘယ်အရာတွေက အံ့သြစရာကောင်းနေလဲဆိုတာ သိရအောင် သူတို့ရဲ့ စာရင်းနဲ့ ကိုယ့်ရဲ့စာရင်းကို နှိုင်းယှဉ်ကြည့်ပါ။စာရင်းနှစ်ခုကို ပေါင်းပါ(က) ကိုယ့်စာရင်းထဲမှာပါနေပြီး တခြားသူတွေဖော်ပြထားတဲ့ အလားတူတဲ့ စရိုက်တွေထဲကတစ်ခုဖြစ်ပြီး (ခ) ကိုယ့်စာရင်းထဲမှာမပါတဲ့ တခြားသူတွေဖော်ပြထားတဲ့စရိုက်တွေပါ။ ပထမတစ်ခုက ကိုယ့်အကြောင်းကို သိနေတယ်ဆိုတာရဲ့ အတည်ပြုချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာတော့ ကိုယ့်အကြောင်းကို ကိုယ် မသိတဲ့၊ ဒါမှမဟုတ် လက်မခံချင်တဲ့ ေ၀ဝါးနေတဲ့အချက်တွေပါဝင်နိုင် ပါတယ်။ ကိုယ့်ရဲ့ အပြုအမူပေါ် တခြားသူတွေရှုမြင်ပုံကို အခြေခံထားတဲ့အတွက် အဲဒီရှုမြင်ချက်တွေအားလုံးကို  ဆီလျော်မှုရှိတယ်လို့ လက်ခံနိုင်အောင်ကြိုးစားပါ။သုံးသပ်ပါ၊ ရေးပါတစ်ပတ်တာအတွင်းက ကိစ္စရပ်တွေနဲ့ အဖြစ်အပျက်တွေမှာ ကိုယ်ပြုမူခဲ့တဲ့၊ တုံ့ပြန်ခဲ့တဲ့ အရာတွေအပေါ် သုံးသပ်နိုင်ဖို့ စနေ၊တနင်္ဂနွေထဲက တစ်ရက်ရက်မှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ရှာပါ။ ဥပမာ-အလုပ်မှာ ပြဿနာဖြစ်တဲ့ မှတ်မှတ်ရရဖြစ်ရတဲ့နေ့တွေမှာ ဒါကို အဲဒီနေ့ရဲ့ အဆုံးမှာ လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကိုယ့်ရဲ့စိတ်ထဲမှာ မှတ်မိနေအုံးမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ။ အဲဒီထဲမှာပါတဲ့ တခြားသူတွေနဲ့ သူတို့တွေရဲ့ပြုမူပုံတွေကို အာရုံမစိုက်ပါနဲ့။ ကိုယ့်ရဲ့တုံ့ပြန်ချက်တွေကို ဖြစ်စေတဲ့အရာတွေကို စဉ်းစားပါ။ စာရင်းနှစ်ခုပေါ်မှာ ပြန်ပြီးသုံးသပ်ပါ။ စာရင်း (က) မှာ ပြုပြင်ဖို့လိုတာတွေရှိမရှိကြည့်ပါ။ စာရင်း(က)မှာ ကိုယ့်ရဲ့စရိုက်တွေရဲ့နောက်ကွယ်က အကြောင်းရင်းတွေ ထပ်ထည့်ပြီး နေ့စဉ်မှတ်တမ်းရေးပါ။သတိရှိမှုကို အလေ့အကျင့်လုပ်ပါဒါက အခက်ခဲဆုံးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်နားလည်မှုနဲ့ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုနဲ့ ဆက်ဆံရေးတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် သက်ရောက်မှုအရှိဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေ၊ တုံ့ပြန်ချက်တွေကို ကိုယ့်ရဲ့အပြုအမူ (မျက်နှာထား၊ အသံ) တွေပေါ်မှာ သက်ရောက်မှုမရှိခင် သူတို့ဖြစ်ပေါ်လာတဲ့အတိုင်း သတိရှိတာက ရေရှည်လုပ်ရမယ့် အရာဖြစ်ပါတယ်။ လမ်းလျှောက်ရင်း၊ ရေချိုးရင်း၊ စားရင်း စတဲ့နိစ္စဓူဝတာဝန်တွေလုပ်ဆောင်ရင်း ရိုးရိုးလေး သတိထားပြီးအသက်ရှူခြင်း (သတိကပ်ပြီး တရားထိုင်ခြင်း)ကို စတင်လေ့ကျင့်မယ်ဆိုရင် သတိရှိမှုကို တိုးတက်လာမှာဖြစ်ပါတယ်။ ဒီအလေ့အကျင့်က ပုံမှန်ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့သတိရှိမှုက ကိုယ့်ရဲ့စိတ်အခြေအနေကို တစ်သမတည်းသိရှိသွားစေပြီး ကိုယ့်အကြောင်းကို နားလည်မှုကလည်း နက်နဲလာမှာပါ။ တစ်နေ့ ငါးမိနစ်စသဖြင့် နည်းနည်းချင်း စလုပ်ကြည့်ပါ။ သက်သောင့်သက်သာပိုဖြစ်လာတဲ့အချိန်မှာ “ထိုင်”တဲ့အချိန်ကို တိုးကြည့်ပါ။ အရာရာတိုင်းကို သတိရှိရှိလုပ်ဆောင်ရင်း ကိုယ့်ကိုယ်ကိုယ်သိမှုက အလေ့အကျင့်ကနေ ရရှိလာမှာဖြစ်ပါတယ်။သတိကပ်ပြီး တရားထိုင်ခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဆရာတွေရှိကြပေမယ့် ကိုယ်တိုင်က အမြဲတမ်း ရိုးရိုးလေးသတိထားပြီး စူးစူးစိုက်စိုက်နဲ့ အသက်ရှူမှုကို အလေ့အကျင့်လုပ်ဖို့လိုအပ်ပါ တယ်။ အချိန်ကြာလာတာနဲ့အမျှ “တိုးတက်လာတဲ့ခံစားချက်ကို အမှန်တကယ် သိရှိပြီး ကိုယ့်ကိုယ်ကိုယ် နက်နက်နဲနဲ နားလည်လာပြီး အသိအမှတ်ပြုလာမှာဖြစ်ပါတယ်။ကိုယ့်ကိုယ့်ကိုယ်နားလည်တာက ကိုယ့်ကိုယ်ကိုယ် ပုဂ္ဂိုလ်ရေးအရရော၊ လုပ်ငန်းသဘောအရပါ တိုးတက်လာဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ပိုပြီးသိရှိလာဖို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ခင်စန္ဒီလွင်သည် အာရှ၊ အာဖရိကနဲ့ West Indies စသည့်နိုင်ငံများတွင် အလုပ်လုပ်ကိုင်ပြီး ကုလသမဂ္ဂတွင် နှစ်သုံးဆယ်ကြာ စီမံခန့်ခွဲမှုအတွေ့အကြုံတွေအပေါ် အခြေခံထားသော Professional Development တွေကို အထောက်အပံ့ပေးနေပြီး ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာသင်တန်းဆရာမတစ်ဦးဖြစ်ပါသည်။ ...

Personal Upgrade
14 Aug 2019
You will receive the email for your email confirmation. Please check!