How To Keep Yourself Motivated
Nanda Win MyintDigital Marketing Executiveဘယ်လောက်တော်တဲ့ သူပဲဖြစ်ဖြစ် စိတ်ဓာတ်ကျတဲ့အချိန် ဘာဆိုဘာမှ မလုပ်ချင်တဲ့ အချိန်တွေရှိတတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ ကိုစိတ်ဓာတ်ကျစေတဲ့ အကြောင်းအရာတွေ ကတော့ အလုပ်ကိစ္စ အဆင်မပြေတာ၊ စာမေးပွဲကျတာ၊ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ၊ အသဲကွဲတာတို့ စတဲ့ အရာတွေဟာ ကျွန်တော်တို့ကို နေ့စဉ်လုပ်ရမဲ့ အရာတွေကို မလုပ်နိုင်တော့ လောက်အောင်ကို စိတ်ဓာတ်ကျသွားစေနိုင်ပါတယ်။၁. ရည်မှန်းချက်သေချာချပါအကယ်၍သင့်မှာ ရည်မှန်းချက်မရှိသေးရင် အနည်းဆုံး ၂ ခု ၃ ခု လောက်ကို စဉ်းစားလိုက်ပါ။ဥပမာ- ၁လအတွင်းလုပ်မှာ ၁ ခု၊ ၅ လအတွင်း လုပ်မှာ ၁ခု၊ ၁ နှစ်အတွင်း လုပ်မှ တစ်ခု အသည်ဖြင့် သင်ကြိုက်သလို ချမှတ်နိုင်ပါတယ်။သင်ရဲ့ လုပ်ရမဲ့အလုပ်ကို သင်စိတ်မပါတော့တဲ့ အခါ သင်ရည်မှန်းချက်ဖြစ်လာဖို့အတွက် သင်အခုမလုပ်ချင်၊ စိတ်မပါတဲ့ အလုပ်ကိုလုပ်ဖို့လိုအပ်တာကို သတိရပါ။အဲလိုသတိရဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်ရည်မှန်းချက်တွေကိုချရေးပြီးတော့ သင်နေ့တိုင်း ကြည့်နေကျနေရာ တွေမှာ ကပ်ထားလိုက်ပါ။၂. အစားအသောက်ဌက်ပျောသီး၊ လက်ဖက်စိမ်းဖျော်ရည်၊ဘယ်ရီသီး၊ ချောကလက်၊ မြေပဲအစရှိတဲ့ အစားအသောက်တွေကလည်း သင့်ရဲ့ စိတ်ခံစားချက်တွေကို မြှင့်တင်ပေးနိုင်တဲ့အတွက် သင်ရဲ့နေ့စဉ် အစားအသောက်စာရင်းထဲမှာ အထက်ဖော်ပြပါထဲက တစ်ခုခုပါအောင် စားသင့်ပါတယ်။၃. လေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင့်ရဲ့ ခန္ဓာကိုယ်မှသင့်ကို စိတ်ခံစားချက်ကောင်းမွန်စေတဲ့ dopamine, endorphin, serotonin အစရှိတဲ့ ဟော်မုန်းဓာတ်တွေထုတ်ပေးပါတယ်။ ဒါကြောင့်သင့်ရဲ့ ရည်မှန်းချက်တွေဖြစ်လာဖို့အတွက် သင့်ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။၄.သီချင်းနားထောင်ခြင်းသီချင်းနားထောင်တာက လည်းသင့်ကို စိတ်သက်သာရာ ရစေပါတယ်။ ဒါပေမယ့်ကိုယ့်ကို စိတ်သက်သာရာ ရစေပြီး ပျော်ရွှင်စေမယ့် သီချင်းလေးတွေဖြစ်ဖို့တော့ လိုပါတယ်။၅.သင့်ရဲ့ နေထိုင်မှုပုံစံသင့်ရဲ့ တစ်နေ့တာ နေထိုင်မှုပုံစံကလည်း သင့်ရဲ့ စိတ်အခြေအနေကို အကျိုးသက်ရောက်ပါတယ်။ သင်နေ့တိုင်းနောက်ကျမှ အိပ်ပြီး မနက်ကို အလုပ်သွားဖို့အတွက် ကမန်းကတန်းထပြီး မနက်စာတောင်မစားရပဲသွားရတာ ကြာလာရင် သင်အနေနဲ့ မပျော်ရွှင် ဖြစ်လာပါလိမ့်မယ်။ သင်အနေနဲ့ သင့်ရဲ့အိပ်ချိန်ကို သေချာစီမံဖို့လိုအပ်ပြီး မနက်ကို အလုပ်မသွားခင် မနက်စာကို စားဖြစ်အောင်စားပြီးတော့ အလုပ်မသွားခင် သင့်ကို စိတ်ဓာတ်တက်ကြွစေမယ့် စာလေးဖတ်သွားခြင်းဖြင့် သင့်ရဲ့တစ်နေ့တာအစမှာ စိတ်ခံစားချက်ကို မြှင့်တင်နိုင်ပါတယ်။၆.ဘာလို့ရည်မှန်းချက်တွေဖြစ်အောင်လုပ်ရမှာလဲကိုယ်ဘာလို့ ဒီရည်မှန်းချက်တွေချရတာလဲ ရဲ့ နောက်မှာ အကြောင်းပြချက်တွေ အများကြီးရှိနေပါတယ်၊ သင့်မှာလဲရှိနေမှာပါ အဲဒီ အချက်တွေကလည်း သင့်ကို တစ်နေ့တစ်နေ့ ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ဖို့ အတွက် ခွန်အားတွေပေးနေမှာဖြစ်တဲ့အတွက် စိတ်ဓာတ်ကျတဲ့ အချိန်တိုင်း အဲဒါလေးတွေကို စဉ်းစားလိုက်ပါ။New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာ တစ်နေရာတည်းမှာ ရှာဖွေ တွေ့နိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များ လျှောက်ချင်တယ်ဆိုရင်တော့ New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။