Career blogs-Learning | New Day Jobs

Blog

Blog Workplace Skill
How To Evaluate Yourself Effectively | Read more blogs at New Day Jobs

How To Evaluate Yourself Effectively

ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း ဘယ်လိုသုံးသပ်မလဲ?ကိုယ့်ကိုယ်ကိုယ် သိတယ်ဆိုတာက ကိုယ့်ရဲ့ အဓိကအကြောင်းဖြစ်တဲ့ ကိုယ့်ရဲ့ တန်ဖိုးတွေ ယုံကြည်ချက်တွေ အပြုအမူတွေနဲ့ စိတ်သဘောထားတွေကို သိတာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သိနေဖို့ဆိုတာလည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိအောင်လုပ်တယ်ဆိုတာက ကိုယ့်ရဲ့ ယုံကြည်ချက်တွေ စိတ်နေသဘောထားတွေ အမူအကျင့်တွေ တုံပြန်မှုတွေနဲ့ ပတ်သတ်ပြီး သိအောင်လုပ်တာပါ။ အဲ့ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သုံးသတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။၁။ ကိုယ့်ရဲ့ အတွေးတွေကို သိနားလည်ပါကိုယ့်ရဲ့ အတွေး၊ ထင်မြင်ယူဆချက်တွေက ကိုယ့်ဘဝအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အဲ့ဒီအတွေးတွေ ထင်မြင်ယူဆချက်တွေကနေ ခံစားချက်တွေ စိတ်နေသဘောထားတွေနဲ့ အခြေအနေတွေပေါ် နားလည်ပုံတွေကွဲပြားသွားနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေးတွေ ပြန်မေးကြည့်လိုက်ပါ။ ကိုယ့်ရဲ့ အတွေးအခေါ်တွေက အဆိုးဘက်ရောက်နေလား? ကိုယ်က မလုပ်နိုင်လောက်ဘူးလို့ပဲ တွေးနေမိလား? အမြဲတမ်း တစ်ခုခုမှားတော့မယ်လို့ပဲ ထင်နေမိလား?၂။ ခံစားချက်ကို သိပါခံစားချက်တွေကနေ ကိုယ်ကဘယ်သူလဲ ဒီလိုအခြေအနေမျိုးမှာ ကိုယ်က ဘာလို့ ဒီလိုမျိုး ပြုမူတာလဲဆိုတာကို သိနိုင်လာပါတယ်။ ကိုယ်က ပြောဆိုနေတဲ့ အကြောင်းအရာပေါ်မှာ ဘယ်လိုပြုမူတယ် ဘယ်လိုအသံအနေအထားနဲ့ ပြောဆိုတယ် ဘယ်လိုမျက်နှာအမူအယာနဲ့ ဘယ်လိုကိုယ်ဟန်အမူအယာရှိနေတယ်ဆိုတာကနေ ကိုယ်ရဲ့ ခံစားချက်ကို သိရှိနိုင်ပါတယ်။ကိုယ်က ဘယ်လိုမျိုး ခံစားနေရပြီး ဘာဖြစ်လို့ ဒီလိုမျိုးခံစားနေရတယ်ဆိုတာကို စဉ်းစားလိုက်ပါ။ ကိုယ့်ရဲ့ ခံစားချက်က ဘယ်လိုရှိနေလဲဆိုတာကို ကိုယ့်ရဲ့ ပြောဆိုပြုမူပုံတွေပေါ်မူတည်ပြီး သုံးသတ်လို့ရပါတယ်။ ကိုယ့်ရဲ့ ခံစားချက်ပေါ်လိုက်ပြီါ် ထင်မြင်ချက်တွေကလည်း ပြောင်းလဲသွားတတ်ပါတယ်။ကိုယ်က တစ်စုံတစ်ခုကို ကြည့်လိုက်တဲ့အခါ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမှာ ထင်မြင်ချက်တွေ အတွေးထဲရောက်လာတတ်ပါတယ်။ တခါတစ်လေကျရင် ကိုယ်မြင်တွေ့လိုက်ရတာပေါ်မူတည်ပြီးဖြစ်လာတဲ့ ထင်မြင်ချက်ကနေ မှားယွင်းတဲ့ သုံးသတ်ချက်တွေလည်းဖြစ်သွားတတ်ပါတယ်။၃။ ဒိုင်ယာရီရေးပါကိုယ့်ရဲ့ တစ်နေ့တာအကြောင်းကို ဒိုင်ယာရီလိုမျိုး စာအုပ်ထဲမှာ ရေးတယ်ဆိုတာက ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာရယ် ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ပင်ပန်းမှုတွေနဲ့ အခွင့်အရေးတွေကို ကိုယ်က သေချာသိနားလည်သွားနိုင်တယ်လေ။ ကိုယ့်ရဲ့ ဘဝအကြောင်းကို ရေးတာကနေ ကိုယ်သတိမထားမိလိုက်တဲ့ ကိစ္စတွေ အတွေ့အကြုံတွေကို သိလာနိုင်ပြီး အဲ့ဒီအကြောင်းအရာတွေက ကိုယ့်ဘဝပေါ်ကို ဘယ်လိုမျိုး သက်ရောက်စေတယ်ဆိုတာကိုလည်း သိလာနိုင်ပါတယ်။၄။ ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်လည် သုံးသပ်ပါကိုယ့်ရဲ့ တစ်နေ့တာအကြောင်းကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးထားတာလေးတွေကို ပြန်ဖတ်ကြည့်ကြည့်လိုက်ပါ။ အဲ့ဒီလိုပြန်ဖတ်လိုက်တဲ့အခါမှာ ကိုယ်က ဘယ်လိုအရာတွေမှာ အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်နဲ့ ဘယ်အရာတွေကို ပြီးမြောက်အောင် မလုပ်နိုင်သေးဘူးဆိုတာတွေကို သိရှိလာနိုင်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ တစ်နေ့တာ ပန်းတိုင်ကို ရောက်နိုင်ခဲ့လား ရောက်ဖို့အတွက် ဘယ်လောက်လိုခဲ့လဲဆိုတာကိုလည်း ပြန်လည် သုံးသပ်နိုင်တယ်လေ။၅။ ကိုယ်အဓိကထားတဲ့အချက်ကို သိပါကိုယ်က ဘာကိုတန်ဖိုးထားတယ်ဆိုတာကို သိရင် ကိုယ့်ရဲ့အဓိကပန်းတိုင်ကို သိနိုင်ပါတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာအများစုက ကိုယ့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ ပြောင်းလဲမှုတွေကနေ ရရှိခဲ့တာပါ။ တစ်ခါတစ်လေကျရင် ကိုယ်တန်ဖိုးထားတဲ့အရာက ဘာမှန်းမသိဖြစ်တတ်ပါတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာဆိုတာက ဘဝမှာ ကိုယ်ရွေးချယ်လိုက်တဲ့အရာတွေနဲ့ ယုံကြည်ချက်တွေပါပဲ။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို သိနားလည်လာတာနဲ့အမျှ ကိုယ်က ဘယ်သူလဲ ကိုယ့်အတွက် ဘယ်အရာတွေက အရေးပါလဲဆိုတာကို သိလာနိုင်ပါတယ်။ အဲ့ဒီတန်ဖိုးထားတဲ့အရာတွေကနေ ကိုယ်လျှောက်လှမ်းချင်တဲ့ ပန်းတိုင်ကို စဉ်းစားပြီး ကိုယ်ဘယ်လောက်အထိရောက်အောင် လုပ်နိုင်တယ်ဆိုတာကို သုံးသပ်လို့ရပါတယ်။၆။ အချိန်ပေးဖို့လိုအပ်တာကို သတိရပါကိုယ်က ဘယ်လိုလူမျိုးဆိုတာကို သုံးသပ်ပြီးနားလည်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ပြုမူတဲ့ပေါ်မူတည်ပြီး အနာဂတ်ဘဝက ပြောင်းလဲသွားနိုင်တယ်လေ။ အဲ့ဒီလိုမျိုး နားလည်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တော့မယ်ဆိုရင် အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကို မမေ့ပါနဲ့။ အချိန်ပေးတော့မှ ကိုယ်က သေချာစဉ်းစားပြီး သုံးသပ်နိုင်မှာလေ။ အဲ့ဒီလိုသုံးသပ်နိုင်တော့မှလဲ ကိုယ့်ရဲ့ ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာ တစ်နေရာတည်းမှာ ရှာဖွေ တွေ့နိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များ လျှောက်ချင်တယ်ဆိုရင်တော့ New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။

Workplace Success Workplace Skill Personal Upgrade
14 Jul 2020
Easy Stretching Exercises At Your Desk | Read more blogs at New Day Jobs

Easy Stretching Exercises At Your Desk

Khai Deih NeamDigital Marketing ExecutiveWork From Home လုပ်နေရပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့သူတွေနဲ့ အလုပ်စားပွဲကနေ ထိုင်ရာက မထပဲ အလုပ်လုပ်နေရတဲ့သူတွေအတွက် လွယ်ကူပြီး ကိုယ့်ရဲ့ စားပွဲမှာပဲ လုပ်လို့ရတဲ့ streching လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးချင်ပါတယ်။1. Neck StretchNeck stretch ကတော့ နာရီပေါင်းများစွာ အလုပ်လုပ်လို့ တင်းနေတဲ့ သင်ရဲ့ ပုခုံးနဲ့ လည်ပင်းက အကြောတွေကို ဖြေလျော့သွားစေမယ့် အကြောလျော့နည်းတစ်မျိုးဖြစ်ပါတယ်။ လည်ပင်းအကြောလျောတဲ့အခါ ခုံတစ်လုံးမှာ မတ်မတ်ထိုင်ပါ။သင့်ခြေထောက်နှစ်ချောင်းလုံးကို ကြမ်းပြင်နဲ့ ညီအောင်ထားပါ။စပြီး အသက်ကို ရှုသွင်း ရှုထုတ်ပြုလုပ်ပါ။ပြီးရင် သင့်ခေါင်းကို စောင်းပြီး တစ်ဖက်မှ တစ်ဖက်ကို ဖြေညင်းစွာ လှည့်ပေးပါ။လှည့်တဲ့အခါမှာ သင့်ခနာကိုယ်ပေါ်က မလိုလားအပ်တဲ့ ဖိအားတွေကို ထိန်းချုပ်ထားပါ။သင့်လိုအပ်သလောက် အကြောလျေ့ာခြင်းကို ပြုလုပ်နိုင်ပါတယ်။2. Side Stretchဒီလေ့ကျင့်ခန်းကတော့ သင့်ကို နောက်ကျောနဲ့ခါး နာကျင်ခြင်းတွေနဲ့ တင်းမာခြင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။အလုပ်လုပ်လို့ ထိုင်ခုံမှာ ထိုင်ပြီး လုပ်လို့ရတဲ့အကောင်းဆုံး လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး လက်မောင်းတွေကို သင့်ခေါင်းအပေါ်မှာ မြှောက်ထားပါ။ဝင်လေ ထွက်လေကို ရှုပြီး မြှောက်ထားတဲ့ သင့်လက်တွေကို တူတူပူးကပ်လိုက်ပါ။ပြီးရင် သင့်ပုခုံးတွေကို ဘေးကို စောင်းပါ။ပုခုံးတွေကို အနည်းဆုံး စက္ကန့် ၂၀ သို့မဟုတ် ၃၀ အကြောလျော့သင့်ပါတယ်။3. Upper Back ...

Workplace Skill
24 Apr 2020
How To Overcome Fear At Work | Read more blogs at New Day Jobs

How To Overcome Fear At Work

Khai Deih NeamDigital Marketing Executiveအလုပ်မှာ ကြောက်ရွံ့မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ? ကြောက်ရွံ့မှုဆိုတာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေကို တုံ့ပြန်တာပါ။ အဲ့ဒီလို တုံ့ပြန်မှုက ကိုယ့်ကို သတိရှိစေပြီး အန္တရာယ်ကင်းစေပါတယ်။ ဒါပေမယ့် အန္တရာယ်တွေကို တွေးပြီး ကြောက်ရွံ့မှုတွေ အရမ်းများသွားတဲ့အခါ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဖိစီးမှုတွေအရမ်းများလာနိုင်ပြီး အလုပ်လုပ်နိုင်စွမ်းတွေ လျော့ကျသွားနိုင်ပါတယ်။ကြောက်ရွံ့တွေကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးမယ်နော်။(၁) ကြောက်ရွံ့မှုကိုနားလည်ပြီး ထွေးပွေ့လိုက်ပါကြောက်ရွံ့မှုတွေက ကိုယ့်ကို အန္တရာယ်ကင်းစေဖို့အတွက် တည်ရှိနေတာပါ။ အဲ့ဒါက အရမ်းကြီးဆိုးတာလည်းမဟုတ်သလို အရမ်းကြီးကောင်းတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက် ချဖို့အတွက်ကတော့ အရေးကြီးပါတယ်။ ကိုယ် ကြောက်ရွံ့နေတဲ့အရာတွေကို နားလည်သွားရင် ကိုယ်လိုအပ်နေတာနဲ့ လိုချင်နေတာကို လုပ်ဆောင်နိုင်ဖို့ အကူအညီဖြစ်ပါတယ်။ ကြောက်ရွံ့မှုကို နည်းလမ်းအနေနဲ့ ထွေးပွေ့ထားလိုက်ပြီး လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ တစ်ခါတစ်လေကျရင် ကြောက်ရွံ့မှုတွေက ကိုယ်လုပ်ဆောင်နိုင်ဖို့ အားအင်တွေလည်း ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ထုတ်ဖော်ပြောလိုက်တာတို့ ချရေးတာတို့လုပ်ပြီး ပိုကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို စဉ်းစားလိုက်ပါ။ ကိုယ်က ကြောက်ရွံ့မှုတွေကို စိတ်ထဲ ထိန်းချုပ်ထားရင် ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ ကိုယ်က ကြောက်ရွံ့မှုတွေကို ရင်ဆိုင်လိုက်ရင်တော့ အဲ့ဒါတွေက သေးငယ်ပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။(၂) ပိုမိုသိနားလည်အောင်လုပ်ပါကိုယ်က ဘာမှမသိဘူးလို့ထင်ပြီးကြောက်နေရင် ဘာမှဖြစ်မလာနိုင်ပါဘူး။ ကိုယ်က လုပ်ရမယ့်အလုပ်နဲ့ပတ်သတ်ပြီး သိပ်နားမလည်ဘူးဆိုပြီး ကြောက်နေမယ့်အစား ကိုယ်သိချင်တဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာတာတို့ တခြားသူတွေကို မေးမြန်းပြီး လေ့လာသင်ယူတာတို့ လုပ်သင့်ပါတယ်။(၃) လုပ်ဖော်ကိုင်ဖက်တွေရဲ့ တွန်းအားပေးမှုကို အသုံးချပါသူငယ်ချင်းတွေက တွန်းအားပေးတာကြောင့် ကြောက်စရာကောင်းတဲ့အရာမျိုးတွေဖြစ်တဲ့ အမြင့်ကနေ ခုန်ချတာတို့ လေထီးခုန်တာတို့ ရေအောက်ငုပ်တာတို့ လုပ်ဖူးပါသလား? တစ်ခါတစ်လေကျရင် ကိုယ်က ကြောက်နေပေမယ့် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေရဲ့ တွန်းအားပေးမှုကြောင့် ကြောက်နေတဲ့စိတ်ကနေ လုပ်ချင်စိတ်ဖြစ်ပေါ်လာပြီး လုပ်ကိုင်သွားနိုင်တာမျိုးရှိပါတယ်။ အဲ့ဒီလိုမျိုး ကိုယ်ကို သတ္တိရှိအောင် လုပ်ကိုင်နိုင်အောင် တွန်းအားပေးနိုင်မယ့် လုပ်ဖော်ကိုင်ဖက်မျိုးနဲ့ ရှိနေတာကလည်း ကိုယ့်အတွက် အထောက်အကူဖြစ်ပါတယ်။(၄) အကူအညီယူပါကိုယ်က တစ်ယောက်တည်းလုပ်ကိုင်ရမှာမို့လို့ ကြောက်နေတာလား? အားကစားသမားတွေမှာ နည်းပြတွေရှိသလို ကျောင်းသားတွေမှာ ဆရာ၊ဆရာမတွေရှိသလိုပဲ ကိုယ့်ကို ဦးဆောင်လမ်းပြလုပ်ပေးနိုင်ပြီး ကူညီပေးနိုင်မယ့်သူကိုရှာဖွေကြည့်လိုက်ပါ။ တစ်ခါတစ်လေကျရင် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အကူအညီရနိုင်သလို အထက်လူကြီးဆီကနေလည်း နည်းလမ်းလေးတွေရနိုင်ပါတယ်။ အကယ်၍ သူတို့တွေက ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မကြုံတွေ့ဖူးဘူးဆိုရင်တောင် ကိုယ့်ကြောက်ရွံ့မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။(၅) အကောင်းမြင်စိတ်ထားပါကိုယ်က လုပ်ကိုင်ရမယ့်အရာကို ကြောက်နေတယ်ဆိုရင် ထင်ထားသလောက်အောင်မြင်မှုမရနိုင်ပါဘူး။ ကိုယ်က စတင်မလုပ်ခင်မှာ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတာမျိုးကို တွေးနေတာမျိုးမလုပ်ပဲနဲ့ ကိုယ်လုပ်ကိုင်နိုင်မယ့် နည်းလမ်းလေးတွေကို စဉ်းစားလိုက်ပါ။ အဲ့ဒီလိုမစဉ်းစားခင်မှာ ကိုယ့်စိတ်ကို အကောင်းမြင်စိတ်ဖြစ်အောင် အရင်ပြောင်းလဲလိုက်ပါ။ အကောင်းမြင်စိတ်ရှိတဲ့သူတွေက အောင်မြင်နိုင်ချေပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေက လက်လျော့အရှုံးပေးလိုက်တဲ့အချိန်မှာ သူတို့တွေက လုပ်နိုင်တယ်လို့ပဲ တွေးထားပြီး ကြိုးစားနေကြတဲ့အတွက်ဖြစ်ပါတယ်။(၆) အကြောင်းအရင်းကို ရှာပါတစ်ခါတစ်လေကျရင် ကိုယ်လုပ်ကိုင်တာ အဆင်မပြေဖြစ်တဲ့အခါ မအောင်မြင်တဲ့အခါ လက်လျော့ချင်တဲ့စိတ်မျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က အဲ့ဒီလိုဖြစ်တဲ့အခါ လက်မလျော့ပဲနဲ့ သေချာကြိုးစားကြည့်သင့်ပါတယ်။ “ပထမဆုံးအကြိမ်မအောင်မြင်ရင် ကြိုးစားပြီးရင်း ကြိုးစားပါ” ဆိုတဲ့စကားရှိပါတယ်။ ဒါပေမယ့် “လုပ်တဲ့အရာကို အဲ့ဒီအတိုင်း ထပ်ခါတလဲလဲလုပ်နေပြီး မတူညီတဲ့ ရလဒ်ကို မျှော်မှန်းတာက ရူးသွပ်တာ” ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။ ကိုယ်လုပ်တဲ့အရာက မအောင်မြင်လို့ တခြားအရာလုပ်ရမှာ ကြောက်ရွံ့နေတယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာက ကိုယ်လုပ်ခဲ့တဲ့အရာက ဘယ်အချက်ကြောင့်မအောင်မြင်ရတာလဲဆိုတာကို အရင်သိအောင်လုပ်ပါ။ အဲ့ဒါပြီးတော့မှ ကိုယ်လုပ်မယ့်အရာကို ဘယ်လိုမျိုးကောင်းအောင်လုပ်မလဲဆိုပြီး စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ်။New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ website ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်များကို New Day Jobs မှာ ရှာဖွေလိုက်ပါ။

Workplace Success Workplace Skill
24 Apr 2020
How To Upgrade Your Problem Solving Skill | Read more blogs at New Day Jobs

How To Upgrade Your Problem Solving Skill

Thant Thandar SoeDigital Marketing Executiveကျွန်တော်တို့ နေ့စဉ် ဘဝအတွက် လိုအပ်တဲ့အရည်အချင်းတစ်ခုဖြစ်သလို၊ လုပ်ငန်းခွင်မှာလည်း အရေးကြီးတဲ့အရည်အချင်း တွေထဲကတစ်ခု အပါအဝင်ဖြစ်ပါတယ်။တချို့သူတွေက မွေးရာပါ Problem solving skill ကောင်းတဲ့သူတွေရှိ သလို၊ Problem solving အားနည်းတဲ့ သူတွေဟာလဲ လေ့ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့ Problem solving skill ကိုတိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။၁. အိပ်ချိန်ကို သတ်မှတ်ပြီးပြည့်ဝအောင်အိပ်ပါ။အိပ်ချိန် နည်းနည်းပဲအိပ်တာနဲ့ အိပ်ချိန်များတာတို့ကသင့်ရဲ့ စဉ်စားနိုင်စွမ်းနဲ့ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်ရဲ့အိပ်ချိန်ဟာ တစ်နေ့ကို 7နာရီ မှ 8 နာရီ အကြားလိုအပ်ပါတယ်။၂. Logical ကျကျစဉ်းစားရတဲ့ Game တွေကစားပါ။Chess, ...

Workplace Skill
13 Mar 2020
Top 5 Cafés To Work Near Sule | Read more blogs at New Day Jobs

Top 5 Cafés To Work Near Sule

Thein Htike AungDigital Marketing Managerရန်ကုန်မြို့ထဲမှာ အေးအေးဆေးဆေး အလုပ်လုပ်ဖို့၊ မီတင်တွေ့ဆုံဖို့ အတွက် နေရာကောင်းကောင်း လိုက်ရှာရတာလည်း အမောပါပဲ။ ဒါကြောင့် New Day Jobs ကနေ အေးအေးဆေးဆေး အလုပ် လုပ်လို့ရမယ်၊ မီတင်တွေအတွက်လည်း အဆင်ပြေပြီး ကော်ဖီကောင်းကောင်းရနိုင်မဲ့ ဆူးလေအနီးတဝိုက်ရှိ ကော်ဖီီီီီီဆိုင်နေရာလေးတွေကို စုစည်းပေးလိုက်ပါတယ်။Kafe in TownPhoto: Kafe In Townဒီကော်ဖီဆိုင်လေးကတော့ လူငယ်ဆန်ဆန်၊ Modern Classic အသွင်ပုံစံဖြစ်ပြီး၊ လန်းဆန်းစေတဲ့ အပြင်အဆင်တွေကြောင့် အလုပ်လုပ်ဖို့ အရမ်းကိုအဆင်ပြေပါတယ်။ အစားအသောက်၊ ကော်ကော်ဖီကောင်းကောင်းနှင့် သက်တောင့်သက်တာရှိတာကြောင့် မီတင်တွေနှင့် စီးပွားရေးတွေ့ဆုံမှုတွေအတွက် အဆင်ပြေနိုင်ပါတယ်။...

Workplace Success Workplace Skill Productive
14 Feb 2020
How to stop procastinating | Read more blogs at New Day Jobs

How to stop procastinating

Khai Deih NeamDigital Marketing Executiveအချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်ကြမလဲ?ကျွန်တော်တို့ အများစုက ကိုယ်လုပ်ရမယ့်လုပ်ငန်းတာဝန်တွေကို ချက်ချင်းမလုပ်ဖြစ်ပဲ email တွေစစ်လိုက်၊Social Media လေးသုံးလိုက်၊Video လေးတွေကြည့်လိုက် နဲ့ပဲ အချိန်ကုန်ဆုံးတတ်ပါတယ်။သင်က အလုပ်ပြီးရမယ်မှန်းသိတယ် ဒါပေမယ့် အလုပ်ကိုမလုပ်ချင်ပဲ ဖြစ်နေတယ်။အဲ့လို ခံစားဖူးရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ကျွန်တော်တို့ အားလုံး အဲ့လို အခြေအနေနဲ့ ကြုံတွေ့ကြပါတယ်။အချိန်ဆွဲမိတဲ့အတွက် ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးပြီး အလုပ်လုပ်နေရတယ်ဆိုရင်တော့ ဒီ blog က သင့်အတွက်ပါ ။အချိန်ဆွဲခြင်းက သင့်ဘဝကို ဟန့်တားတဲ့အရာ မဖြစ်ပါစေနဲ့။လိုက်နာရမယ့် နည်းလမ်းတေွကတော့ -၁။ သင့်အလုပ်ကို အပိုင်းသေးသေးလေးတွေခွဲပါ။ကျွန်ပ်တို့ အလုပ်ကို လုပ်ဖို့ အချိန်ဆွဲမိတာကတော့ အလုပ်က ကျွန်တော်တို့ကို အရမ်း လွှမ်းမိုးလို့ဖြစ်ပါတယ်။လုပ်ရမယ့်အလုပ်ကို တခုခြင်းဆီ ပြန်ဆွဲပါ။ပြီးတော့ အဲ့ တစ်ခုခြင်းဆီ အပေါ် အာရုံစိုက်ပါ။အသေးလေးတေခွဲပြီးတာတောင်မှ သင် အချိန်ဆွဲ နေသေးတယ် ဆိုရင် ပိုပြီး အသေးဆုံးဖြစ်အောင် ခွဲလိုက်ပါ။အဲ့လို ခွဲလိုက်ရင် ဒီ အလုပ် လယွ်လယွ်လေးကို ငါဘာလို့ အချိန်ဆွဲမိနေတာလဲလို့ တွေးမိပါလိမ့်မယ်။၂။ သင့် ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။သင့် Productivity က သင့် ပတ်ဝန်းကျင်မှာ အများကြီးမူတည်ပါတယ်။သင်အလုပ်စားပွဲ သင့် ရုံးခန်းကို ကြည့်လိုက်ပါ။အဲ့အရာတွေက သင်အလုပ်လုပ်ဖို့ တွန်းအားဖြစ်နေပါသလား ဒါမှမဟုတ် သင့်စိတ်ကို လေးလံပြီး အမြဲ အိပ်ချင်အောင် လုပ်နေပါသလား?အိပ်ချင်စရာ ကောင်းနေတယ် ပျင်းစရာကောင်းနေတယ် ဆိုရင်တော့ သင့် ပတ်ဝန်းကျင်ကို ပြောင်းပါ။၃။တိကျတဲ့ deadline နဲ့ အသေးစိတ် timeline ရှိပါစေ။သင်လုပ်ဆောင်ရမယ့် အလုပ်အတွက် deadline တစ်ခုပဲ ရှိနေတယ်ဆိုရင် အချိန်ဆွဲဖို့ အားပေးသလိုဖြစ်နေပါလိမ့်မယ်။အဲ့လို deadline တစ်ခုတည်းရှိခြင်းက အချိန်အများကြီးရှိသေးတယ် ငါကောင်းကောင်းနားလို့ရတယ်လို့ ထင်မြင်စေပါတယ်။သင့်ရဲ့ လုပ်ရမယ့် ...

Workplace Success Workplace Skill
10 Feb 2020
You will receive the email for your email confirmation. Please check!