Career blogs-Learning | New Day Jobs

Blog

Anger Management For Workplace | Read more blogs at New Day Jobs

Anger Management For Workplace

Nanda Win MyintDigital Marketing Executiveလုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ? ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါတို့ ဒေါသဖြစ်တဲ့အခါတို့ဆိုရင် အော်ဟစ်တာတို့ တစ်ယောက်တည်း သီးသန့်နေနေတာတို့ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလုပ်မှာ အဲ့ဒီလိုမျိုးပြုမူရင်တော့ ကိုယ့်ရဲ့လုပ်ငန်းပိုင်းကိုကော ဆက်ဆံရေးပိုင်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ အခက်မသင့်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။အလုပ်မှာ စိတ်ဖိစီးမှုဖြစ်တယ် ဒေါသဖြစ်တယ်ဆိုတာမျိုးက ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အရာပါပဲ။ မနေ့သစ်က သူငယ်ချင်းတို့ကို အလုပ်မှာ စိတ်တိုတာတို့ စိတ်ဖိစီးမှုများတာတို့ဖြစ်ရင် လုပ်ဆောင်နိုင်တဲ့နည်းလေးကို ပြောပြပေးမယ်နော်။(၁) အခြေအနေကနေ ခဏဖယ်ရှားမယ်ကိုယ်က စိတ်တိုလာပြီလို့ခံစားမိလိုက်ရင် လက်ရှိဖြစ်နေတဲ့ အခြေအနေကနေ ခဏနားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်အေးအောင်လုပ်လိုက်ပါ။ ဒါပေမယ့် စိတ်တိုတိုနဲ့ ထထွက်သွားတာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ်က အေးအေးဆေးဆေးပြောတာဖြစ်ဖြစ် အသက်ပြင်းပြင်းရှူပြီး စိတ်လျော့တာဖြစ်ဖြစ်လုပ်လိုက်ပါ။ ဒေါသအလျောက်လုပ်လိုက်ပြောဆိုလိုက်တယ်ဆိုရင် ကိုယ့်အတွက်မကောင်းဖြစ်သွားနိုင်တဲ့အတွက် ဒေါသဖြစ်နေတဲ့ အချိန်မှာ ဆုံးဖြတ်ချက်ချတာမျိုးမလုပ်ပဲ လက်ရှိအခြေအနေကနေ ခဏဖယ်ရှားပြီး စိတ်အေးအေးစဉ်းစားသင့်ပါတယ်။(၂) အဲ့ဒီအရာနဲ့ ပတ်သတ်ပြီး စိတ်ကို ခဏဖြေဖျောက်ထားလိုက်ပါဒေါသဖြစ်တဲ့အခါမှာ ဘာကိုမှ သေချာမစဉ်းစားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီတော့ ဒေါသဖြစ်တဲ့အခါမှာ ဘာကိုမှမပြောခင် စိတ်အရင်ငြိမ်အောင်ထားသင့်ပါတယ်။ ကိုယ်က စိတ်ငြိမ်အောင်မလုပ်ပဲ ဒေါသအလျောက်ပြောမိရင် တခြားသူကို အပြစ်ပြောမိတာမျိုး စိတ်ထိခိုက်အောင်ပြောမိတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဒေါသတွေကို အေးသွားအောင်ပြုလုပ်လိုက်ရင် ပိုပြီး အဆင်ပြေပြေနဲ့ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှူပြီး လမ်းလျှောက်ထွက်လိုက်တာတို့ ဟာသရုပ်ရှင်ကြည့်တာတို့ တရားထိုင်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့ အစရှိတာမျိုးလေးတွေလုပ်ပြီး စိတ်အပြောင်းအလဲဖြစ်အောင်လုပ်လိုက်ပါ။ ကိုယ်က စိတ်အေးသွားပြီဆိုတော့မှ ကိုယ်ဒေါသဖြစ်ရတဲ့ ကိစ္စကို ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီလိုစဉ်းစားတဲ့အခါမှာလည်း တခြားသူရဲ့ အမြင်ဘက်ကနေပါ စဉ်းစားသင့်ပါတယ်။(၃) “လုံးဝ” တို့ “အမြဲတမ်း” တို့ အစရှိတဲ့ စာလုံးတွေကို ရှောင်ရှားပါနည်းလမ်းကျတဲ့ ဆုံးဖြတ်ချက်တွေချဖို့အတွက်ဆိုရင် ကိုယ့်ရဲ့အတွေးတွေကို သေချာစိစစ်ဖို့လိုအပ်ပါတယ်။ ဒေါသအတွေးတွေက လွန်လွန်ကဲကဲတွေးခေါ်တာမျိုးတွေနဲ့ ခံစားချက်ပြင်းထန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်က အမြဲတမ်းလွဲမှားနေတယ်တို့ ဘယ်တော့မှ အလုပ်မဖြစ်ဘူးဆိုတာမျိုးတွေ တွေးမိတတ်ပါတယ်။ ဒါပေမယ့် ဒါက ကမ္ဘာကြီးရဲ့အဆုံးသတ်မဟုတ်သေးပါဘူး။ ကိုယ်က ဒေါသကို ထိန်းချုပ်လိုက်ပြီး သေချာစဉ်းစားပြီးဆုံးဖြတ်ချက်တွေချရင် အဆင်ပြေသွားပါလိမ့်မယ်။(၄) တခြားသူတွေရဲ့ ခံစားချက်နဲ့ အတွေးအခေါ်တွေကို နားလည်ပါတစ်ခါတစ်လေကျရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်တိုပြီး စကားများတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမျိုးမှာ သူတို့တွေက ကိုယ့်ကို စိတ်တိုအောင်တမင်လုပ်တယ်လို့လည်း ထင်တတ်ပါတယ်။ လူတိုင်းက မကောင်းတဲ့စိတ်နဲ့ ပြောဆိုဆက်ဆံတာတော့မဟုတ်ပေမယ့် ကိုယ်တွေက မရည်ရွယ်ပဲ ဒေါသနဲ့ ပြောလိုက်တဲ့ စကားတွေက တစ်ဖက်လူကို ထိခိုက်နာကျင်သွားစေတတ်ပါတယ်။ ကိုယ်ဒေါသထွက်နေတဲ့သူက ကိုယ့်ကို တမင်ထိခိုက်နာကျင်အောင်လုပ်တာမျိုးမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။(၅) ကိုယ့်ရဲ့ စိတ်ရှုပ်ထွေးမှုတွေကို တခြားသူကို အပြစ်မတင်ပဲ ဆွေးနွေးပါဆက်ဆံရေးတွေမှာ ပြဿနာဖြစ်တဲ့အခါ အကောင်းဆုံးဖြေရှင်းနည်းကတော့ အကောင်းမြင်ပြီး တခြားသူတွေကို အပြစ်မတင်တာမျိုးပါပဲ။ ကိုယ့်ရဲ့ အထင်အမြင်နဲ့ လိုအပ်ချက်တွေကို ဆွေးနွေးပါ။ ကိုယ်က ဘယ်လိုကိစ္စတွေကြောင့် စိတ်ရှုပ်ထွေးနေရတာလဲ၊ ဒီအရာကို ဘာလို့လိုအပ်တာလဲအစရှိတာကို အေးအေးဆေးဆေးနဲ့ သေသေချာချာပြောဆိုဆွေးနွေးသင့်ပါတယ်။(၆) တစ်ဖက်လူကို နားလည်နိုင်အောင်ကြိုးစားပါလူတွေက စိတ်တို ဒေါသထွက်လာတဲ့အခါကျရင် ကိုယ့်အတွက်ကိုယ်ပဲ တွေးလာတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ဘက်ကမှန်ကြောင်းပြလို့ရမယ့်သက်သေတွေနဲ့ တစ်ဖက်လူက မှားနေကြောင်းပြောလို့ရမယ့် သက်သေတွေကိုပဲ စဉ်းစားလာတတ်ပါတယ်။ ကိုယ်ကသာ ပြဿနာတစ်ခုကို မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းချင်တယ်ဆိုရင်တော့ အဲ့ဒီအတွေးတွေကို ဖယ်ရှားလိုက်ပါ။အရင်ဦးဆုံး ကိုယ့် စိတ်ရှုပ်ထွေးရတဲ့အကြောင်း ဒေါသထွက်ရတဲ့အကြောင်းကို အေးအေးဆေးဆေးပြောလိုက်ပါ။ ပြီးတော့မှ တစ်ဖက်လူကို သူတို့ အဲ့ဒီလို ပြုမူပြောဆိုရတဲ့ အကြောင်းအရင်းကို မေးလိုက်ပါ။နားလည်မှုလွဲတာတွေ အချင်းချင်းမကြည်မလင်ဖြစ်တာတွေကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ အချင်းချင်း အေးအေးဆေးဆေးနဲ့ ပြောဆိုဆက်ဆံပြီး အပြန်အလှန် ခံစားချက်တွေကို နားလည်ပေးတာပဲဖြစ်ပါတယ်New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေ လျှောက်ထားနိုင်တဲ့ Website ဖြစ်ပါတယ်။အလုပ်အကိုင်များကို New Day Jobs မှာရှာဖွေနိုင်ပါတယ်။

Workplace Success
21 Jul 2020
Corporate Vs Startup | Read more blogs at New Day Jobs

Corporate Vs Startup

Khai Deih NeamDigital Marketing ExecutiveCorporate တွေဟာ နာမည်ရှိပြီးသား လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ဘယ်နေရာကိုပဲ ရောက်ရောက် Company နာမည်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနိုင်ပြီး အများကြားမှာလဲ မျက်နှာပန်းလှပါတယ်။Corporate company တွေရဲ့ ရာထူးတွေဟာ ရိုးရှင်းပါတယ်။အကယ်၍ သင်ဟာ Sales ဌာနမှာဆိုရင် သင့်ရဲ့ တာဝန်က ရောင်းဖို့်ပါပဲ။Customer Service ဌာနဆိုရင် ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြေရှင်း ပေးရုံပါပဲ။အဲ့တာကြောင့် သင်ဟာ ဘယ်ဌာနမှာ လုပ်ချင်လဲ ဆိုတာကို သိရင် အခြားသော အလုပ်တာဝန်တွေကို အာရုံစိုက်စရာ မလိုပဲ ကိုယ် တာဝန်နဲ့ကိုယ် လုပ်စရာရှိတာလုပ်ပြီး ဘဝတိုးတက်ဖို့ လုပ်နိုင်ပါတယ်။Corporate တွေမှာ တစ်စုံတစ်ရာ ပြဿနာ ပေါ် ပေါက်လာရင် ဖြေရှင်းပေးမယ့်သူက အဆင်သင့်ရှိကြပါတယ်။ဥပမာ ရုံးက Computer တစ်ခုခုဖြစ်တဲ့အခါမှာ ပြန်လည် ပြင်ပေးမယ့် IT ဌာန ရှိပါတယ်။အဲ့တာကြောင့် ကိုယ့် ဌာနက မဟုတ်တဲ့ ပြဿနာကို စေတနာကြီးပြီး သွား ကူညီပေးချင်တာဟာ ကောင်းတဲ့ စိတ်ကူးတော့ မဟုတ်ပါဘူး။Corporate company ကြီးတွေဟာ ...

Career Advice
21 Jul 2020
How To Evaluate Yourself Effectively | Read more blogs at New Day Jobs

How To Evaluate Yourself Effectively

ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း ဘယ်လိုသုံးသပ်မလဲ?ကိုယ့်ကိုယ်ကိုယ် သိတယ်ဆိုတာက ကိုယ့်ရဲ့ အဓိကအကြောင်းဖြစ်တဲ့ ကိုယ့်ရဲ့ တန်ဖိုးတွေ ယုံကြည်ချက်တွေ အပြုအမူတွေနဲ့ စိတ်သဘောထားတွေကို သိတာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သိနေဖို့ဆိုတာလည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိအောင်လုပ်တယ်ဆိုတာက ကိုယ့်ရဲ့ ယုံကြည်ချက်တွေ စိတ်နေသဘောထားတွေ အမူအကျင့်တွေ တုံပြန်မှုတွေနဲ့ ပတ်သတ်ပြီး သိအောင်လုပ်တာပါ။ အဲ့ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သုံးသတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။၁။ ကိုယ့်ရဲ့ အတွေးတွေကို သိနားလည်ပါကိုယ့်ရဲ့ အတွေး၊ ထင်မြင်ယူဆချက်တွေက ကိုယ့်ဘဝအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အဲ့ဒီအတွေးတွေ ထင်မြင်ယူဆချက်တွေကနေ ခံစားချက်တွေ စိတ်နေသဘောထားတွေနဲ့ အခြေအနေတွေပေါ် နားလည်ပုံတွေကွဲပြားသွားနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေးတွေ ပြန်မေးကြည့်လိုက်ပါ။ ကိုယ့်ရဲ့ အတွေးအခေါ်တွေက အဆိုးဘက်ရောက်နေလား? ကိုယ်က မလုပ်နိုင်လောက်ဘူးလို့ပဲ တွေးနေမိလား? အမြဲတမ်း တစ်ခုခုမှားတော့မယ်လို့ပဲ ထင်နေမိလား?၂။ ခံစားချက်ကို သိပါခံစားချက်တွေကနေ ကိုယ်ကဘယ်သူလဲ ဒီလိုအခြေအနေမျိုးမှာ ကိုယ်က ဘာလို့ ဒီလိုမျိုး ပြုမူတာလဲဆိုတာကို သိနိုင်လာပါတယ်။ ကိုယ်က ပြောဆိုနေတဲ့ အကြောင်းအရာပေါ်မှာ ဘယ်လိုပြုမူတယ် ဘယ်လိုအသံအနေအထားနဲ့ ပြောဆိုတယ် ဘယ်လိုမျက်နှာအမူအယာနဲ့ ဘယ်လိုကိုယ်ဟန်အမူအယာရှိနေတယ်ဆိုတာကနေ ကိုယ်ရဲ့ ခံစားချက်ကို သိရှိနိုင်ပါတယ်။ကိုယ်က ဘယ်လိုမျိုး ခံစားနေရပြီး ဘာဖြစ်လို့ ဒီလိုမျိုးခံစားနေရတယ်ဆိုတာကို စဉ်းစားလိုက်ပါ။ ကိုယ့်ရဲ့ ခံစားချက်က ဘယ်လိုရှိနေလဲဆိုတာကို ကိုယ့်ရဲ့ ပြောဆိုပြုမူပုံတွေပေါ်မူတည်ပြီး သုံးသတ်လို့ရပါတယ်။ ကိုယ့်ရဲ့ ခံစားချက်ပေါ်လိုက်ပြီါ် ထင်မြင်ချက်တွေကလည်း ပြောင်းလဲသွားတတ်ပါတယ်။ကိုယ်က တစ်စုံတစ်ခုကို ကြည့်လိုက်တဲ့အခါ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမှာ ထင်မြင်ချက်တွေ အတွေးထဲရောက်လာတတ်ပါတယ်။ တခါတစ်လေကျရင် ကိုယ်မြင်တွေ့လိုက်ရတာပေါ်မူတည်ပြီးဖြစ်လာတဲ့ ထင်မြင်ချက်ကနေ မှားယွင်းတဲ့ သုံးသတ်ချက်တွေလည်းဖြစ်သွားတတ်ပါတယ်။၃။ ဒိုင်ယာရီရေးပါကိုယ့်ရဲ့ တစ်နေ့တာအကြောင်းကို ဒိုင်ယာရီလိုမျိုး စာအုပ်ထဲမှာ ရေးတယ်ဆိုတာက ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာရယ် ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ပင်ပန်းမှုတွေနဲ့ အခွင့်အရေးတွေကို ကိုယ်က သေချာသိနားလည်သွားနိုင်တယ်လေ။ ကိုယ့်ရဲ့ ဘဝအကြောင်းကို ရေးတာကနေ ကိုယ်သတိမထားမိလိုက်တဲ့ ကိစ္စတွေ အတွေ့အကြုံတွေကို သိလာနိုင်ပြီး အဲ့ဒီအကြောင်းအရာတွေက ကိုယ့်ဘဝပေါ်ကို ဘယ်လိုမျိုး သက်ရောက်စေတယ်ဆိုတာကိုလည်း သိလာနိုင်ပါတယ်။၄။ ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်လည် သုံးသပ်ပါကိုယ့်ရဲ့ တစ်နေ့တာအကြောင်းကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးထားတာလေးတွေကို ပြန်ဖတ်ကြည့်ကြည့်လိုက်ပါ။ အဲ့ဒီလိုပြန်ဖတ်လိုက်တဲ့အခါမှာ ကိုယ်က ဘယ်လိုအရာတွေမှာ အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်နဲ့ ဘယ်အရာတွေကို ပြီးမြောက်အောင် မလုပ်နိုင်သေးဘူးဆိုတာတွေကို သိရှိလာနိုင်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ တစ်နေ့တာ ပန်းတိုင်ကို ရောက်နိုင်ခဲ့လား ရောက်ဖို့အတွက် ဘယ်လောက်လိုခဲ့လဲဆိုတာကိုလည်း ပြန်လည် သုံးသပ်နိုင်တယ်လေ။၅။ ကိုယ်အဓိကထားတဲ့အချက်ကို သိပါကိုယ်က ဘာကိုတန်ဖိုးထားတယ်ဆိုတာကို သိရင် ကိုယ့်ရဲ့အဓိကပန်းတိုင်ကို သိနိုင်ပါတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာအများစုက ကိုယ့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ ပြောင်းလဲမှုတွေကနေ ရရှိခဲ့တာပါ။ တစ်ခါတစ်လေကျရင် ကိုယ်တန်ဖိုးထားတဲ့အရာက ဘာမှန်းမသိဖြစ်တတ်ပါတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာဆိုတာက ဘဝမှာ ကိုယ်ရွေးချယ်လိုက်တဲ့အရာတွေနဲ့ ယုံကြည်ချက်တွေပါပဲ။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို သိနားလည်လာတာနဲ့အမျှ ကိုယ်က ဘယ်သူလဲ ကိုယ့်အတွက် ဘယ်အရာတွေက အရေးပါလဲဆိုတာကို သိလာနိုင်ပါတယ်။ အဲ့ဒီတန်ဖိုးထားတဲ့အရာတွေကနေ ကိုယ်လျှောက်လှမ်းချင်တဲ့ ပန်းတိုင်ကို စဉ်းစားပြီး ကိုယ်ဘယ်လောက်အထိရောက်အောင် လုပ်နိုင်တယ်ဆိုတာကို သုံးသပ်လို့ရပါတယ်။၆။ အချိန်ပေးဖို့လိုအပ်တာကို သတိရပါကိုယ်က ဘယ်လိုလူမျိုးဆိုတာကို သုံးသပ်ပြီးနားလည်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ပြုမူတဲ့ပေါ်မူတည်ပြီး အနာဂတ်ဘဝက ပြောင်းလဲသွားနိုင်တယ်လေ။ အဲ့ဒီလိုမျိုး နားလည်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တော့မယ်ဆိုရင် အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကို မမေ့ပါနဲ့။ အချိန်ပေးတော့မှ ကိုယ်က သေချာစဉ်းစားပြီး သုံးသပ်နိုင်မှာလေ။ အဲ့ဒီလိုသုံးသပ်နိုင်တော့မှလဲ ကိုယ့်ရဲ့ ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာ တစ်နေရာတည်းမှာ ရှာဖွေ တွေ့နိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များ လျှောက်ချင်တယ်ဆိုရင်တော့ New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။

Workplace Success Workplace Skill Personal Upgrade
14 Jul 2020
How To Create Successful Mindset | Read more blogs at New Day Jobs

How To Create Successful Mindset

အောင်မြင်တဲ့ စိတ်နေသဘောထားမျိုးရအောင် ဘယ်လိုလုပ်မလဲ? ကိုယ်က အောင်မြင်တဲ့ စိတ်နေသဘောထားမျိုးရအောင်လုပ်ချင်တယ်ဆိုရင်တော့ လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အဲ့ဒီလို လုပ်နိုင်တဲ့ နည်းလမ်းတချို့ကို မနေ့သစ်က ပြောပြပေးပါမယ်။၁။ ကိုယ့်ကို စိတ်အားထက်သန်စေတဲ့အရာကို ရှာဖွေပါလူတိုင်းမှာ ကိုယ့်ကို စိတ်အားထက်သန်စေတဲ့အရာတွေရှိပါတယ်။ အဲ့ဒီ စိတ်အားထက်သန်မှုတွေက ကိုယ့်ရဲ့ ပန်းတိုင်တွေကို ရောက်အောင်လျှောက်လှမ်းနိုင်ပြီး အရှုံးတွေကိုလည်း လက်မလျှော့ပဲ ရင်ဆိုင်နိုင်သွားပါတယ်️။ အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်လည် စမ်းစစ်ပြီး ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကဘာလဲဆိုတာကို ရှာဖွေလိုက်ပါ။ ပြီးသွားရင် အဲ့ဒီအတိုင်းလုပ်ဆောင်လိုက်ပါ။၂။ အကောင်းဘက်ကနေတွေးပါကိုယ်က တစ်ခုခုလုပ်ကိုင်နေရင်းနဲ့ မလုပ်နိုင်လောက်ဘူးလို့ တွေးမိတာမျိုးရှိတတ်ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါ ကိုယ်က လုပ်နိုင်တယ်ဆိုပြီး အကောင်းဘက်ကနေ လှည့်တွေးလိုက်ပါ။ အဲ့ဒီလိုတွေးဖို့ မဖြစ်နိုင်လောက်ဘူးလို့ထင်မိပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလိုလေးတွေးကြည့်လိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ်က လုပ်ချင်စိတ်ကလေးတွေဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာပါလိမ့်မယ်။၃။ များများပြုံးပါပြုံးတာက စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး ကောင်းတဲ့ဘက်ကနေတွေးမြင်နိုင်တယ်ဆိုတာကို သူငယ်ချင်းတို့တွေသိပါသလား? ပြုံးတာက ယုံကြည်မှုလျော့နည်းတာအတွက် ဆေးတစ်ခွက်ပါပဲ။ ကိုယ်က ပြုံးနေရင် အကောင်းဘက်ကနေ တွေးတတ်လာပြီး ကိုယ့်အနီးအနားကလူတွေကလည်း အကောင်းမြင်လာပါလိမ့်မယ်။ အကယ်၍ ကိုယ်က စစချင်းမှာ တမင်လုပ်ပြုံးမှရတယ်ဆိုပေမယ့်လည်း များများပြုံးလိုက်ပါ။ ပြုံးတာက ကြောက်တာတွေ စိတ်ပူပင်မှုတွေ မျှော်လင့်ချက် ပျောက်ဆုံးနေတာတွေကို အနိုင်ယူသွားနိုင်ပါတယ်။၄။ အားကစားလုပ်ပါကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ကောင်းပါတယ်။ ကိုယ်က အားကစားပုံမှန်လုပ်ဖြစ်တော့ စိတ်လည်းကြည်လင်ပြီး အကောင်းဘက်ကနေ ပိုတွေးခေါ်နိုင်တယ်လေ။ စိတ်ကြည်ပြီး အကောင်းဘက်ကနေ တွေးခေါ်နိုင်တယ်ဆိုရင် ကိုယ်က ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချနိုင်သွားမယ်လေ။၅။ စကားမပြောခင် သေချာစဉ်းစားပါစကားပြောတဲ့အခါ သုံးတဲ့အသုံးအနှုန်းတွေက အရမ်းကို အရေးကြီးသလို အစွမ်းလည်း ထက်ပါတယ်။ စကားလေးတစ်ခွန်းကြောင့်နဲ့ ဘဝကြီးတောင် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်က အကြံဉာဏ်တွေ ထင်မြင်ချက်တွေပြောတော့မယ်ဆိုရင် အရင်ဆုံးအဆိုးဘက်က တွေးတာတွေကို ဖယ်ရှားလိုက်ပါ။ ကိုယ် စမပြောခင်မှာ ဘယ်လိုပြောမလဲဆိုတာကို အရင်စဉ်းစားလိုက်ပါ။ ပြီးတော့ အကောင်းဘက်ကနေပြောတာမျိုးဖြစ်အောင် လုပ်ပါ။New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာ တစ်နေရာတည်းမှာ ရှာဖွေ တွေ့နိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များ လျှောက်ချင်တယ်ဆိုရင်တော့ New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။

Personal Upgrade
07 Jul 2020
You will receive the email for your email confirmation. Please check!