Career blogs-Learning | New Day Jobs

Blog

Blog Career Advice
Corporate Vs Startup | Read more blogs at New Day Jobs

Corporate Vs Startup

Khai Deih NeamDigital Marketing ExecutiveCorporate တွေဟာ နာမည်ရှိပြီးသား လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ဘယ်နေရာကိုပဲ ရောက်ရောက် Company နာမည်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနိုင်ပြီး အများကြားမှာလဲ မျက်နှာပန်းလှပါတယ်။Corporate company တွေရဲ့ ရာထူးတွေဟာ ရိုးရှင်းပါတယ်။အကယ်၍ သင်ဟာ Sales ဌာနမှာဆိုရင် သင့်ရဲ့ တာဝန်က ရောင်းဖို့်ပါပဲ။Customer Service ဌာနဆိုရင် ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြေရှင်း ပေးရုံပါပဲ။အဲ့တာကြောင့် သင်ဟာ ဘယ်ဌာနမှာ လုပ်ချင်လဲ ဆိုတာကို သိရင် အခြားသော အလုပ်တာဝန်တွေကို အာရုံစိုက်စရာ မလိုပဲ ကိုယ် တာဝန်နဲ့ကိုယ် လုပ်စရာရှိတာလုပ်ပြီး ဘဝတိုးတက်ဖို့ လုပ်နိုင်ပါတယ်။Corporate တွေမှာ တစ်စုံတစ်ရာ ပြဿနာ ပေါ် ပေါက်လာရင် ဖြေရှင်းပေးမယ့်သူက အဆင်သင့်ရှိကြပါတယ်။ဥပမာ ရုံးက Computer တစ်ခုခုဖြစ်တဲ့အခါမှာ ပြန်လည် ပြင်ပေးမယ့် IT ဌာန ရှိပါတယ်။အဲ့တာကြောင့် ကိုယ့် ဌာနက မဟုတ်တဲ့ ပြဿနာကို စေတနာကြီးပြီး သွား ကူညီပေးချင်တာဟာ ကောင်းတဲ့ စိတ်ကူးတော့ မဟုတ်ပါဘူး။Corporate company ကြီးတွေဟာ ...

Career Advice
21 Jul 2020
How To Prepare For Your Remote Job Interview | Read more blogs at New Day Jobs

How To Prepare For Your Remote Job Interview

Khai Deih NeamDigital Marketing Executiveအခုအချိန်မှာ COVID - 19 ကြောင့် တချို့သော အလုပ်အကိုင်များက remote လုပ်လို့ရတဲ့အလုပ်အကိုင်တွေ ဖြစ်လာကြပါတယ်။နည်းပညာတွေကလည်း တိုးတက်လာတဲ့အလျောက် interview တွေကို ဖြေတဲ့အခါမှာလည်း online ကနေပဲ ဖြေဆိုတာမျိုးတွေကို လုပ်လာကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံရတဲ့ interview မဟုတ်တဲ့အခါ စက်ကိရိယာတွေနဲ့ နည်းပညာရဲ့ အကူအညီကို ယူကြရတဲ့အခါ ပြင်ဆင်သင့်တဲ့ အချက်အလက်တွေကို သိခြင်းက သင့်အတွက် interview အောင်ဖို့ရန် အခွင့်အလမ်းများနိုင်မှာ ဖြစ်ပါတယ်။Interview မဖြေခင် တစ်ရက်မှာ ကောင်းကောင်းအနားယူပါသင်က interview ဖြေရမယ်နေ့မှာ အိပ်ရေးမဝပဲ ဖြစ်နေမယ်ဆိုရင်တော့ သင့်အတွက် အနှောင့်အယှက်အကြီးကြီးဖြစ်နေပါလိမ့်မယ်။ မျက်နှာချင်းဆိုင်ကိုယ်တိုင်ဖြေရမယ်ဆိုရင်တော့ ပြင်ဆင်တာတွေ၊လမ်းလျှောက်ရတာတွေနဲ့ လန်းဆန်းပြီး စိတ်ကြည်လင်သွားနိုင်ပေမယ့် အိမ်မှာပဲ Laptop ရှေ့မှာ ဖြေရတဲ့အခါမှာ ကိုယ်ရဲ့ မကြည်လင်တဲ့ပုံပန်းသွင်ပြင်ကြောင့် interview မေးမယ့်သူ စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်ပါမယ်။အဲ့တာကြောင့် အိပ်ရေးဝဝ အိပ်ဖို့လိုအပ်ပါတယ်။လေ့လာပါ။တချို့က ကိုယ့်အိမ်မှာပဲ ဖြေရတဲ့အတွက် အေးဆေးပဲဆိုပြီး ရုံးသွားဖြေရတဲ့ ...

Career Advice
08 May 2020
Things To Consider Before Changing Your Career | Read more blogs at New Day Jobs

Things To Consider Before Changing Your Career

Khai Deih NeamDigital Marketing Executiveအလုပ်အကိုင် အပြောင်းအလဲမလုပ်ခင် ဘာတွေကို စဉ်းစားဖို့လိုအပ်လဲ?New Day Jobs က career(လုပ်ငန်းပိုင်း) အပြောင်းအလဲလုပ်ချင်နေတဲ့ သူငယ်ချင်းတွေ အပြောင်းအလဲလုပ်တဲ့အခါ အဆင်ပြေတဲ့ ပြောင်းလဲမှုမျိုးဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။(၁) ကိုယ်တကယ်လိုချင်တာကဘာလဲ?ကိုယ်က career(လုပ်ငန်းပိုင်း) အပြောင်းအလဲလုပ်ဖို့ စဉ်းစားလိုက်ပြီဆိုရင် ကိုယ်က ဘယ်အရာတွေကို တန်ဖိုးထားတာလဲ၊ ကိုယ်က ဘယ်လိုအလုပ်မျိုး လုပ်ကိုင်ရတာကို သဘောကျတာလဲ၊ ပြီးတော့ ကိုယ် ဝင်ငွေ မရနိုင်ဘူးဆိုရင်တောင် ဘယ်လိုအရာမျိုးကို လုပ်ရတာ သဘောကျတာလဲ အစရှိတာတွေကို အရင်စဉ်းစားကြည့်လိုက်ပါ။ကိုယ်က ကိုယ် တကယ်လိုချင်နေတာကိုသိပြီဆိုရင် ဆက်လုပ်ရမယ့် နည်းလမ်းကို စဉ်းစားနိုင်တယ်လေ။ မဟုတ်ရင် ဆုံးဖြတ်ချက်အမှားတွေပဲ ထပ်ခါတလဲလဲ ချနေမိနိုင်တယ်။ ကိုယ်တကယ်လိုချင်တာနဲ့ ကိုယ်ရွေးချယ်လိုက်တာက မကိုက်ညီဘူးဆိုရင် လုပ်ကိုင်ရတာလည်း အဆင်မပြေဖြစ်လာနိုင်ပြီး မကျေနပ်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။(၂) ကိုယ်ပြောင်းလဲမယ့် career မှာ အသုံးပြုလို့ရမယ့် skills ရှိလား?ကိုယ်က အောင်မြင်တဲ့ career ပြောင်းလဲမှုလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို သေချာစိစစ်စဉ်းစားသင့်ပါတယ်။ ကိုယ်က ကိုယ်ပြောင်းမယ့် career ကို လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံမရှိပေမယ့် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို အသုံးပြုလို့ရနိုင်တာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာရှိတဲ့ အရည်အချင်းတွေကို ဘယ်လိုမျိုး အသုံးချလို့ရမယ်ဆိုတာကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ပြီးတော့ career ပြောင်းလဲတယ်ဆိုတာ ကိုယ့်ဘဝနဲ့သက်ဆိုင်တဲ့အရာဖြစ်တဲ့အတွက် လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချလို့ရတာမျိုးမဟုတ်ပါဘူး။ ကိုယ်က ဒီ career ကို ရွေးချယ်မယ်ဆိုတာကို တခြားသူတွေကို မပြောခင်မှာ ကိုယ်နဲ့ ကိုက်ညီမှုရှိ မရှိ အရင်စဉ်းစားပြီး မရှိရင် အဲ့ဒီ ...

Career Advice
11 Apr 2020
Steps To Follow For Your Promotion | Read more blogs at New Day Jobs

Steps To Follow For Your Promotion

Khai Deih NeamDigital Marketing Executiveသင်က အလုပ်လည်း ကြိုးစားတယ်။အလုပ်မှာ လုပ်နေတာလည်း နှစ်ချီနေပြီဆိုပေမယ့် ရာထူးမတိုးသေးဘူး။သူဌေးကလည်း ရာထူးတိုးပေးမယ့် အရိပ်အယောင်တောင် မပြဘူးဆိုရင်တော့ သင့်ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အပြုအမှုနဲ့ ပတ်သတ်ပြီး ပြင်ဆင်စရာတွေ ရှိလာပါပြီ။အခုဖော်ပြပေးမယ့်အချက်တွေကတော့ သင်ရာထူးမတိုးရတဲ့ အကြောင်းအရင်း ငါးချက်နဲ့ ရာထူးတိုးဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာပဲဖြစ်ပါတယ်။၁။ ရာထူးတိုးဖို့ အဆင်သင့်မဖြစ်သေးခြင်းတချို့သော အလုပ်တွေက ရာထူးတိုးဖို့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လက်မှတ်တွေ၊တတ်ကျွမ်းမှုတွေ မရှိတဲ့အခါမှာ လုပ်ငန်းရှင်တွေအတွက် ရာထူးတိုးပေးဖို့ ခက်ခဲတတ်ပါတယ်။ဘယ်လောက်ပဲ တတ်ကျွမ်းနေပေမယ့် လက်မှတ် သို့မဟုတ် ဘွဲ့ ရှိခြင်းက သင့်အသက်မွေးကြောင်းအတွက် အထောက်အကူ ဖြစ်စေတဲ့အတွက် အားလပ်ချိန်မှာ သင်တန်းတွေ တက်ထားပါ။သင်တန်းတက်ဖို့ အချိန်မရှိရင်တောင်မှ online ကနေ လေ့လာမှုတွေ ပြုလုပ်ထားသင့်ပါတယ်။သင့်အလုပ်နယ်ပယ်က တက်ကျွမ်းတဲ့ သူတွေနဲ့ တွေ့ပြီးတော့လည်း အကြံတွေ နားထောင်သင့်ပါတယ်။၂။ သင်ဖြစ်ချင်တာနဲ့ company လိုချင်တာက ကွဲပြားနေခြင်းဝန်ထမ်းတွေ ရာထူးမတိုးခြင်းရဲ့ အကြောင်းတစ်ခုကတော့ company ရဲ့ လုပ်ကိုင်နေတဲ့ လမ်းစဉ်တွေနဲ့ ဝန်ထမ်းရဲ့ စိတ်ဝင်စားမှု ထပ်တူမကျတာပါ။ဥပမာပြောရမယ်ဆိုရင် သင်က သင့်သူဌေးကို ဘာလုပ်ချင်တာလဲလို့ပြောတဲ့အခါမှာ သင်လုပ်ချင်တဲ့ Creative အလုပ်တွေကို မလုပ်ခိုင်းပဲ သမရိုးကျ လုပ်ငန်းစဉ်တွေကို လုပ်ခိုင်းရင် သင် ဘာလို့ ရာထူးမတိုးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။အဲ့လို အခြေအနေမျိုးဆိုရင် ရာထူးတိုးဖို့ စောင့်နေတာထက် အလုပ်အသစ်ရှာတာမျိုးကို လုပ်သင့်ပါတယ်။၃။ ရာထူးနဲ့ အညီ မဝတ်ဆင်ခြင်းသင်က Client နဲ့တွေ့ဖို့ T-shirt နည်းသွားရင် သင့် company ရဲ့ culture နဲ့ သွေဖီနေတဲ့အတွက် ရာထူးတိုးမှာ မဟုတ်ပါဘူး။သင်က နည်းပညာ company မှာ လုပ်နေတဲ့သူဆိုရင်တော့ ဝတ်စားဆင်ယင်မှုက အရေးမကြီးပေမယ့် တချို့ company တွေက ဝတ်စားဆင်ယင်မှုကို အရေးပေးကြပါတယ်။သင်လိုချင်တဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။Fake ...

Career Advice
31 Mar 2020
How To Actively Participate In A Meeting | Read more blogs at New Day Jobs

How To Actively Participate In A Meeting

Khai Deih NeamDigital Marketing Executiveအစည်းအဝေးတွေမှာ ဘယ်လိုပါဝင်ဆွေးနွေးမလဲ? ကုမ္ပဏီအစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးတယ်ဆိုတာက သင့်ကို လုပ်ဖော်ကိုင်ဖက်တွေ အထက်လူကြီးတွေက သတိထားမိသွားတတ်ပါတယ်။ ကိုယ်က အစည်းအဝေးမှာ ဘယ်လိုပြောဆိုတယ်ဆိုတာပေါ် မူတည်ပြီး သူတွေတွေ သင့်အပေါ်ထားရှိတဲ့ ထင်မြင်ချက်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သတ်တဲ့ အစည်းအဝေးတွေအတွက် ကိုယ်က အဆင်သင့်ဖြစ်နေပြီး စည်းကမ်းချက်တွေကို လိုက်နာတယ်ဆိုရင် အစည်းအဝေးမှာ ကောင်းကောင်း ပါဝင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။၁။ အဆင်သင့်ဖြစ်နေပါ အစည်းအဝေးနဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေကို ဖတ်ပြီး ဘာတွေဆွေးနွေးမယ် ကိုယ့်ဘက်ကကော ဘယ်လိုအကြောင်းအရာတွေကို ပြောမယ်ဆိုတာကို စဉ်းစားပါ။ အကယ်၍ အစည်းအဝေးက ပုံမှန် အပတ်တိုင်း ဒါမှမဟုတ် နေ့တိုင်းလုပ်နေကျ အစည်းအဝေးဆိုရင် အရင်နေ့တွေတုန်းက ဘာပြောခဲ့တယ်ဆိုတာနဲ့ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေ ချခဲ့တယ်ဆိုတာကို ပြန်ကြည့်ကြည့်လိုက်ပါ။ ၂။ ချက်ချင်း အမှားထောက်ပြတာမျိုးမလုပ်ပါနဲ့ အစည်းအဝေးမှာ ပြောနေတဲ့သူက မှားပြောမိတာမျိုးရှိခဲ့ရင် ကိုယ်က ချက်ချင်း မှားနေတယ်ဆိုပြီးပြောလိုက်တာမျိုးမလုပ်ပါနဲ့။ ကိုယ်က မပြောခင်မှာ အရင်စဉ်းစားလိုက်ပါ။ အကယ်၍ အဲ့ဒီအမှားက နောက်မှ ပြင်ခိုင်းလို့ရတယ်ဆိုရင်လည်း အစည်းအဝေးပြီးသွားမှ နှစ်ယောက်တည်းပြောလိုက်ပါ။ အကယ်၍ ချက်ချင်းပြောဖို့ လိုအပ်တယ်ထင်ရင်လည်း ကိုယ့်ရဲ့ အတွေးကတော့ ဘယ်လိုမျိုးဆိုပြီး ပြောပြလိုက်ပါ။ ဒါပေမယ့် သူပြောနေတုန်းမှာ စကားဖြတ်ပြောတာမျိုးမလုပ်ပါနဲ့။ သူပြောလို့ပြီးသွားမှ ပြောတာမျိုးလုပ်ပါ။ အဲ့ဒီလူက ကိုယ့်ရဲ့ လက်အောက်ငယ်သားဖြစ်နေပါစေ ကိုယ် သဘောမကျတဲ့သူဖြစ်နေပါစေ ကိုယ်က ပြောလိုက်ရင် အဲ့ဒီလူလည်း အရှက်ကွဲသလို ခံစားသွားရပြီး တခြားသူတွေကလည်း ကိုယ့်ကို တစ်မျိုးထင်သွားတတ်ပါတယ်။ ၃။ ကိုယ့် အတွေးအခေါ်တွေကို မျှဝေပါ အစည်းအဝေးမှာ ကိုယ့်ရဲ့ အတွေးအခေါ်တစ်ခုမှမပြောပဲနေတာမျိုးမလုပ်ပါနဲ့။ ဘယ်လိုအစည်းအဝေးမျိုးပဲ ဖြစ်ပါစေ တခြားသူတွေကပဲ စကားတွေပြော အကြံဉာဏ်တွေဝေမျှနေပြီး ကိုယ်က ဘာမှမပြောပဲ ဒီအတိုင်းထိုင်နေရင် မကောင်းဘူးလေ။ နားမလည်တာတို့ မရှင်းတာတို့ရှိရင် မေးခွန်းလေးတွေမေးတာတို့ ကိုယ့်ရဲ့ ထင်မြင်ချက်တွေ အတွေးတွေ ပြောတာတို့ လုပ်သင့်ပါတယ်။ အကယ်၍ ကိုယ်ကတစ်ယောက်ယောက်ကို ချီးကျူးတော့မယ်ဆိုရင် တကယ့်စိတ်ရင်းနဲ့ ပြောဖို့လိုအပ်ပါတယ်။ ၄။ ပြောသင့်တဲ့အချိန်ကို ကြည့်ပါအစည်းအဝေးမှာ တစ်ယောက်ယောက်က presentation လုပ်သွားတယ်ဆိုရင် ကိုယ်က စီနီယာမဟုတ်ဘူး မန်နေဂျာမဟုတ်ဘူးဆိုရင် ထင်မြင်ချက်ကို အရင်ဆုံးမပေးပါနဲ့။ ကိုယ့်ရဲ့ အထက်လူကြီးတွေ ပြောတာကို အရင်စောင့်လိုက်ပါ။ တစ်ခါတစ်လေကျရင်လည်း ကိုယ့်ထက်အရင်မေးတဲ့သူတွေရဲ့ မေးခွန်းတွေထဲမှာ ကိုယ် သေချာနားမလည်လိုက်တာတို့ ကိုယ်သိချင်တာတို့နဲ့ ပတ်သတ်ပြီး သိလိုက်ရနိုင်ပါတယ်။ ကိုယ်မေးချင်တာနဲ့ ပတ်သတ်ပြီး ယုံကြည်မှုရှိတယ်ဆိုတော့မှ ပြောပါ။&...

Career Advice
20 Mar 2020
How to Plan Wisely | Read more blogs at New Day Jobs

How to Plan Wisely

Thant Thandar SoeDigital Marketing Executiveအရာရာတိုင်းက Plan အပေါ်မှာ မှီခိုနေတာပါ။ Plan မရှိပဲ အလုပ်လုပ်တဲ့အခါ တစ်ချိန်ကျရင် ပလန်လက် ပက်လက်လန်သွားနိုင်ပါတယ်။အဲတော့ ပက်လက်မလန်ရအောင် ဘာအတွက်ပဲ Plan ချချ ဒီအချက် ၅ ချက် ပေါ်မှာ မူတည်ပြီး ရိုးရှင်းတဲ့ Plan တစ်ခုကို ချမှတ်နိုင်မှာဖြစ်ပါတယ်။1. ဘာလုပ်ချင်တာလဲကို သိအောင်လုပ်ပါ။ကိုယ်ကိုကိုယ် အတွက် Plan ချသည်ဖြစ်စေ၊ အလုပ်အတွက် Plan ချသည်ဖြစ်စေ ပထမဆုံးအနေ နဲ့ သင်ကဘယ်နေရာ ဘယ်အဆင့်မှာရောက်နေပြီး သင်နောက်ထပ်ဘယ်နေရာ ကိုသွားချင်တယ်၊ ဘယ်အဆင့်ကို သွားချင်တယ်ဆိုတာကိုသိအောင်လုပ်ပါ။2. ဘယ်အရာတွေက အရေးကြီးလဲဆိုတာကို ဆုံးဖြတ်ပြီး အရေးကြီးတာတွေကို အရင်ဆုံးလုပ်ကိုင်ရန် အတွက် အစီအစဉ်ချပါ။ သင့်ရဲ့ပန်းတိုင်ကို ရောက်ဖို့အတွက် ဘယ်အရာတွေကို လုပ်ရင်မြန်မြန်ပိုရောက်နိုင်သလဲ စသည်ဖြင့်စီစစ်ရပါမယ်။3.ဘယ်သူမှာ တာဝန်ရှိတယ်ဆိုဆိုတာကို ဆုံးဖြတ်ပါ။ သင်က လုပ်ငန်းအတွက် ဆိုရင်Deparment က ဒီ Goal တွေကို ရရှိဖို့အတွက် ပိုအရေးပါလဲ။ လူတစ်ယောက်ချင်းအတွက်ဆိုရင်လည်း Goal ကို ရဖို့အတွက် ဘာကအဓိက လိုအပ်သလဲဆိုတာ စီစစ်ဖို့လိုအပ်ပါတယ်။4. ပြီးရင်တော့ လိုအပ်တာတွကို ဘယ်လို ရှာဖွေမလဲဆိုတာကို စီစစ်ရပါမယ်။ ဥပမာ သင့် ရဲ့ ရည်မှန်းချက် က Executive သို့ Manager ဖြစ်ဖို့ဆိုရင်၊ လိုအပ်တဲ့ အရာတွေဖြစ်တဲ့အရည်အချင်းနဲ့ အတွေ့အကြုံ အလုပ်လုပ်ရင်းနဲ့ ရှာဖွေရမှာဖြစ်ပြီး လိုအပ်တဲ့ သင်ကြားမှုတွေကို လည်းအပြင်သင်တန်းကျောင်းတွေကနေ သင်ယူရမှာ ဖြစ်ပါတယ်။5. ပြန်လည်ဆန်းစစ်ပါ။ဘယ်အရာတွေပဲ ဖြစ်ဖြစ် အမြဲပြောင်းလဲနေတဲ့အတွက် ကိုယ်လုပ်နေတဲ့ အရာတွေကိုလည်း အမြဲမပြတ် ပြန်လည်စီစစ်နေဖို့ လဲလိုအပ်ပါတယ်။အထက်ပါအချက် ၅ ချက်အတိုင်းလုပ်ဆောင်ရင် အရမ်းမပြည့်စုံရင်တောင် အလုပ်ဖြစ်တဲ့ ...

Career Advice
13 Mar 2020
You will receive the email for your email confirmation. Please check!